မွေးရာပါ ကလီစာများ အပြင်ထွက်နေတဲ့ ကလေးငယ်လေးရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးရင်း ဖြေဆည်မရအောင် စိတ်မကောင်းဖြစ်နေတဲ့ ခိုင်နှင်းဝေ

မွေးရာပါ ကလီစာများ အပြင်ထွက်နေတဲ့ ကလေးငယ်လေးရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးရင်း ဖြေဆည်မရအောင် စိတ်မကောင်းဖြစ်နေတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးငယ်လေးတွေ အတွက်လည်း မှီခိုအားထားရာတစ်ခုအဖြစ် ရပ်တည်ပေးနေသူလည်း ဖြစ်ပါတယ် ။

လှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေကတော့ အခုလိုကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်တဲ့ အခြေအနေတွေမှာလည်း အစစရာရာခက်ခဲပင်ပန်းနေကြတဲ့ ပြည်သူတွေကိုတတ်နိုင်သလောက် ကူညီနေတာ တွေ့ရပါတယ် ။

ဒါ့အပြင် ခုလို ကာလမှာတောင် အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေကို ခေါ်ယူမွေးစားပေးသလို ကျန်းမာရေး မကောင်းတဲ့ ကလေးငယ်လေးတွေကိုလည်း ဆေးကုသပေးလျက်ရှိတာကို လေးစားစွာတွေ့ရပါတယ် ။

မနေ့ကဆိုရင်လည်း သူတာဝန်ယူ ဆေးကုသပေးမယ့် မွေးရာပါ ကလီစာတွေ ထွက်နေတဲ့ ကလေးငယ်လေး တစ်ဦး ကွယ်လွန် သွားတာကြောင့် ဖြေဆည်မရဖြစ်နေကြောင်း ရေးသားဖော်ပြလာပါတယ် ။

ကလေးလေးရဲ့ နောက်ဆုံးခရီးကိုလည်း သူကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းကိုလည်း ” ဆေးကုသပေးဘို့ တာဝန်ယူထားပေးသော ပုသိမ်ဘက်မှ သမီးငယ်လေး ဆုံးသွားပါပြီရှင်…

(၁၄)ရက် သမီးလေးပဲ ရှိပါသေးတယ်..မိဘ (၂) ပါးကို ကိုယ်ချင်းစာ နှစ်သိမ့်ပေးဘို့ စကားလုံး ရှာမရပါဘူး….နောက် ဘဝ မှာ ကျန်းမာသန်းစွမ်းတဲ့ ကလေးအဖြစ် ပြန်လာနိုင်ပါစေလို့ ဆုတောင်းအမျှဝေပေးဖြစ်ခဲ့ပါတယ်ရှင်…”

လို့ရေးသားထားရာ ပြန်လည်ဖော်ပြပေးရင်း ကလေးငယ်လေးလည်း ကောင်းရာ သုဂတိလာပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)

ေမြးရာပါ ကလီစာမ်ား အျပင္ထြက္ေနတဲ့ ကေလးငယ္ေလးရဲ႕ ေနာက္ဆုံးခရီးကို လိုက္ပါပို႔ေဆာင္ေပးရင္း ေျဖဆည္မရေအာင္ စိတ္မေကာင္းျဖစ္ေနတဲ့ ခိုင္ႏွင္းေဝ

ခိုင္ႏွင္းေဝကေတာ့ မိဘမဲ့ကေလးငယ္ေလးေတြ အတြက္လည္း မွီခိုအားထားရာတစ္ခုအျဖစ္ ရပ္တည္ေပးေနသူလည္း ျဖစ္ပါတယ္ ။

လႉဒါန္းမႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတဲ့ ခိုင္ႏွင္းေဝကေတာ့ အခုလိုကပ္ေရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္တဲ့ အေျခအေနေတြမွာလည္း အစစရာရာခက္ခဲပင္ပန္းေနၾကတဲ့ ျပည္သူေတြကိုတတ္ႏိုင္သေလာက္

ကူညီေနတာ ေတြ႕ရပါတယ္ ။ဒါ့အျပင္ ခုလို ကာလမွာေတာင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စြန႔္ပစ္ခံရတဲ့ ကေလးငယ္ေလးေတြကို ေခၚယူေမြးစားေပးသလို က်န္းမာေရး မေကာင္းတဲ့ ကေလးငယ္ေလးေတြကိုလည္း ေဆးကုသေပးလ်က္ရွိတာကို ေလးစားစြာေတြ႕ရပါတယ္ ။

မေန႔ကဆိုရင္လည္း သူတာဝန္ယူ ေဆးကုသေပးမယ့္ ေမြးရာပါ ကလီစာေတြ ထြက္ေနတဲ့ ကေလးငယ္ေလး တစ္ဦး ကြယ္လြန္ သြားတာေၾကာင့္ ေျဖဆည္မရျဖစ္ေနေၾကာင္း ေရးသားေဖာ္ျပလာပါတယ္ ။

ကေလးေလးရဲ႕ ေနာက္ဆုံးခရီးကိုလည္း သူကိုယ္တိုင္လိုက္ပါပို႔ေဆာင္ေပးခဲ့ေၾကာင္းကိုလည္း ” ေဆးကုသေပးဘို႔ တာဝန္ယူထားေပးေသာ ပုသိမ္ဘက္မွ သမီးငယ္ေလး ဆုံးသြားပါၿပီရွင္…(၁၄)ရက္ သမီးေလးပဲ ရွိပါေသးတယ္..မိဘ (၂) ပါးကို ကိုယ္ခ်င္းစာ ႏွစ္သိမ့္ေပးဘို႔ စကားလုံး ရွာမရပါဘူး…

.ေနာက္ ဘဝ မွာ က်န္းမာသန္းစြမ္းတဲ့ ကေလးအျဖစ္ ျပန္လာႏိုင္ပါေစလို႔ ဆုေတာင္းအမွ်ေဝေပးျဖစ္ခဲ့ပါတယ္ရွင္…” လို႔ေရးသားထားရာ ျပန္လည္ေဖာ္ျပေပးရင္း ကေလးငယ္ေလးလည္း ေကာင္းရာ သုဂတိလာပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Khine Hnin Wai