ပညာမြေကျောင်းက မိဘမဲ့ ကလေးတွေ အတွက် တစ်နေ့စာ အာဟာရဒါန အလှူလေး ပြုလုပ်ခဲ့တဲ့ မေခလာတို့ ဇနီးမောင်နှံ

ချစ်ငယ်လို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မေခလာကတော့ တစ်ခေတ်တစ်ချိန်ထဲက သီချင်းတွေလည်းဆိုသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း

ပါဝင်သရုပ်ဆောင်တဲ့သူတစ်ယောက်ဖြစ်လို့ စွယ်စုံရတဲ့ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။

မေခလာရဲ့ချစ်ခင်ပွန်း ကိုရန်ကျော်ကလည်း ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်လို့ ဇနီးမောင်နှံနှစ်ယောက်က အေးအတူပူအမျှနဲ့လက်တွဲနေကြတာဖြစ်ပြီး အားလုံးကအားကျနေရတာပါနော် ။

ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အရမ်းအားကျကြသလို ချစ်ငယ်ရဲ့ပွင့်လင်းတဲ့ပြောဆိုပုံလေးတွေနဲ့စိတ်ထားဖြူစင်ပုံလေးတွေကို ချစ်နေကြတာပါ ။

မေခလာကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေပြီး ချစ်ရတဲ့မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်‌နေတာဖြစ်ပါတယ်။

အလှူအတန်းတွေဆိုရင်လည်း မကြာခဏ ပြုလုပ်လေ့ရှိရာ အခုလည်း ပညာမြေကျောင်းက မိဘမဲ့ ကလေးတွေ အတွက် တစ်နေ့စာ အာဟာရဒါန အလှူလေးကို ပြုလုပ်ခဲ့ပါတယ် ။

အလှူနဲ့ ပတ်သက်ပြီးလည်း ” မိဘမဲ့ခလေးတွေကိုပြုစု့စောင့်ရှောက်နေတဲ့ ပညာမြေ ကျောင်းကို ဒီနေ့ တနေ့စာအလှုလှုခဲ့ပါတယ် ဆရာတော်ဘုရားကိုကြည့်ပြီး သာဓုလဲအကြိမ်ကြိမ်ခေါ်ပါတယ် ချစ်ငယ် ချီထားတဲ့သမီးလေးဆို ၅ လပြည့်သွားပါပြီ

သူစရောက်တုန်းက ချက်ကြိုးတောင်မပြတ်သေး တောင်ငူ လမ်းမပေါ်မှာ စွန်ပြစ်ထားတဲ့ခလေးလေးပါ ပုံမှာတွေ့ရတဲ့ သမီးတွေဆို အခုအရွယ်လေးတွေရလာပါပြီ စတွေ့တုန်းက လသား သမီးအရွယ်လေးတွေ ဆရာတော်ဘုရား ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေပါဘုရား

တချို့ခလေးငယ်တွေနဲ့မတွေ့ခဲရဘူး ကျောင်းမှာသန်ရှင်းရေးလုပ်နေကြလို့ပါ ဆရာတော်ဘုရားသက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းနေမိတယ် ” ရေးသားထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – May Khalar

(ZAWGYI)











Yuan – Cele Zone

Photo – May Khalar