ဧရာ၀တီတိုင်းအတွင်း တစ်လရန်ပုံငွေ ကျပ်သိန်း ၄၈၀၀ ရှာပေးရန် စစ်ကောင်စီညွှန်ကြား

ဧရာ၀တီတိုင်းအတွင်း တစ်လရန်ပုံငွေ ကျပ်သိန်း ၄၈၀၀ ရှာပေးရန် စစ်ကောင်စီညွှန်ကြား

“ဧရာ၀တီတိုင်းဒေသကြီးအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက သူ့လက်အောက်ခံအုပ်ချုပ်ရေး တာဝန်ရှိသူတွေကို တစ်လ ရန်ပုံငွေကျပ်သိန်း ၄၈၀၀ ရှာပေးဖို့အတွက် ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဧရာ၀တီတိုင်းမှာ ခရိုင် ၆ ခရိုင်ရှိတဲ့အထဲက တခရိုင်ကို ငွေကျပ်သိန်း ၈၀၀ လစဉ်ရှာပေးဖို့ ညွှန်ကြားထားတာလို့ စစ်ကောင်စီခန့် မြို့နယ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ညွှန်ကြားတာက စာနဲ့မဟုတ်ဘူး နှုတ်နဲ့ပြောတာ။ တခရိုင် သိန်း ၈၀၀ ရှာပေးရမယ် အားလုံးဆို ၄၈၀၀ ပေါ့။ အဲ့တာကြောင့် ခုလူဖမ်းပြီး ငွေတောင်းပြန်လွှတ်တာတွေ များနေတာ” လို့ ပြောပါတယ်။

တစ်လကို ငွေကျပ်သိန်း ၄၈၀၀ ရှာပေးရမယ့် ဖိအားတွေကြောင့် မြို့နယ်အလိုက် စစ်ကောင်စီ တပ်သားတွေနဲ့ စစ်အုပ်စုဩဇာခံရဲတွေက ပြည်သူတွေကို စွပ်စွဲဖမ်းဆီးတာနဲ့ ငွေတောင်းပြန်လွှတ်ပေးတာတွေ၊ ဖိနပ်မစီးတာကအစ ဒဏ်ငွေရိုက်တာတွေ၊ စက်ဘီးဘဲလ်မပါရင် ဒဏ်ငွေရိုက်တာတွေ စတဲ့ ပုံစံမျိုးစုံပြုလုပ်ပြီး ငွေရှာနေကြတယ်လို့ ဆိုပါတယ်။

တိုင်းအတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်သားတွေက ပိုက်ဆံရှိအသိုင်းဝိုင်းက လူငယ်တွေကိုလည်း ပြန်ပေးဆွဲသလိုလိုက်ဖမ်းပြီး မိဘတွေထံက ငွေသိန်းနဲ့ချီတောင်းကာ ပြန်လွှတ်ပေးတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။”

DVB

(ZAWGYI)

ဧရာ၀တီတိုင္းအတြင္း တစ္လရန္ပုံေငြ က်ပ္သိန္း ၄၈၀၀ ရွာေပးရန္ စစ္ေကာင္စီၫႊန္ၾကား

“ဧရာ၀တီတိုင္းေဒသႀကီးအတြင္းမွာ အာဏာသိမ္းစစ္ေကာင္စီက သူ႔လက္ေအာက္ခံအုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြကို တစ္လ ရန္ပုံေငြက်ပ္သိန္း ၄၈၀၀ ရွာေပးဖို႔အတြက္ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

ဧရာ၀တီတိုင္းမွာ ခ႐ိုင္ ၆ ခ႐ိုင္ရွိတဲ့အထဲက တခ႐ိုင္ကို ေငြက်ပ္သိန္း ၈၀၀ လစဥ္ရွာေပးဖို႔ ၫႊန္ၾကားထားတာလို႔ စစ္ေကာင္စီခန႔္ ၿမိဳ႕နယ္ေကာင္စီအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တဦးက ေျပာပါတယ္။

“ၫႊန္ၾကားတာက စာနဲ႔မဟုတ္ဘူး ႏႈတ္နဲ႔ေျပာတာ။ တခ႐ိုင္ သိန္း ၈၀၀ ရွာေပးရမယ္ အားလုံးဆို ၄၈၀၀ ေပါ့။ အဲ့တာေၾကာင့္ ခုလူဖမ္းၿပီး ေငြေတာင္းျပန္လႊတ္တာေတြ မ်ားေနတာ” လို႔ ေျပာပါတယ္။

တစ္လကို ေငြက်ပ္သိန္း ၄၈၀၀ ရွာေပးရမယ့္ ဖိအားေတြေၾကာင့္ ၿမိဳ႕နယ္အလိုက္ စစ္ေကာင္စီ တပ္သားေတြနဲ႔ စစ္အုပ္စုဩဇာခံရဲေတြက ျပည္သူေတြကို စြပ္စြဲဖမ္းဆီးတာနဲ႔ ေငြေတာင္းျပန္လႊတ္ေပးတာေတြ၊ ဖိနပ္မစီးတာကအစ ဒဏ္ေငြ႐ိုက္တာေတြ၊ စက္ဘီးဘဲလ္မပါရင္ ဒဏ္ေငြ႐ိုက္တာေတြ စတဲ့ ပုံစံမ်ိဳးစုံျပဳလုပ္ၿပီး ေငြရွာေနၾကတယ္လို႔ ဆိုပါတယ္။

တိုင္းအတြင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ စစ္ေကာင္စီတပ္သားေတြက ပိုက္ဆံရွိအသိုင္းဝိုင္းက လူငယ္ေတြကိုလည္း ျပန္ေပးဆြဲသလိုလိုက္ဖမ္းၿပီး မိဘေတြထံက ေငြသိန္းနဲ႔ခ်ီေတာင္းကာ ျပန္လႊတ္ေပးတာေတြလည္း ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။”

DVB