ခိုင်နှင်းဝေရဲ့ ဂေဟာက ကလေးတွေအတွက် တတ်နိုင်သလောက်သွားရောက်လှူဒါန်းပေးခဲ့တဲ့ နွေးနွေးချစ်ဖွယ်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဝါရင့်သရုပ်ဆောင်ကြီး မြို့တော်ဦးချစ်ဖွယ်ရဲ့ သမီးဖြစ်သူ နွေးနွေးချစ်ဖွယ်ကတော့ မနေ့က အောက်တိုဘာလ(၁၃)ရက်နေ့မှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

နွေးနွေးချစ်ဖွယ်ကလည်း အနုပညာလောကမှာ နေရာတစ်နေရာရှိတဲ့အထိ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့သူတစ်ယောက်ပါ။

မနေ့ကတော့ နွေးနွေးချစ်ဖွယ်က ပရိသတ်အချစ်တော် ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ မွေးစားထားတဲ့ ကလေးတွေအတွက် တတ်နိုင်သလောက်သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

နွေးနွေးချစ်ဖွယ်ကတော့ အလုပ်တွေမအားလပ်တဲ့ကြားထဲကနေ သူနဲ့သူ့ပရိသတ် မိတ်ဆွေတွေ စုပေါင်းလှူဒါန်းတဲ့ အလှူလေးဖြစ်တာကြောင့် ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့ပါတယ်တဲ့။

သူနဲ့သူပရိသတ် မိတ်ဆွေတွေရဲ့စုပေါင်းအလှူလေးဖြစ်တာကြောင့် (၇)ရက်သားသမီးတွေအားလုံးလည်း သာဓုခေါ်ဆိုဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီတော့လည်း မျှဝေဖော်ပြထားခဲ့ပါတယ်။

ပရိသတ်ကြီးရေ နွေးနွေးချစ်ဖွယ်နဲ့ သူ့ရဲ့အလှူရှင်တွေစုပေါင်းလှူဒါန်းတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Nway Nway Chit Phwel

(ZAWGYI)







