ချောင်းသာနှင့် ငွေဆောင်တွင် သတင်းကျွတ်ပိတ်ရက် ဟိုတယ်အခန်းအားလုံးနီးပါး ဘိုကင်ပြည့်နေ

ချောင်းသာနှင့် ငွေဆောင်တွင် သတင်းကျွတ်ပိတ်ရက် ဟိုတယ်အခန်းအားလုံးနီးပါး ဘိုကင်ပြည့်နေ

“ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေတွေမှာ လာမယ့် သီတင်းကျွတ်ရုံးပိတ်ရက် ဧည့်သည်လာရောက်ဖို့ ဟိုတယ်ကြိုတင်အခန်းမှာယူထားတာ အခန်းအားလုံးကုန်လု နီးပါးဖြစ်နေပြီလို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းကနေ စုံစမ်းသိရပါတယ်။

ချောင်းသာကမ်းခြေမှာတော့ အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ဒေသတွင်း ခရီးသွားဝင်ရောက်လည်ပတ်မှု ပြန်လည်များပြားလာတာဖြစ်ပြီး စနေနဲ့ တနင်္ဂနွေနေ့တွေဟာ ဧည့်သည်လာရောက်မှု အများဆုံးရက်တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ချောင်းသာကမ်းခြေဒေသက ဟိုတယ်တွေပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးမှ ပြန်ဖွင့်တာဖြစ်သလို တစ်လတစ်ကြိမ် ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးတာတွေပြုလုပ်ပြီးမှ ဖွင့်လှစ်ရတာဖြစ်တယ်လို့ ချောင်းသာ ဟိုတယ်ဝန်ထမ်းတဦးက ပြောပါတယ်။

ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေတွေမှာရှိတဲ့ ဟိုတယ်တွေမှာ ခရီးသွားကာလ ပုံမှန်အခြေအနေမှာ အခန်းခဈေးတက်တာမရှိပေမယ့် သီတင်းကျွတ် တန်ဆောင်တိုင်စတဲ့ အခါကြီး နေ့ကြီးတွေမှာတော့ ပုံမှန်ထက် နှဆပိုပြီး အခန်းကဈေးတောင်းယူလေ့ရှိတယ်လို့ ဆိုပါတယ်။

ပွင့်လင်းရာသီရောက်လာတာနဲ့ နိုင်ငံတဝန်း ခရီးသွားလာမှု ပြန်လည်မြင့်တက်လာလေ့ ရှိပါတယ်။တော်လှန်ရေးကာလ ခရီးသွားလာတာဟာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အတွက် အဟန့်အတားဖြစ်စေတယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။

စားဝတ်နေရေးအတွက် မဖြစ်မနေခရီးသွားရတာကလွဲပြီး တက်နိုင်ရင်မသွားလာဖို့အတွက် ပြောချင်တယ်လို့ မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု တာဝန်ရှိသူ ဗိုလ်ဖြူလေးက ပြောပါတယ်။

ဧရာဝတီတိုင်းက ကမ်းခြေတွေကို ကိုဗစ်ပထမလှိုင်းစတင်ဖြစ်ပွားချိန်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး ၂ လအကြာမှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ကမ်းခြေတွေပိတ်ထားရတာကြာပြီဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် ပြန်ဖွင့်လှစ်ပေးတာမျိုးကို လက်ခံလို့ရပေမယ့် ပျော်ပွဲရွှင်ပွဲပုံစံ အစုလိုက် အပြုံလိုက် လာရောက်လည်ပတ်တာဟာ ကျန်းမာရေးအရရော ခေတ်ကာလအရပါ ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။ ”

DVB

(ZAWGYI)

ေခ်ာင္းသာႏွင့္ ေငြေဆာင္တြင္ သတင္းကြၽတ္ပိတ္ရက္ ဟိုတယ္အခန္းအားလုံးနီးပါး ဘိုကင္ျပည့္ေန

“ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္ရွိ ေခ်ာင္းသာကမ္းေျခနဲ႔ ေငြေဆာင္ကမ္းေျခေတြမွာ လာမယ့္ သီတင္းကြၽတ္႐ုံးပိတ္ရက္ ဧည့္သည္လာေရာက္ဖို႔ ဟိုတယ္ႀကိဳတင္အခန္းမွာယူထားတာ အခန္းအားလုံးကုန္လု နီးပါးျဖစ္ေနၿပီလို႔ ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္းကေန စုံစမ္းသိရပါတယ္။

