ကယားပြည်နယ် ဖရူဆိုမြို့က ပြင်းထန်တဲ့တိုက်ပွဲတွေကြားမှာ အသက်လုပြီးပြေးနေရတဲ့ ပြည်သူတွေရဲ့ ကြေကွဲဖွယ်ပုံရိပ်

ကယားပြည်နယ် ဖရူဆိုမြို့က ပြင်းထန်တဲ့တိုက်ပွဲတွေကြားမှာ အသက်လုပြီးပြေးနေရတဲ့ ပြည်သူတွေရဲ့ ကြေကွဲဖွယ်ပုံရိပ်

အမြဲတမ်းစစ်ဘေးရှောင်ဘဝနဲ့ ထိတ်လန့်ကြောက်ရွံ့နေရတဲ့ တိုင်းရင်းသားတွေဟာ နှစ်ပေါင်းများစွာ ကြာလာတဲ့အထိတိုင်အောင် မအေးချမ်းနိုင်ကြသေးပါဘူး။

လက်ရှိ တစ်နိုင်ငံလုံးဖြစ်နေတဲ့ အခြေအနေဆိုးတွေကြားမှာ ယခင်ကတည်းကမအေးချမ်းခဲ့တဲ့ ပြည်နယ်တွေဟာ ပိုပြီးအခြေအနေ ဆိုးလာခဲ့ပါတယ်။

ဒီနေ့မှာတော့ ကယားပြည်နယ် ဖရူဆိုမြို့က ပြည်သူတွေဟာ ပြင်းထန်တဲ့စစ်ပွဲတွေ ကြားမှာ လက်နှက်ကြီးလက်နှက်ငယ်တွေရဲ့ ရန်ကနေ ဝေးရာကို ထပ်မံပြေးနေခဲ့ရပြန်ပါပြီ။

ပြည်မကြီးကပြည်သူတွေဟာ အာဏာသိမ်းမှုစတင်ဖြစ်ပွားချိန်မှသာ ဒီလိုဒုက္ခတွေကို စတင်သိရှိ ခံစားခဲ့ရပေမယ့် တိုင်းရင်းသားတွေဟာ နှစ်ပေါင်း (၆၀) ကျော်ကြာခံစားခဲ့ရတာပါ။တစ်ဘဝလုံးကို စစ်ဘေးရှောင်အဖြစ်နဲ့နေလာခဲ့ပြီး အသက်သေဆုံးသွားခဲ့ရသူတွေလည်း မနည်းပါဘူး။

ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိခဲ့ရဘဲ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ပဲ အသားကျခဲ့ရတာများတဲ့ တိုင်းရင်းသားတွေရဲ့ဘဝဟာ သနားစရာကောင်းလွန်းပါတယ်။

ဒီလိုအဖြစ်တွေမရှိတော့ဖို့ဆိုရင် အာဏာရှင်တွေကို အမြစ်ပြတ် တော်လှန်မှရပါလိမ့်မယ်။ပြည်သူတွေဟာလည်း စစ်ဘေးရှောင်ပြည်သူတွေအဆင်ပြေစေဖို့ရည်ရွယ်ပြီး လှူဒါန်းမှုတွေ မကြာခဏဆိုသလိုလုပ်ပေးကြသလို ပရဟိတသမားတွေဟာလည်း ခက်ခဲတဲ့လမ်းကြောင်းတွေကို ကျော်ဖြတ်ပြီး စစ်ဘေးရှောင်ပြည်သူတွေဆီ ရိက္ခာတွေ အမြဲလိုလို

ကြိုးစားပြီးပို့ပေးနေခဲ့ပါတယ်။

တောင်ပေါ်မြေပြန့်ရဲ့စည်းလုံးမှုဟာ ကြောက်ခမန်းလိလိကို တိုးတက်လာခဲ့တာ ဝမ်းသာစရာပါပဲ။ စစ်ပွဲတွေအားလုံး အမြန်ဆုံးအဆုံးသတ်သွားဖို့ ဆုတောင်းပါတယ်။

သတင်းအရင်းမြစ်: Free Burma Ranger-Karenni’s FB Acc

Crd-myanmarload