အနုပညာအလုပ်‌တွေ ပုံမှန်လုပ်ကိုင်နိုင်ဖို့ ရုပ်ရှင်ရုံတွေပြန်ဖွင့်ပြီး းရုံတင်ပြသမဲ့ ကားများကို စကစ ဝန်ကြီးပြော

မင်္ဂလာပါပရိသတ်ကြီးရေ တပ်ထောက်ခံတဲ့ အနုပညာရှင်‌တွေ အနုပညာအလုပ်‌တွေ ပုံမှန်လုပ်ကိုင်နိုင်ဖို့ ရုပ်ရှင်ရုံတွေပြန်ဖွင့်ပြီး ဦးစားပေးရုံတင်ပြသမယ့် ကားများကို စကစ ဝန်ကြီးပြော – မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စတင်ဖြစ်ပွား

ကတည်းက ပိတ်ထားရတဲ့ ရုပ်ရှင်ရုံတွေကိုပြန်လည်ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားကြောင်း သတင်းရရှိပါတယ်။

ကိုဗစ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလလောက် ကတည်းက ပိတ်ထားရတာ ဖြစ်ပြီး အခုဆိုရင် တစ်နှစ်ကျော်ရှိပြီဖြစ်ကာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီခန့်

ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲနေတဲ့ ရန်ကုန်တိုင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံကို တာဝန်လွှဲပြောင်းပေးတဲ့ Deed of Assignment ချုပ်ဆိုခြင်းအခမ်းအနားကို

အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပရာမှာပြောဆိုခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အနုပညာရှင်တွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်ပြီး ပြသမှုလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့အတွက်လည်း ကိုဗစ်စည်းကမ်းချက်နဲ့အညီ အားလုံး

ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးတိုင်ပင်နေကြပြီဖြစ်ပါတယ်။ မကြာမီအချိန်အတွင်း အနုပညာရှင်‌တွေ အနုပညာအလုပ်တွေလုပ်ကိုင်ပြီး ရုပ်ရှင်ရုံတွေမှာ ပြည်သူတွေအပန်းဖြေ အနားယူနိုင်ကြတော့မယ်လို့

မျှော်လင့်တယ်လို့လည်း ဦးမောင်မောင်အုန်းက ပြောပါတယ်။

ကိုဗစ်ရောဂါအခြေအနေကြောင့် ပိတ်ထားခဲ့ရတဲ့ရုပ်ရှင်ရုံတွေကို မကြာခင်ပြန်ဖွင့်မယ်လို့ပြောပေမဲ့ ဘယ်နေ့ဘယ်ရက်မှာ ပြန်ဖွင့်မယ်ဆိုတာကိုတော့ တိတိကျကျပြောသွားတာ မရှိပါဘူး။ NLD အစိုးရလက်ထက် ရုပ်ရှင်ရုံအရည်အတွက် တိုးတက်လာခဲ့ပြီး

ရုပ်ရှင်ရုံအသစ်တွေလဲဖွင့်လှစ်နိုင်ခဲ့ပေမယ့် ကိုဗစ်ရိုက်ခတ်မှုဒဏ်နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ရုပ်ရှင်လုပ်ငန်းကလဲ အထိနာဆုံးကဏ္ဍာမှာ ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးက ရုပ်ရှင်ရုံဖွင့်လှစ်ဖို့နဲ့ ရုပ်ရှင်လုပ်ငန်းတွေစတင်ဖို့

ပြောဆိုနေပေမယ့် အခုလက်ရှိအချိန်မှာ ပြည်သူဘက်ကရပ်တည်ပြီး အာဏာရှင်ကိုဆန့်ကျင်တဲ့ အနုပညာရှင်တော်တော်များကို စကစဘက်က ဖ.မ်.းဆီ.းေ.ထ.ာ.င်.ချ.တာအပြင် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် ဖ.မ်.းဝ.ရ.မ်.းထုတ်တာတွေလဲ ရှိနေပါတယ်။

ရုပ်ရှင်ရုံတွေ ပိတ်ထားရတာ အခုဆိုရင် တစ်နှစ်ကျော်ရှိလာပြီ ဖြစ်တဲ့အတွက် ရုပ်ရှင်ရုံကဝန်ထမ်းတွေကို လစာမဲ့ခွင့်ပေးထားရတဲ့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ကိုဗစ်ကာလကြောင့် ရုပ်ရှင်လောကသားတချို့လည်း

စားဝတ်နေရေး အခက်အခဲတွေရှိကြောင်းလည်း သိရပါတယ်။

Crd-Original Post