ေခ်ာင္းသာကမ္းေျခမွာေတာ့ ေအာက္တိုဘာလဆန္းပိုင္းက စတင္ကာ ေဒသတြင္း ခရီးသြားဝင္ေရာက္လည္ပတ္မႈ ျပန္လည္မ်ားျပားလာတာျဖစ္ၿပီး စေနနဲ႔ တနဂၤေႏြေန႔ေတြဟာ ဧည့္သည္လာေရာက္မႈ အမ်ားဆုံးရက္ေတြျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ေခ်ာင္းသာကမ္းေျခေဒသက ဟိုတယ္ေတြျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ ဝန္ထမ္းေတြကို ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးၿပီးမွ ျပန္ဖြင့္တာျဖစ္သလို တစ္လတစ္ႀကိမ္ ကိုဗစ္ေရာဂါ ရွိ မရွိ စစ္ေဆးတာေတြျပဳလုပ္ၿပီးမွ ဖြင့္လွစ္ရတာျဖစ္တယ္လို႔ ေခ်ာင္းသာ ဟိုတယ္ဝန္ထမ္းတဦးက ေျပာပါတယ္။

ေခ်ာင္းသာကမ္းေျခနဲ႔ ေငြေဆာင္ကမ္းေျခေတြမွာရွိတဲ့ ဟိုတယ္ေတြမွာ ခရီးသြားကာလ ပုံမွန္အေျခအေနမွာ အခန္းခေဈးတက္တာမရွိေပမယ့္ သီတင္းကြၽတ္ တန္ေဆာင္တိုင္စတဲ့ အခါႀကီး ေန႔ႀကီးေတြမွာေတာ့ ပုံမွန္ထက္ ႏွဆပိုၿပီး အခန္းကေဈးေတာင္းယူေလ့ရွိတယ္လို႔ ဆိုပါတယ္။

ပြင့္လင္းရာသီေရာက္လာတာနဲ႔ ႏိုင္ငံတဝန္း ခရီးသြားလာမႈ ျပန္လည္ျမင့္တက္လာေလ့ ရွိပါတယ္။

ေတာ္လွန္ေရးကာလ ခရီးသြားလာတာဟာ စစ္အာဏာရွင္ကို ေတာ္လွန္ေနတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ အတြက္ အဟန႔္အတားျဖစ္ေစတယ္လို႔ ေထာက္ျပတာေတြလည္း ရွိပါတယ္။

စားဝတ္ေနေရးအတြက္ မျဖစ္မေနခရီးသြားရတာကလြဲၿပီး တက္ႏိုင္ရင္မသြားလာဖို႔အတြက္ ေျပာခ်င္တယ္လို႔ ျမစ္ဝကြၽန္းေပၚေျပာက္က်ားစစ္ဆင္ေရးတပ္ေပါင္းစု တာဝန္ရွိသူ ဗိုလ္ျဖဴေလးက ေျပာပါတယ္။

ဧရာဝတီတိုင္းက ကမ္းေျခေတြကို ကိုဗစ္ပထမလႈိင္းစတင္ျဖစ္ပြားခ်ိန္ကတည္းက ပိတ္ထားခဲ့တာျဖစ္ၿပီး စစ္တပ္က အာဏာသိမ္းၿပီး ၂ လအၾကာမွာ ျပန္လည္ဖြင့္လွစ္ေပးခဲ့တာလို႔ ေဒသခံေတြကေျပာပါတယ္။

ကမ္းေျခေတြပိတ္ထားရတာၾကာၿပီျဖစ္တဲ့အတြက္ ေဒသခံျပည္သူေတြရဲ႕ စားဝတ္ေနေရးအတြက္ ျပန္ဖြင့္လွစ္ေပးတာမ်ိဳးကို လက္ခံလို႔ရေပမယ့္ ေပ်ာ္ပြဲ႐ႊင္ပြဲပုံစံ အစုလိုက္ အၿပဳံလိုက္ လာေရာက္လည္ပတ္တာဟာ က်န္းမာေရးအရေရာ ေခတ္ကာလအရပါ ေကာင္းတဲ့လကၡဏာမဟုတ္ဘူးလို႔ ႏိုင္ငံေရးသမားေတြက သုံးသပ္ပါတယ္။ ”

DVB