မသန်စွမ်း ကလေးငယ်လေး တစ်ယောက်ကို သူမရဲ့ ဂေဟာမှာ ခဏ ခေါ်ယူစောင့်ရှောက်ထားကြောင်း အကြောင်းစုံ ပြောပြလာတဲ့ ခိုင်နှင်းဝေ

မသန်စွမ်း ကလေးငယ်လေး တစ်ယောက်ကို သူမရဲ့ ဂေဟာမှာ ခဏ ခေါ်ယူစောင့်ရှောက်ထားကြောင်း အကြောင်းစုံ ပြောပြလာတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပရဟိတ အလုပ်တွေကို နေ့စဉ်တိုင်း မမောမပန်းနိုင်အောင် ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင်နေသူတစ်ယောက်ပါ ။

ဒီလို မအားမလပ်တဲ့ ကြားကနေမှ အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ခိုးကိုးရာမဲ့ ကလေးငယ်လေးတွေကိုလည်း ခေါ်ယူစောင့်ရှောက်ပေးနေခဲ့တာ တကယ်ကို လေးစားစရာပါပဲ ။

ကလေးတွေဆိုတာ အရမ်းကို နူးညံ့လို့ မိဘရဲ့ မေတ္တာတရား ငတ်နေသူတွေအဖို့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေး လုံခြုံနေခဲ့ပါတယ် ။

အခုလည်း မသန်စွမ်း ကလေးငယ်လေး တစ်ဦးကို သူရဲ့ဂေဟာမှာ ခေတ္တ ခေါ်ယူ စောင့်ရှောက်ထားတဲ့ သတင်းလေးကို ဝေမျှလာပါတယ် ။

ကလေးပျောက်နေသူရှိပါကလည်း လာရောက်စုံစမ်းမေးမြန်း နိုင်ကြောင်းကို လည်း ” ကလေးကို ကျမ ဂေဟာမှာ ခေါ်ယူထားပါတယ်ရှင်..

ကလေးပျောက်တိုင်ကြားထားသူများ ရှိပါက ဆက်သွယ်နိုင်ပါတယ်..ကလေးကို ပိုင်ရှင် ရှိ , မရှိ (၂၄ )နာရီ စောင့်ကြည့်သွားပါမယ်ရှင်..”ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)








Yuan – Cele Zone

Photo – Khine Hnin Wai