ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များတွင် ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများ အမြန်ဆုံး ထွက်ခွာကြဖို့ အမေရိကန်သံရုံး သတိပေး

ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များတွင် ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများ အမြန်ဆုံး ထွက်ခွာကြဖို့ အမေရိကန်သံရုံး သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၁၄

တနင်္သာရိတိုင်း၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များတွင် ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများအားလုံး အမြန်ဆုံး ထွက်ခွာကြဖို့ အမေရိကန်သံရုံးမှ ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် သတိပေးထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ တနင်္သာရီတိုင်း အုပ်ချုပ်ရေးအဖွဲ့မှ အဆိုပါ သုံးမြို့နယ်အတွင်း ရောက်ရှိနေသော နိုင်ငံခြားသားများအတွက် လုံခြုံရေး အာမမခံနိုင်ကြောင်း အောက်တိုဘာလ ၁၁ ရက်တွင် ကြေညာပြီးနောက် အမေရိကန်သံရုံးမှ ယနေ့ သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အမေရိကန်သံရုံးမှ မြန်မာနိုင်ငံအတွင်း ခရီးသွားလာရေးအတွက် အဆိုးဆုံးအဆင့် အဆင့် ၄ တွင် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် လာရောက်ခရီးသွားလာခြင်းမပြုရန်နှင့် တတ်နိုင်သမျှ အမြန်ဆုံး မြန်မာနိုင်ငံတွင်းမှ ထွက်ခွာကြရန် အကြံပြုထားသည်။

Khit Thit Media

(ZAWGYI)

ထားဝယ္၊ ေလာင္းလုံး၊ သရက္ေခ်ာင္းၿမိဳ႕နယ္မ်ားတြင္ ေရာက္ရွိေနေသာ အေမရိကန္ႏိုင္ငံသားမ်ား အျမန္ဆုံး ထြက္ခြာၾကဖို႔ အေမရိကန္သံ႐ုံး သတိေပး

ရန္ကုန္၊ ေအာက္တိုဘာ ၁၄

တနသၤာရိတိုင္း၊ ထားဝယ္၊ ေလာင္းလုံး၊ သရက္ေခ်ာင္းၿမိဳ႕နယ္မ်ားတြင္ ေရာက္ရွိေနေသာ အေမရိကန္ႏိုင္ငံသားမ်ားအားလုံး အျမန္ဆုံး ထြက္ခြာၾကဖို႔ အေမရိကန္သံ႐ုံးမွ ယေန႔ ေအာက္တိုဘာလ ၁၄ ရက္တြင္ သတိေပးထုတ္ျပန္လိုက္သည္။

စစ္ေကာင္စီ၏ တနသၤာရီတိုင္း အုပ္ခ်ဳပ္ေရးအဖြဲ႕မွ အဆိုပါ သုံးၿမိဳ႕နယ္အတြင္း ေရာက္ရွိေနေသာ ႏိုင္ငံျခားသားမ်ားအတြက္ လုံၿခဳံေရး အာမမခံႏိုင္ေၾကာင္း ေအာက္တိုဘာလ ၁၁ ရက္တြင္ ေၾကညာၿပီးေနာက္ အေမရိကန္သံ႐ုံးမွ ယေန႔ သတိေပးထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

အေမရိကန္သံ႐ုံးမွ ျမန္မာႏိုင္ငံအတြင္း ခရီးသြားလာေရးအတြက္ အဆိုးဆုံးအဆင့္ အဆင့္ ၄ တြင္ သတ္မွတ္ထားၿပီး ျမန္မာႏိုင္ငံတြင္ လာေရာက္ခရီးသြားလာျခင္းမျပဳရန္ႏွင့္ တတ္ႏိုင္သမွ် အျမန္ဆုံး ျမန္မာႏိုင္ငံတြင္းမွ ထြက္ခြာၾကရန္ အႀကံျပဳထားသည္။

Khit Thit Media