ချစ်တဲ့ပရိတ်သတ်တွေနဲ့ ကျေးဇူးရှင်တွေကိုဘယ်လောက်တန်ဖိုးထားလည်းဆိုတာ သူမရဲ့မွေးနေ့လေးမှာသက်သေပြလိုက်တဲ့ ဟန်နလာ

MRTV-4 မင်းသမီးလေး ဟန်နလာကတော့ ခုတစ်လောလူကြိုက်များနေတဲ့ ပျားရည်အိုင်ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အိုင်ရင်းလို့ လူသိများကြတဲ့သူလေးပဲ ဖြစ်ပါတယ်နော်..

သူမကတော့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်သူလေးပဲ ဖြစ်ပါတယ်နော်..

သူမကိုပရိသတ်တွေက အနေအေးပြီးစကားနည်းတယ်လို့ ပြောကြတဲ့ ပရိသတ်တွေကိုလည်း လွန်ခဲ့တဲ့ရက်အနည်းငယ်လေးတုန်းက သူမကချစ်စနိုးလေးနဲ့ ” အော် “ပျားရည်အိုင်”မှာ.. စကားပြောတာလေး က…

အေးအေး လေးနဲ့ ချစ်စရာလေး နော်တဲ့..အဲ့ဒါ ကာရိုက်တာ အရ ပြောတာပါ..အပြင်မှာ တွေ့ရင်စကားလာပြောကြည့်ပါ..နားထောင်တဲ့ သူရူး သွားမယ်..

ကိုယ်စကားပြောတာ မြန်လွန်းလို့ တစ်ချို့ဆို နားတောင်မလည်ဘူး ဘာပြောမှန်း မသိလို့… ” အရွန်းဖောက်ပြီး စနောက်ထားတာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်နော်..

ဒီနေ့လေးမှာတော့ အိုင်းရင်းက သူမရဲ့မွေးနေ့လေးမှာ ”Happy birthday to meဒီအသက်အရွယ်ထိ ကျွေးမွေးစောင့်ရှောက်ပေးချစ်ပေးတဲ့ “အဖေနဲ့ အမေ”ဒီအသက်အရွယ်ထိ သင်ကြားပြသဆုံးမပေးတဲ့”

သင်ဆရာမြင်ဆရာကြားဆရာများ”အခုချိန်ထိ ချစ်ပေးကြတဲ့သူများ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်..MUA..Zaw Xlyan Shein ” ဆိုပြီးရေးသာလာခဲ့ပါသေးတယ်။

သူမ ရေးသားထားတဲ့ ပို့်စ်အောက်မှာတော့ ပရိသတ်များနဲ့ မိတ်ဆွေများက အိုင်းရင်းအတွက် မွေးနေ့ဆုတောင်းလေးတွေ ရေးပေးပြပါသေးတယ်။ ပရိသတ်ကြီးလည်း အိုင်းရင်းအတွက်‌ မွေးနေ့ဆုတောင်းလေး ရေးပေးခဲ့ကြပါအုံးနော်…

Source: ဟန်နလာ

Credit ; Cele World

(ZAWGYI)






Source: ဟန်နလာ

Credit ; Cele World