ရန်ကုန်တွင် ရာသီပေါ်တုပ်ကွေးရောဂါကြောင့် ဖျားနာသူများနေ

ရန်ကုန်တွင် ရာသီပေါ်တုပ်ကွေးရောဂါကြောင့် ဖျားနာသူများနေ

ရန်ကုန်မြို့မှာ လတ်တလော ရာသီပေါ်တုပ်ကွေးရောဂါကြောင့် လူတွေဖျားနာ ဆေးရုံပြတာတွေ များနေပေမဲ့ ကိုဗစ်စတုတ္ထလှိုင်းလာဖို့ ဝေးသေးတယ်လို့ ကျန်းမာရေး ကျွမ်းကျင်ဆရာဝန်တချို့က သုံးသပ်ထားပါတယ်။

အခုကာလဟာဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေလည်း ရှိနေသေးပြီး ရာသီတုပ်ကွေးဟာဆိုရင်လည်း အသက်ရှူလမ်းကြောင်းကတစ်ဆင့် ဗိုင်းရပ်စ်ပိုးကနေ ကူးစက်တာကြောင့် ကိုဗစ်အတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေလိုပဲ လက်ဆေးဖိုး၊ Mask တပ်ဖို့ လိုအပ်တယ်လို့ ကလေးအထူးကု ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဒေါက်တာခင်ခင်ထားက “ရာသီတုပ်ကွေးက ကိုဗစ်လိုပဲ အသက်ရှုလမ်းကြောင်းက ကူးတာပေါ့။ အဲ့တာကြောင့် အိမ်တစ်အိမ်မှာ တစ်ယောက်ဖျားပြီဆိုရင် အကုန်လုံးလိုက်ဖျားတာ။ အခုက ရာသီတုပ်ကွေးရော၊ ကိုဗစ်ရော ဖြစ်နေကြတော့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ နှစ်ခုလုံးကို ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။

ရာသီတုပ်ကွေးက အောက်ဆီဂျင်ကျတာတွေ မရှိတော့ ဖျားတာ တပတ်လောက်နေတော့ ပျောက်သွားပေမယ့် ဖြစ်နေတဲ့အချိန်မှာတော့ တော်တော်ခံစားရမှာ။ ကြိုတင်ကာကွယ်နည်းလမ်းက အကောင်းဆုံးပါပဲ။”

ရာသီပေါ်တုပ်ကွေးနဲ့ ကိုဗစ်ပိုးဟာ ဗိုင်းရပ်စ်က တစ်ဆင့်ကူးစက်ပြီး ကူးစက်ပုံခြင်း တူသလို ရောဂါလက္ခဏာ အခြေခံခံစားရတာတွေလည်း တူတယ်လို့ ကျွမ်းကျင်ဆရာဝန်တွေက ပြောပါတယ်။

အထွေထွေအထူးကုသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်က “အခုတလော ဖျားတဲ့သူတွေ များတယ်။ ရောဂါလက္ခဏာကလည်း ကိုဗစ်နဲ့ ဆင်တာပေါ့။ ဒါပေမဲ့ တုပ်ကွေးဖြစ်တဲ့သူများပါတယ်။ ကိုဗစ်လက္ခဏာပြလို့ စစ်လိုက်တယ်။ ဒါပေမဲ့ နက်ဂတစ်ပေါ့။ ကိုဗစ်ပိုးတွေ့သူတွေလည်း ပါပါတယ်။

အဲ့တာတွေက ကာကွယ်ဆေးမထိုးထားသူတွေနဲ့ ကိုဗစ်တစ်ခါမှ မဖြစ်သေးတဲ့သူတွေပေ့ါ။ ရာသီတုပ်ကွေးနဲ့ ကိုဗစ်နှစ်ခုလုံးက ကူးစက်ပုံခြင်းတူတယ်။ အခြေခံရောဂါလက္ခဏာ ခံစားရတာလည်းတူတယ်။ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲမယ်။ ဖျားမယ်။

ဒါပေမဲ့ တုပ်ကွေးကတော့ ကိုဗစ်လို အောက်ဆီဂျင်ကျတာတွေတော့ မဖြစ်ဘူး။ ဖျားပြီး ဆေးခန်းပြပြီးရင် ၃/၄ရက်နေရင် သက်သာသွားမယ်”လို့ပြောပါတယ်

