သူမနာမည် မပါသေးပေမယ့် လွတ်လာတဲ့သူတွေအားလုံးအတွက် အရမ်းဝမ်းသာတယ်ဆိုတဲ့ သန္တာလှိုင်

သူမနာမည် မပါသေးပေမယ့် လွတ်လာတဲ့သူတွေအားလုံးအတွက် အရမ်းဝမ်းသာတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ မော်လ်ဒယ် သန္တာလှိုင်ကတော့ နွေဦးတော်လှန်ရေးကာလလေးမှာ ပြည်သူတွေနဲ့ အတူ အပြည့်အဝရပ်တည်ပေးထားပြီး လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့ပြီး တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးခဲ့တာကြောင့်လည်း အားလုံးရဲ့ ချီးကျူးခြင်းတွေကို ရရှိခဲ့ပါတယ်။

ဒီလိုအမှန်တရားဘက်က ရပ်တည်ခဲ့ပြီးနောက်ပိုင်းမှာတော့ သန္တာလှိုင်ဟာ ပုဒ်မ (၅၀၅က)ဖြင့် အမှုဖွင့်ခံရတဲ့ သူတွေထဲမှာပါဝင်ခဲ့တာကြောင့် လွတ်မြောက်ရာ အဝေးမှာတစ်နေရာမှာ လက်ရှိအချိန်ထိ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အဝေးမှာ တိမ်းရှောင်းနေရပေမယ့်လည်း နွေဦးတော်လှန်ရေးအတွက် သူမတတ်နိုင်တဲ့ ဘက်ကနေ လုပ်ဆောင်ပေးခဲ့တာလည်း တွေ့ရပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၈) နေ့မှာတော့ ပုဒ်မ (၅၀၅ က)ဖြင့် အမှုဖွင့်ခံရတဲ့ အနုပညာရှင်တချို့ကို အမှုပိတ်သိမ်းကြောင်း သတင်းမှထုတ်ပြန်ခဲ့ပါတယ်။

ဒီကြောင်းနဲ့ပတ်သတ်ပြီး သန္တာလှိုင်ကတော့ ပုဒ်မ(၅၀၅ က)အမှုကနေ ပိတ်သိမ်းလိုက်တဲ့ သူတွေထဲမှာ သူမနာမည်ပါမပါမသိရသေးပေမယ့် လွတ်လာမယ့် သူတွေအားလုံးအတွက် အရမ်းကို ပျော်ရွှင်နေရကြောင်းကို ရေးသားဖော်ပြထားပါတယ်။

ချစ်တဲ့ ပရိသတ်တွေကလည်း စွဲဆိုခံထားရတဲ့ အမှုကနေ ပြန်လည်လွတ်မြောက်ဖို့အတွက် ဆုတောင်းပေးပြီး အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်။

Crd-Original Post

(ZAWGYI)

သူမနာမည္ မပါေသးေပမယ့္ လြတ္လာတဲ့သူေတြအားလုံးအတြက္ အရမ္းဝမ္းသာတယ္ဆိုတဲ့ သႏၲာလႈိင္

ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို အျပည့္အဝရရွိထားတဲ့ ေမာ္လ္ဒယ္ သႏၲာလႈိင္ကေတာ့ ေႏြဦးေတာ္လွန္ေရးကာလေလးမွာ ျပည္သူေတြနဲ႔ အတူ အျပည့္အဝရပ္တည္ေပးထားၿပီး လႈပ္ရွားမႈေတြမွာလည္း တက္တက္ႂကြႂကြ ပူးေပါင္းပါဝင္ခဲ့ပါတယ္။

ဒါ့အျပင္ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္က ရပ္တည္ခဲ့ၿပီး တတ္ႏိုင္တဲ့ အခန္းက႑ကေန ပါဝင္ေဆာင္႐ြက္ေပးခဲ့တာေၾကာင့္လည္း အားလုံးရဲ႕ ခ်ီးက်ဴးျခင္းေတြကို ရရွိခဲ့ပါတယ္။

ဒီလိုအမွန္တရားဘက္က ရပ္တည္ခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ သႏၲာလႈိင္ဟာ ပုဒ္မ (၅၀၅က)ျဖင့္ အမႈဖြင့္ခံရတဲ့ သူေတြထဲမွာပါဝင္ခဲ့တာေၾကာင့္ လြတ္ေျမာက္ရာ အေဝးမွာတစ္ေနရာမွာ လက္ရွိအခ်ိန္ထိ တိမ္းေရွာင္ေနရတာ ျဖစ္ပါတယ္။

အေဝးမွာ တိမ္းေရွာင္းေနရေပမယ့္လည္း ေႏြဦးေတာ္လွန္ေရးအတြက္ သူမတတ္ႏိုင္တဲ့ ဘက္ကေန လုပ္ေဆာင္ေပးခဲ့တာလည္း ေတြ႕ရပါတယ္။

ဒီကေန႔ ေအာက္တိုဘာလ (၁၈) ေန႔မွာေတာ့ ပုဒ္မ (၅၀၅ က)ျဖင့္ အမႈဖြင့္ခံရတဲ့ အႏုပညာရွင္တခ်ိဳ႕ကို အမႈပိတ္သိမ္းေၾကာင္း သတင္းမွထုတ္ျပန္ခဲ့ပါတယ္။

ဒီေၾကာင္းနဲ႔ပတ္သတ္ၿပီး သႏၲာလႈိင္ကေတာ့ ပုဒ္မ(၅၀၅ က)အမႈကေန ပိတ္သိမ္းလိုက္တဲ့ သူေတြထဲမွာ သူမနာမည္ပါမပါမသိရေသးေပမယ့္ လြတ္လာမယ့္ သူေတြအားလုံးအတြက္ အရမ္းကို ေပ်ာ္႐ႊင္ေနရေၾကာင္းကို ေရးသားေဖာ္ျပထားပါတယ္။

ခ်စ္တဲ့ ပရိသတ္ေတြကလည္း စြဲဆိုခံထားရတဲ့ အမႈကေန ျပန္လည္လြတ္ေျမာက္ဖို႔အတြက္ ဆုေတာင္းေပးၿပီး အားေပးစကားေတြ ေျပာထားၾကတာ ေတြ႕ရပါတယ္။

Crd-Original Post