မြန်မာစက်ရုံလုပ်သားများ၏ တစ်ရက်ဝင်ငွေ ထက်ဝက်ခန့်လျော့ကျလာပြီး ၂ ဒေါ်လာအောက်ရောက်

မြန်မာစက်ရုံလုပ်သားများ၏ တစ်ရက်ဝင်ငွေ ထက်ဝက်ခန့်လျော့ကျလာပြီး ၂ ဒေါ်လာအောက်ရောက်

“စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ မြန်မာကျပ်ငွေတန်ဖိုးထိုးကျပြီး ငွေကြေးဖောင်းပွမှုကြောင့် စက်ရုံလုပ်သားတွေရဲ့ တစ်ရက်ဝင်ငွေဟာ ၂ ဒေါ်လာ အောက်ရောက်သွားပြီး အာဏာမသိမ်းခင်ကထက် တဝက်လောက်လျော့သွားတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုက်မှုအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ စစ်အာဏာသိမ်းပြီးလပိုင်းအကြာမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း အောက်တိုဘာ ၁၂ ရက်က ပြုလုပ်တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မူနှင့်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(OECD)ဆွေနွေးပွဲမှာ သူက ပြောကြားခဲ့တာပါ ။

“တကယ်တော့ အာဏာမသိမ်းခင်က အလုပ်သမားတွေရဲ့ တစ်ရက်လုပ်ခ ၃ ဒသမ ၅ ဒေါ်လာ အခြေခံလစာရကြတာ၊ ငွေကြေးဖောင်းပွမှု ရှိလာပေမဲ့ အလုပ်ရှင်ကတော့ ကုန်ပစ္စည်းချုပ်လုပ်တဲ့ အခအတွက်ကို ဒေါ်လာနဲ့ ရကြတဲ့အတွက် အလုပ်သမားတစ်ဦးချင်းဆီက တစ်ရက်ကို

၁ ဒသမ ၅ ဒေါ်လာ နဲ့ ၂ ဒေါ်လာကြား လစာကို သူတို့ရဲ့အိတ်ထဲ ထည့်ထားလိုက်ကြတာ” လို့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

ဒ့ါအပြင် အလုပ်သမားတွေဟာ အခွင့်အရေးချိုးဖောက်ခံရမှုများစွာရှိနေပြီး အလုပ်ရှင်ရဲ့ စစ်တပ်အားကိုး ခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

တောင်းဆိုမှုတစုံတရာလုပ်ပါက စစ်တပ်ခေါ်ပြီး ဖမ်းခိုင်း၊ ပစ်ခိုင်းမယ်ဆိုတဲ့ အလုပ်ရှင်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အလုပ်သမားတွေ နှုတ်ဆိတ်နေကြရပြီး အလုပ်သမားတွေရဲ့ဥပဒေပါ ရပိုင်ခွင့်တွေဟာလည်း စစ်အာဏာသိမ်းပြီးနောက်ရပ်ဆိုင်းကုန်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အလုပ်သမားတွေ ဖိနှိပ်ခံနေရတာကို ကုစားနိုင်မယ့်နည်းလမ်းတွေ လုပ်ဆောင်ဖို့လည်း ဒေါ်ခိုင်ဇာအောင်က တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအရေးလူပ်ရှားသူ ၂၇ ဦး အသတ်ခံရပြီး ၁၁၆ ဦး အဖမ်းခံထားရကာ အလုပ်သမားအရေးလူပ်ရှားသူတွေ အခုထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့လည်း ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။”

DVB

(ZAWGYI)

