ပြောတဲ့တစ်မျိုး လုပ်တော့တစ်မျိုးလို့ ပရိတ်သတ် ဝေဖန်ခံနေရတဲ့ သရုပ်ဆောင် နွယ်ဒါလီထွန်း

ပြောတဲ့တစ်မျိုး လုပ်တော့တစ်မျိုးလို့ ပရိတ်သတ် ဝေဖန်ခံနေရတဲ့ သရုပ်ဆောင် နွယ်ဒါလီထွန်း

သရုပ်ဆောင် နွယ်ဒါလီထွန်း ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖစ်နေတဲ့လူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့တာကြောင့်စစ်ကောင်စီဘက်မှ ပုဒ် မ ၅၀၅ က ဖြင့် တရားစွဲဆို အရေးယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အချိန်အတော်ကြာ ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်သူမဟာ လွန်ခဲ့တဲ့ ဂျူလိုင်လ လောက်က Facebook ပေါ်တွင်ပို့စ်တစ်ခု ရေးသားခဲ့ဖူးပါတယ် ဒါကတော့ ၅၀၅ က ပြုတ်ဖို့အတွက်

ခံဝန်ကတိ ထိုးပြီး အိမ်မှာ အေးဆေးပြန်နေသူများထဲတွင် သူ မ မပါကြောင်းပွင့်ပွင့်လင်းလင်း အသိပေးလာခဲ့တဲ့ စာလေးတစ်ခု ဖြစ်ပါတယ်။

ဒီလမ်းကို လူများလို့ လိုက်လျှောက်ခဲ့တာ မဟုတ်ဘူး လက်နက်ရှိရင်ဘာမဆို လုပ်လို့ရတယ် ထင်နေတဲ့ အာဏာရှင် စနစ်ကို မကြိုက်လို့ တော်လှန်တာ

ပြည်သူကို ထီမထင်ဘဲ ငါတို့ကြိုက်တာ လုပ်မယ် မကျေနပ်ရင် သတ်ပစ်မယ် ဆိုတဲ့ နိုင်ငံကိုလုပ်ချင်တာ လုပ်နေတဲ့ အာဏာရှင်ကို အနာဂာတ် ကလေးတွေဆီ မသွားနိုင်အောင်လို့ငါတို့ အနာခံပြီး ရပ်တန့်ပစ်နေတာ ဆိုပြီး ရေးသားခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒီလိုတွေ ရေးပြီး မကြာခင်မှာပဲ သူ မ ကိုယ်တိုင် ၅၀၅ က ပြုတ်ဖို့ခံဝန်ကတိ လက်မှတ် ရေးထိုးခဲ့ရပြီး အခုချိန်မှာတော့ ပုံမှန်အတိုင်းသွားလာ လှုပ်ရှားနေပြီ ဖြစ်ပါတယ် ပရိသတ်တစ်ချို့ကလည်းနိုင်ငံရေးကို ဗန်းပြပြီး အပြောနဲ့အလုပ် လုံးဝမညီခဲ့တဲ့ အတွက် ဝေဖန် ရှုံ့ချနေကြတာ ဖြစ်ပါတယ်ကဲ ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ဒီပို့စ်အောက်မှာ ရေးသားပေးခဲ့ကြပါဦးနော်။

Crd-Original Post

(ZAWGYI)








Crd-Original Post