လတ်တလော ရာသီတုပ်ကွေးရောဂါကူးစက်ခံသူတွေဟာ လည်ချောင်းနာ၊ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲတာ၊ အဖျားတက်တဲ့ လက္ခဏာတွေ ခံစားရတယ်လို့ သိရပါတယ်။

ဖျားနာသူအများစုဟာ ကိုဗစ်ကူးစက်ခံရချိန်က ခံစားခဲ့ရတဲ့ ရောဂါလက္ခဏာမျိုး ခံစားနေရတာကြောင့် ကိုဗစ် စတုတ္ထလှိုင်း ဖြစ်နေပြီလားဆိုပြီး စိုးရိမ်နေကြတာပါ။

ကိုဗစ်ပိုးကူးစက်မှုလှိုင်းတွေဟာ အစုလိုက်အပြုံလိုက် ကူးစက်ပြီး သေဆုံးနှုန်းများတာ ဖြစ်တာကြောင့် အခုအခြေအနေကတော့ ကိုဗစ်စတုတ္ထလှိုင်းလာဖို့ ဝေးသေးတယ်လို့ ကျန်းမာရေး ပညာရှင်တချို့က သုံးသပ်ထားပါတယ်။

ကိုဗစ်တတိယလှိုင်း ငြိမ်သွားပြီးနောက် စက်တင်ဘာလလယ်လောက်ကစပြီး ဖျား၊ နှာစေး ၊ချောင်းဆိုး၊ ကိုက်ခဲတဲ့ လူနာတွေ ရုတ်တရက်များလာပြီး ရာသီပေါ်တုပ်ကွေး ကူးစက်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

DVB

(ZAWGYI)

ရန္ကုန္တြင္ ရာသီေပၚတုပ္ေကြးေရာဂါေၾကာင့္ ဖ်ားနာသူမ်ားေန

ရန္ကုန္ၿမိဳ႕မွာ လတ္တေလာ ရာသီေပၚတုပ္ေကြးေရာဂါေၾကာင့္ လူေတြဖ်ားနာ ေဆး႐ုံျပတာေတြ မ်ားေနေပမဲ့ ကိုဗစ္စတုတၳလႈိင္းလာဖို႔ ေဝးေသးတယ္လို႔ က်န္းမာေရး ကြၽမ္းက်င္ဆရာဝန္တခ်ိဳ႕က သုံးသပ္ထားပါတယ္။

အခုကာလဟာဆိုရင္ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈေတြလည္း ရွိေနေသးၿပီး ရာသီတုပ္ေကြးဟာဆိုရင္လည္း အသက္ရႉလမ္းေၾကာင္းကတစ္ဆင့္ ဗိုင္းရပ္စ္ပိုးကေန ကူးစက္တာေၾကာင့္ ကိုဗစ္အတြက္ ခ်မွတ္ထားတဲ့ စည္းကမ္းေတြလိုပဲ လက္ေဆးဖိုး၊ Mask တပ္ဖို႔ လိုအပ္တယ္လို႔ ကေလးအထူးကု ဆရာဝန္တစ္ဦးက ေျပာပါတယ္။

ေဒါက္တာခင္ခင္ထားက “ရာသီတုပ္ေကြးက ကိုဗစ္လိုပဲ အသက္ရႈလမ္းေၾကာင္းက ကူးတာေပါ့။ အဲ့တာေၾကာင့္ အိမ္တစ္အိမ္မွာ တစ္ေယာက္ဖ်ားၿပီဆိုရင္ အကုန္လုံးလိုက္ဖ်ားတာ။ အခုက ရာသီတုပ္ေကြးေရာ၊ ကိုဗစ္ေရာ ျဖစ္ေနၾကေတာ့ ကိုဗစ္စည္းကမ္းေတြကို လိုက္နာမယ္ဆိုရင္ေတာ့ ႏွစ္ခုလုံးကို ကာကြယ္ၿပီးသား ျဖစ္သြားတာေပါ့။

ရာသီတုပ္ေကြးက ေအာက္ဆီဂ်င္က်တာေတြ မရွိေတာ့ ဖ်ားတာ တပတ္ေလာက္ေနေတာ့ ေပ်ာက္သြားေပမယ့္ ျဖစ္ေနတဲ့အခ်ိန္မွာေတာ့ ေတာ္ေတာ္ခံစားရမွာ။ ႀကိဳတင္ကာကြယ္နည္းလမ္းက အေကာင္းဆုံးပါပဲ။”

