မနက်ဖြန် သီတင်းကျွတ်လပြည့်နေမှာ ချို့တဲ့သူတွေကို စားသောက်ကုန်တွေလှူဒါန်းပေးဖို့ စီစဉ်နေတဲ့ အိတုံ

မနက်ဖြန် သီတင်းကျွတ်လပြည့်နေမှာ ချို့တဲ့သူတွေကို စားသောက်ကုန်တွေလှူဒါန်းပေးဖို့ စီစဉ်နေတဲ့ အိတုံ

ပရိသတ်ကြီးရေ အိတုံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေအတွက် Live Sale ရောင်းချခြင်းကို မိုပိုလုပ်ဆောင်နေပါတယ်။အိတုံကတော့ သူ့ရဲ့ချွေးနည်းစာငွေလေးတွေကို စုဆောင်းပြီး မကြာခဏဆိုသလို

နွမ်းပါးတဲ့သူတွေအတွက် လိုအပ်တာတွေကို လှူဒါန်းပေးလေ့ရှိပါတယ်။

မနက်ဖြန်မှာကျရောက်မယ့် သီတင်းကျွတ်လပြည့်နေ့မှာလည်း နွမ်းပါးချို့တဲ့တဲ့ သူတွေအတွက် စားသောက်ကုန်တွေလှူဒါန်းသွားဖို့ စီစဉ်နေခဲ့ပြီး အလှူလေးပြုလုပ်ဖို့ အစီစဉ်ရှိတဲ့အကြောင်းကိုလည်း

ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးလာခဲ့ပါတယ်။

အိတုံကတော့ သူတတ်နိုင်သလောက်လေးလှူဒါန်းဖို့စီစဉ်ခဲ့ပေမဲ့လည်း အခုလို လှူဒါန်းဖို့ စီစဉ်နေတာကို သိတဲ့အချိန်မှာ မိတ်ဆွေတွေကပါ ပါဝင်ပြီးလှူဒါန်းပေးတာကြောင့် စားသောက်ကုန်တွေပိုမိုလှူဒါန်းပေးနိုင်တော့မှာဖြစ်တဲ့အတွက်လည်း

ကြည်နူးပီတိဖြစ်နေခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ အိတုံတို့ရဲ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Ei Tone

(ZAWGYI)

မနက္ျဖန္ သီတင္းကြၽတ္လျပည့္ေနမွာ ခ်ိဳ႕တဲ့သူေတြကို စားေသာက္ကုန္ေတြလႉဒါန္းေပးဖို႔ စီစဥ္ေနတဲ့ အိတုံ

ပရိသတ္ႀကီးေရ အိတုံကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကိုရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြအတြက္ Live Sale ေရာင္းခ်ျခင္းကို မိုပိုလုပ္ေဆာင္ေနပါတယ္။

အိတုံကေတာ့ သူ႔ရဲ႕ေခြၽးနည္းစာေငြေလးေတြကို စုေဆာင္းၿပီး မၾကာခဏဆိုသလို ႏြမ္းပါးတဲ့သူေတြအတြက္ လိုအပ္တာေတြကို လႉဒါန္းေပးေလ့ရွိပါတယ္။

မနက္ျဖန္မွာက်ေရာက္မယ့္ သီတင္းကြၽတ္လျပည့္ေန႔မွာလည္း ႏြမ္းပါးခ်ိဳ႕တဲ့တဲ့ သူေတြအတြက္ စားေသာက္ကုန္ေတြလႉဒါန္းသြားဖို႔ စီစဥ္ေနခဲ့ၿပီး အလႉေလးျပဳလုပ္ဖို႔ အစီစဥ္ရွိတဲ့အေၾကာင္းကိုလည္း ဒီေန႔မွာ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန အသိေပးလာခဲ့ပါတယ္။

အိတုံကေတာ့ သူတတ္ႏိုင္သေလာက္ေလးလႉဒါန္းဖို႔စီစဥ္ခဲ့ေပမဲ့လည္း အခုလို လႉဒါန္းဖို႔ စီစဥ္ေနတာကို သိတဲ့အခ်ိန္မွာ မိတ္ေဆြေတြကပါ ပါဝင္ၿပီးလႉဒါန္းေပးတာေၾကာင့္ စားေသာက္ကုန္ေတြပိုမိုလႉဒါန္းေပးႏိုင္ေတာ့မွာျဖစ္တဲ့အတြက္လည္း ၾကည္ႏူးပီတိျဖစ္ေနခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ အိတုံတို႔ရဲ႕အလႉေလးကို ပရိသတ္ေတြလည္း သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Ei Tone

Crd-Original Post