အဆိုတော်ကျားပေါက်ရဲ့ Doodle Ukulele လေး ဒေါ်လာ $27500 ဖြင့် လေလံအောင်

အဆိုတော်ကျားပေါက်ရဲ့ Doodle Ukulele လေး ဒေါ်လာ $27500 ဖြင့် လေလံအောင်

အဆိုတော်ကျားပေါက်ရဲ့ Doodle Art ရေးဆွဲထားတဲ့ Ukulele ဂစ်တာအား လေလံတင်ရောင်းချကာ လိုအပ်တဲ့နေရာများကို လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လေလံတင်ရောင်းချခြင်းအား မနေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ကြမ်းခင်းဈေးအနေနဲ့ ဒေါ်လာ ၁ထောင်ဖြင့် စတင်ခဲ့သည်။ ဒီနေ့မှာတော့ ဒေါ်လာ 27500$ နဲ့လေလံအောင် သွားခဲ့တာပဲဖြစ်ပါတယ်။

Doodle Art ရေးဆွဲထားတဲ့ Ukulele ဂစ်တာ လေလံဆွဲရောင်းချငွေ အားလုံးကို NUG အစိုးရထံ ပေးအပ်သွားမှာဖြစ်ပြီး လေလံအောင်သူကိုလည်း NUG မှ အသိအမှတ်ပြု အလှူရှင်မှတ်တမ်း ပြန်လည်ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Han Htue Lwin ‘s Facebook

(ZAWGYI)