ရာသီေပၚတုပ္ေကြးနဲ႔ ကိုဗစ္ပိုးဟာ ဗိုင္းရပ္စ္က တစ္ဆင့္ကူးစက္ၿပီး ကူးစက္ပုံျခင္း တူသလို ေရာဂါလကၡဏာ အေျခခံခံစားရတာေတြလည္း တူတယ္လို႔ ကြၽမ္းက်င္ဆရာဝန္ေတြက ေျပာပါတယ္။

အေထြေထြအထူးကုသမားေတာ္ ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က “အခုတေလာ ဖ်ားတဲ့သူေတြ မ်ားတယ္။ ေရာဂါလကၡဏာကလည္း ကိုဗစ္နဲ႔ ဆင္တာေပါ့။ ဒါေပမဲ့ တုပ္ေကြးျဖစ္တဲ့သူမ်ားပါတယ္။ ကိုဗစ္လကၡဏာျပလို႔ စစ္လိုက္တယ္။ ဒါေပမဲ့ နက္ဂတစ္ေပါ့။ ကိုဗစ္ပိုးေတြ႕သူေတြလည္း ပါပါတယ္။

အဲ့တာေတြက ကာကြယ္ေဆးမထိုးထားသူေတြနဲ႔ ကိုဗစ္တစ္ခါမွ မျဖစ္ေသးတဲ့သူေတြေပ့ါ။ ရာသီတုပ္ေကြးနဲ႔ ကိုဗစ္ႏွစ္ခုလုံးက ကူးစက္ပုံျခင္းတူတယ္။ အေျခခံေရာဂါလကၡဏာ ခံစားရတာလည္းတူတယ္။ ႏွာေစး၊ ေခ်ာင္းဆိုး၊ ကိုယ္လက္ကိုက္ခဲမယ္။ ဖ်ားမယ္။

ဒါေပမဲ့ တုပ္ေကြးကေတာ့ ကိုဗစ္လို ေအာက္ဆီဂ်င္က်တာေတြေတာ့ မျဖစ္ဘူး။ ဖ်ားၿပီး ေဆးခန္းျပၿပီးရင္ ၃/၄ရက္ေနရင္ သက္သာသြားမယ္”လို႔ေျပာပါတယ္

လတ္တေလာ ရာသီတုပ္ေကြးေရာဂါကူးစက္ခံသူေတြဟာ လည္ေခ်ာင္းနာ၊ ႏွာေစး၊ ေခ်ာင္းဆိုး၊ ကိုယ္လက္ကိုက္ခဲတာ၊ အဖ်ားတက္တဲ့ လကၡဏာေတြ ခံစားရတယ္လို႔ သိရပါတယ္။

ဖ်ားနာသူအမ်ားစုဟာ ကိုဗစ္ကူးစက္ခံရခ်ိန္က ခံစားခဲ့ရတဲ့ ေရာဂါလကၡဏာမ်ိဳး ခံစားေနရတာေၾကာင့္ ကိုဗစ္ စတုတၳလႈိင္း ျဖစ္ေနၿပီလားဆိုၿပီး စိုးရိမ္ေနၾကတာပါ။

ကိုဗစ္ပိုးကူးစက္မႈလႈိင္းေတြဟာ အစုလိုက္အၿပဳံလိုက္ ကူးစက္ၿပီး ေသဆုံးႏႈန္းမ်ားတာ ျဖစ္တာေၾကာင့္ အခုအေျခအေနကေတာ့ ကိုဗစ္စတုတၳလႈိင္းလာဖို႔ ေဝးေသးတယ္လို႔ က်န္းမာေရး ပညာရွင္တခ်ိဳ႕က သုံးသပ္ထားပါတယ္။

ကိုဗစ္တတိယလႈိင္း ၿငိမ္သြားၿပီးေနာက္ စက္တင္ဘာလလယ္ေလာက္ကစၿပီး ဖ်ား၊ ႏွာေစး ၊ေခ်ာင္းဆိုး၊ ကိုက္ခဲတဲ့ လူနာေတြ ႐ုတ္တရက္မ်ားလာၿပီး ရာသီေပၚတုပ္ေကြး ကူးစက္မႈေတြ ျဖစ္ေပၚေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

DVB