တစ်နေကုန်ပင်ပန်းကြီးစွာအလုပ်လုပ်ပြီး ကိုယ်ကျိုးအတွက်မေ့နေသော အသက် ၇၈နှစ်အရွယ် အဖိုးအိုတစ်ဦးအဖြစ်

တစ်နေကုန်ပင်ပန်းကြီးစွာအလုပ်လုပ်ပြီး ကိုယ်ကျိုးအတွက်မေ့နေသော အသက် ၇၈နှစ်အရွယ် အဖိုးအိုတစ်ဦးအဖြစ်

အချို့သောမိဘတို့သည် စားဝတ်နေရေးအတွက် အလုပ်လုပ်ရစဉ်ကလေးကြည့်ပေးဖို့ရာ အဖိုးအဖွားတွေဆီမှာ အပ်နှံထားတတ်ကြသည်။

ယခုအခါတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အသက် ၇၈နှစ်အရွယ် အဖိုးအိုတစ်ဦးသည်အိမ်တွင်မြေးလေးကိုတာဝန်ယူပြီး စောင့်ရှောက်ရကာ အနားမယူရသေးပဲ

စားစရိတ်အတွက် တက်ကြွစွာ အလုပ်လုပ်နေရဆဲဖြစ်သည်။

အဖိုးအိုသည် နေ့စဉ်လမ်းမပေါ်ထွက်ပြီး စက်ဘီးလေးနဲ့အတူ ကုန်တင်ကုန်ချလုပ်ပေးကာတစ်နေကုန်မမောပန်းနိုင်ပဲ ရရှိသောဝင်ငွေလေးကို ကိုယ်ကျိုးအတွက်

မသုံးရက်ပစ်ပဲ မြေးဖြစ်သူအတွက်သာ စတိုးဆိုင်တစ်ခုတွင် အားဆေးနဲ့ နို့မှုန့်ဗူးလေးဝယ်ပေးခဲ့သည်။

အဖိုးအိုသည် တစ်နေကုန် ပင်ပန်းထားသမျှ မြေးလေးအတွက်သာ အကောင်းဆုံးဖြည့်ဆည်းပေးနေရရင်ဝေဒနာအားလုံးပျောက်ကုန်ကာ မြေးလေးအပေါ် ထားသောချစ်ခြင်း မေတ္တာသည်

မိဘရင်းတွေနှင့် ထပ်တူကျနေ၍ အများမှချီးကျူးလေးစားခဲ့ကြသည်။

Crd-Original Post

(ZAWGYI)









Crd-Original Post