အိမ်ခြေ (၂၀၀)စာအတွက် စားသောက်ကုန်တွေ ထပ်မံလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

အိမ်ခြေ (၂၀၀)စာအတွက် စားသောက်ကုန်တွေ ထပ်မံလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ ပခုကာလ စားဝတ်နေရေးခက်ခဲနေတဲ့ သူတွေအတွက် စားသောက်ကုန်တွေကို လှူဒါန်းပေးနေခဲ့တာပရိသတ်တွေသိရှိပီးသားဖြစ်မှာပါနော်။

ဒီနေ့မှာ ခိုင်နှင်းဝေက စားသောက်ကုန်တွေထပ်မံလှူဒါန်းပေးခဲ့ပါတယ်။

ဒီတစ်ခေါက်မှာလည်း ခိုင်နှင်းဝေက အိမ်ခြေ (၂၀၀)စာအတွက် လှူဒါန်းပေးခဲ့တာဖြစ်ပြီး အလှူလေးပြုလုပ်ဖြစ်ခဲ့ကြောင်းကိုလည်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ “ဆန်၊ငါးခြောက်၊အာလူး၊ကြက်သွန်နီ၊ကော်ဖီထုပ်

တို့ကို ခုနှစ်ရက် သားသမီး အလှူရှင်များနှင့် စုပေါင်း၍ အိမ်ခြေ (၂၀၀) စာ အတွက် လှူဒါန်းပေးခဲ့ပါတယ်ရှင်” ဆိုပြီး မျှဝေထားခဲ့ပါသေးတယ်။

ခိုင်နှင်းဝေကတော့ ဒီနေ့မိုးတွေတစ်နေကုန်ရွာနေခဲ့ပေမဲ့လည်း လှူဒါန်းဖို့ ရည်ရွယ်ထားခဲ့တဲ့ အတွက် အလှူလေးမပျက်အောင် မိုးထဲရေထဲမှာပဲ အပင်ပန်းခံပြီးတော့ကို လှူဒါန်းပေးခဲ့တာပါ။

ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Khine Hnin wai

(ZAWGYI)








Source – Khine Hnin wai