စစ်တပ်ပိုင် မြန်မာဘီယာ၊ ဒဂုံဘီယာနှင့် Adman Gold ဘီယာ တင်ဆောင်လာသော ၁၂ ဘီးကား ၃ စီးကို ဖမ်းဆီးပြီး ဘီယာများအားလုံးကို ကောလင်း PDF က ဖျက်ဆီးနိုင်ခဲ့

စစ်တပ်ပိုင် မြန်မာဘီယာ၊ ဒဂုံဘီယာနှင့် Adman Gold ဘီယာ တင်ဆောင်လာသော ၁၂ ဘီးကား ၃ စီးကို ဖမ်းဆီးပြီး ဘီယာများအားလုံးကို ကောလင်း PDF က ဖျက်ဆီးနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် စစ်တပ်ပိုင် မြန်မာဘီယာ၊ ဒဂုံဘီယာနှင့် Adman Gold ဘီယာများ တင်ဆောင်လာသော ၁၂ ဘီးတွဲကား ၃ စီးကို အောက်တိုဘာလ ၁၇ ရက်နေ့တွင်

ကောလင်း PDF က ဖမ်းဆီးလိုက်ပြီး ဘီယာများအားလုံးကို ဖျက်ဆီးလိုက်ကြောင်း ကောလင်း PDF က ဒီကနေ့တွင်သတင်းထုတ်ပြန်ခဲ့ပါသည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် KLPDF က ၁၂ ဘီးတွဲကားသုံးစီးအား စစ်ဆေးရာ စစ်ကောင်စီပိုင် Myanmar beerနှင့်Dagon beer ၊Adman Gold Beer များအပြည့်တင်လာသည်ကို

ဖမ်းဆီးရမိသဖြင့် KLPDF နှင် Local PDF တို့ပူးပေါင်းပြီး စစ်ကောင်စီ၏ထုတ်ကုန်များကိုဖျက်ဆီးလိုက်ကြောင်း၊ ကားသမားများနှင့် ကားများကို ထိခိုက်္မှု့မရှိစေဘဲ လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ထပ်မံ၍ စစ်ကောင်စီထုတ်ကုန်များအားလုံးကို အလျှဉ်းသင့်သလို ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ကောလင်း PDF က တရားဝင် သတင်းထုတ်ပြန်ခဲ့ပါသည်။

Crd-Original Post

(ZAWGYI)





Crd-Original Post