မွေးနေ့အလှူလေးအနေနဲ့ ဆေးရုံဆေးခန်းမပြနိုင်သောသက်ကြီးဘိုးဘွားများနှင့်ဖျားနာသူများကို ဆေးကုသစရိတ်လှူဒါန်းပေးခဲ့တဲ့ မေမြတ်နိုး

ပရိသတ်ကြီးရေ မနေ့က အောက်တိုဘာလ(၁၃)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် မြန်မာ့ဂုဏ်ဆောင်အလှမယ် မော်ဒယ်လ် မေမြတ်နိုးကတော့ရဲ့ မွေးနေ့ရက်မြတ်ကျရောက်ခဲ့တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ဒီနှစ်မွေးနေ့ရက်လေးမှာတော့ မေမြတ်နိုးက (၃၃)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

မေမြတ်နိုးကတော့ မနေ့ကမွေးနေ့ရက်လေးမှာ မွေးနေ့အလှူလေးအနေနဲ့ ဧရာဝတီတိုင်းစက်စက်ယိုဘုန်းကြီးကျောင်းမှ

ရဟန်းသံဃာများအားဆွမ်းကပ်ခြင်း၊ တရားနာကြားသူများအား

ကြက်သားအားလူးဟင်းဖြင့်ထမင်းအဝကျွေးခြင်း၊ ပေါင်မုန့်အုန်းနို့ဆမ်းကျွေးခြင်း စတဲ့ အာဟာရဒါနအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် တောရွာအစွန်အဖျားက ငွေကြေးချို့တဲ့တာကြောင့် ဆေးရုံဆေးခန်းမပြနိုင်တဲ့ သက်ကြီးဘိုးဘွားများနှင့်ဖျားနာသူများအားမနက်(၇)နာရီမှ ည (၇) ရီထိ ကုသိုလ်ပြုဆေးကုသပေးခြင်းများဖြင့်ကုသိုလ်ပြုပေးခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ မေမြတ်နိုးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Minn Ko

(ZAWGYI)






Source – Minn Ko
Crd-Original Post