အတူနေ ရဲဘော်တွေကို ခေါက်ဆွဲကြော် အဝကြွေးပြီး ကျင်းပတဲ့ တောထဲက ပကာသနမပါသော လက်ထပ် မင်္ဂလာပွဲလေး

အတူနေ ရဲဘော်တွေကို ခေါက်ဆွဲကြော် အဝကြွေးပြီး ကျင်းပတဲ့ တောထဲက ပကာသနမပါသော လက်ထပ် မင်္ဂလာပွဲလေး

စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို လိုလားကြတဲ့ GZလူငယ်တွေကတော့ ယနေ့အချိန်ထိ အာဏာရှင်လူတစ်စုကို နည်းမျိုးစုံဖြင့် ဆန္ဒပြတော်လှန်လှုပ်ရှားနေကြတာဖြစ်ပါတယ်…..။

Gen Zလူငယ်လေးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ ခံယူပြီး လွတ်မြောက်ဒေသတွေမှာ စစ်ပညာကြိုးစားသင်ယူနေကြတာပါ ။

တိုင်းပြည်နဲ့ လူမျိုးအတွက် တန်ဖိုးရှိတဲ့ အရာတွေကို စွန့်ခွာပြီး တောတောင်တွေထဲမှာ ခက်ခဲကြမ်းတမ်းစွာနဲ့ ယုံကြည်ရာကို လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေပဲ ဖြစ်ပါတယ်။

ဒီလို ခက်ခဲကြမ်းတမ်းတဲ့ တောတောင်တွေထဲမှာ အဆင်မပြေမှုတွေနဲ့ ပင်ပန်းတာတွေရှိနေပေမယ့် PDF ရဲဘော်တွေကတော့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ယခုဆိုရင်လည်း တောထဲမှာ စစ်ပညာသင်ကြားရင်း အချစ်စစ်ကိုရှာဖွေတွေ့ရှိသွားတဲ့ စုံတွဲလေးက မနက်ဖြန်ဆိုတာမသေချာတာမို့ သေချာတဲ့ဒီနေ့မှာပဲ တောထဲမှာမှာ လက်ထပ်မင်္ဂလာပွဲလေးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

အတူတိုက်ပွဲနေတဲ့ ရဲဘော်တွေကို ခေါက်ဆွဲကြော်အ ဝကြွေးကာ ပကာသနမပါတဲ့ ကြည်နူးစရာ မင်္ဂလာပွဲလေးပဲ ဖြစ်ပါတယ်။ အိုအောင်မင်းအော င်ချစ်ချစ်ခင်ခင်ပေါင်းသင်းနိုင်ကြပြီး လိုလားတောင့်တနေတဲ့

လွတ်လပ်မျှတတဲ့နိုင်ငံအဖြစ် အမြန်ဆုံးရောက်ရှိနိုင်ကြပါစေလို့ ကျနော်တို့ မီးအိမ်ရှင် မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။စာဖတ်သူပရိတ်သတ်ကြိးလည်း အသိအမှတ်ဆုတောင်းစကားလေးပြောပေးကြပါဗျ။

Crd-Original Post

(ZAWGYI)









Crd-Original Post