မုန့်တွေ အားရပါးရ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စွာ ခွံ့ကျွေး နေကြတဲ့ သားသမီးတွေကို ကြည့်ပြီး ကြည်နူးပီတိ ဖြစ်နေတဲ့ ခိုင်နှင်းဝေ

မုန့်တွေ အားရပါးရ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စွာ ခွံ့ကျွေး နေကြတဲ့ သားသမီးတွေကို ကြည့်ပြီး ကြည်နူးပီတိ ဖြစ်နေတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ အကြောင်းမျိုးစုံကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို တရားဝင် ခေါ်ယူ မွေးစား ပြုစုစောင့်ရှောက် ပေးနေတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

ကလေးတွေကို သူ့ရဲ့ သားသမီးအရင်းတွေပမာ ဝေယျာဝစ္စတွေကအစ သူကိုယ်တိုင် လုပ်ကိုင်ပြီး မေတ္တာအပြည့်နဲ့ စောင့်ရှောက်နေခဲ့တာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကိုယ်တိုင်ကလည်း ကလေးတွေကို မေတ္တာအပြည့်အဝနဲ့စောင့်ရှောက်သလို ကလေးတွေကလည်း လူမမယ်အရွယ်လေးတွေနဲ့တောင် တစ်ဦးကိုတစ်ဦး မေတ္တာအပြည့်နဲ့ အချင်းချင်း ချစ်ခင်ကြင်နာနေကြတာကို တွေ့ရတာလည်း တကယ်ကို ကြည်နူး ပီတိဖြစ်ပြီး ချစ်စရာပါပဲ ။

ခိုင်နှင်းဝေက အားတဲ့ အချိန်တွေမှာလည်း ကလေးတွေကို ကိုယ်တိုင် အနီးကပ် ပြုစုစောင့်ရှောက်ပေးတာကိုလည်းတွေ့ရပါတယ် ။ အခုလည်း မုန့်တွေ အားရပါးရစားရင်း တစ်ယောက်ကို တစ်ယောက် ခွန့်ကျွေးနေကြတဲ့

သားတွေ သမီးတွေကို ကြည့်ပြီး ကြည်နူးပီတိဖြစ်စွာ ပုံလေးတွေကို ဝေမျှလာပါတယ် ။

ပုံတွေ ကြည့်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)








Yuan – Cele Zone

Photo – Khine Hnin Wai