အဆိုတော် အာဇာနည်နဲ့အေးမြတ်သူအပါအဝင် NUG ပရိုဖိုင်ပြောင်းသည့် နာမည်ကြီးအနုပညာရှင်အချို့ကို အရေးယူရန်စီစဉ်နေကြောင်း သတင်းထုတ်ပြန်

အဆိုတော် အာဇာနည်နဲ့အေးမြတ်သူအပါအဝင် NUG ပရိုဖိုင်ပြောင်းသည့် နာမည်ကြီးအနုပညာရှင်အချို့ကို အရေးယူရန်စီစဉ်နေကြောင်း သတင်းထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NGUကိုထောက်ခံကြောင်းဖေ့ဘုတ်စ်တွင်ပရိုဖိုင်ချိန်းသည့် အကယ်ဒမီအေးမြတ်သူ၊ဟန်ဇာမိုးဝင်း၊ Rဇာနည်၊အရိုင်းအပါအဝင်နာမည်ကြီးအနုပညာရှင်၆၃ဦးအားအရေးယူရန်စစ်ကောင်စီကပြင်ဆင်နေကြောင်းသတင်းရရှိသည်။

Facebookလူမှုကွန်ယက်တွင် Accept NUG,Reject Military ပရိုဖိုင်ထားရှိသည့်နာမည်ကြီးအနုပညာရှင်၆၃ဦးအားအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းရဲတပ်ဖွဲ့တင်ပြစာအရသိရသည်။

၎င်း profile frameဖြင့်Facebookအသုံးပြုသူများအနေဖြင့် အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားသောNUGအစိုးရအား ထောက်ခံသည့်လုပ်ရပ်များဖြစ်၍စစ်ကောင်စီမှစာရင်းပြုစုထားရှိရန်ညွှန်ကြားပြီးနောက်ယခုကဲ့သို့အရေးယူမှုပြုလုပ်ရန်ဆောင်ရွက်လာခြင်းဖြစ်ကြောင်းသိရသည်။

 

Crd-Original Post

(ZAWGYII)



 




 

Crd-Original Post