ပိုမိုပုံပေါ်လာပြီဖြစ်တဲ့ ကလေးတွေရဲ့ ဂေဟာအသစ်လေးကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

ပိုမိုပုံပေါ်လာပြီဖြစ်တဲ့ ကလေးတွေရဲ့ ဂေဟာအသစ်လေးကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေကတော့ လက်ရှိမှာ သူ့မွေးစားပြုစုစောင့်ရှောက်နေတဲ့ကလေးတွေအတွက် ဂေဟာအသစ်လေးဆောက်နေတာကပြီးလုနီးပါးရှိနေခဲ့ပါပြီ။

ခိုးကိုးရာမဲ့ကလေးတွေကို ခေါ်ယူမွေးစားခဲ့ရာကနေ လက်ရှိမှာဆို ကလေးတွေများစွာဂေဟာမှာရှိနေတာကြောင့် ဂေဟာအဟောင်းလေးက ကျဉ်းတဲ့အတွက် ဂေဟာအသစ်ကလေးဆောက်လုပ်ခဲ့တာပါ။

လက်ရှိမှာတော့ ဂေဟာအသစ်ကလည်း ပြီးလုနီးပါးဖြစ်နေခဲ့ပြီး တစ်ဆထက်တစ်ဆ ပိုမိုပြီး ရုပ်လုံးပေါ်လာပြီဖြစ်တဲ့ ဂေဟာကိုကြည့်ပြီး ခိုင်နှင်းဝေက သူ့ရဲ့ကလေးတွေအတွက် ကြည်နူးပီတိဖြစ်နေခဲ့ပါတယ်။

ကလေးတွေကျယ်ကျယ်ဝန်းဝန်းနဲ့ အဆင့်မြင့်မြင့်နေနိုင်တော့မယ့်အရေးကိုတွေးပြီး ပီတိတွေဖြစ်ကာကြည်နူးပျော်ရွှင်နေမိကြောင်းလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်ထားခဲ့ပါသေးတယ်။

ပရိသတ်တွေကတော့ အခုလို ကလေးတွေအပေါ်မှာ မိခင်အရင်းသဖွယ်မေတ္တာအပြည့်အဝထားနိုင်ပြီး ကလေးတွေအတွက် အမြဲတွေးပေးတဲ့ ခိုင်နှင်းဝေရဲ့ မိခင်စိတ်ကို ချီးကျူးနေခဲ့ကြပါသေးတယ်။

ပရိသတ်ကြီးရေ တကယ်ကိုပဲခိုင်နှင်းဝေရဲ့ ကလေးတွေအပေါ်ထားတဲ့ မေတ္တာတရားကလည်း ချီးကျူးထိုက်တာလည်းအမှန်ပါပဲနော်။

Source – Khine Hnin Wai

(ZAWGYI)








Source – Khine Hnin Wai