ျမန္မာစက္႐ုံလုပ္သားမ်ား၏ တစ္ရက္ဝင္ေငြ ထက္ဝက္ခန႔္ေလ်ာ့က်လာၿပီး ၂ ေဒၚလာေအာက္ေရာက္

“စစ္တပ္အာဏာသိမ္းၿပီးေနာက္ ျပည္တြင္းမွာ ျမန္မာက်ပ္ေငြတန္ဖိုးထိုးက်ၿပီး ေငြေၾကးေဖာင္းပြမႈေၾကာင့္ စက္႐ုံလုပ္သားေတြရဲ႕ တစ္ရက္ဝင္ေငြဟာ ၂ ေဒၚလာ ေအာက္ေရာက္သြားၿပီး အာဏာမသိမ္းခင္ကထက္ တဝက္ေလာက္ေလ်ာ့သြားတယ္လို႔ ျမန္မာႏိုင္ငံ ကုန္ထုတ္ႏွင့္စက္မႈက္မႈအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚခိုင္ဇာေအာင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံက အလုပ္သမားေတြဟာ စစ္အာဏာသိမ္းၿပီးလပိုင္းအၾကာမွာ အဆိုး႐ြားဆုံးအေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့အေၾကာင္း ေအာက္တိုဘာ ၁၂ ရက္က ျပဳလုပ္တဲ့ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မူႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရး အဖြဲ႕(OECD)ေဆြေႏြးပြဲမွာ သူက ေျပာၾကားခဲ့တာပါ ။

“တကယ္ေတာ့ အာဏာမသိမ္းခင္က အလုပ္သမားေတြရဲ႕ တစ္ရက္လုပ္ခ ၃ ဒသမ ၅ ေဒၚလာ အေျခခံလစာရၾကတာ၊ ေငြေၾကးေဖာင္းပြမႈ ရွိလာေပမဲ့ အလုပ္ရွင္ကေတာ့ ကုန္ပစၥည္းခ်ဳပ္လုပ္တဲ့ အခအတြက္ကို ေဒၚလာနဲ႔ ရၾကတဲ့အတြက္ အလုပ္သမားတစ္ဦးခ်င္းဆီက တစ္ရက္ကို ၁ ဒသမ ၅ ေဒၚလာ နဲ႔ ၂ ေဒၚလာၾကား လစာကို သူတို႔ရဲ႕အိတ္ထဲ ထည့္ထားလိုက္ၾကတာ” လို႔ ေဒၚခိုင္ဇာေအာင္က ေျပာပါတယ္။

ဒ့ါအျပင္ အလုပ္သမားေတြဟာ အခြင့္အေရးခ်ိဳးေဖာက္ခံရမႈမ်ားစြာရွိေနၿပီး အလုပ္ရွင္ရဲ႕ စစ္တပ္အားကိုး ၿခိမ္းေျခာက္မႈေတြနဲ႔လည္း ရင္ဆိုင္ေနရတယ္လို႔ ဆိုပါတယ္။

ေတာင္းဆိုမႈတစုံတရာလုပ္ပါက စစ္တပ္ေခၚၿပီး ဖမ္းခိုင္း၊ ပစ္ခိုင္းမယ္ဆိုတဲ့ အလုပ္ရွင္ေတြရဲ႕ ၿခိမ္းေျခာက္မႈေတြေၾကာင့္ အလုပ္သမားေတြ ႏႈတ္ဆိတ္ေနၾကရၿပီး အလုပ္သမားေတြရဲ႕ဥပေဒပါ ရပိုင္ခြင့္ေတြဟာလည္း စစ္အာဏာသိမ္းၿပီးေနာက္ရပ္ဆိုင္းကုန္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ အလုပ္သမားေတြ ဖိႏွိပ္ခံေနရတာကို ကုစားႏိုင္မယ့္နည္းလမ္းေတြ လုပ္ေဆာင္ဖို႔လည္း ေဒၚခိုင္ဇာေအာင္က တိုက္တြန္းသြားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ အလုပ္သမားအေရးလူပ္ရွားသူ ၂၇ ဦး အသတ္ခံရၿပီး ၁၁၆ ဦး အဖမ္းခံထားရကာ အလုပ္သမားအေရးလူပ္ရွားသူေတြ အခုထိ ထြက္ေျပးတိမ္းေရွာင္ေနရဆဲျဖစ္တယ္လို႔လည္း ေဒၚခိုင္ဇာေအာင္က ေျပာပါတယ္။”

DVB