ABIA နှင့် God’s Army တို့ ပူးပေါင်းတိုက်ပွဲဝင်ရန် ကတိသစ္စာပြု

ABIA နှင့် God’s Army တို့ ပူးပေါင်းတိုက်ပွဲဝင်ရန် ကတိသစ္စာပြု

“စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ဗမာ့တိုင်းများလွတ်မြောက်ရေးတပ်မတော် ABIA နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ God’s Army တို့ ပူးပေါင်း တိုက်ပွဲဝင်ဖို့ သဘောတူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်

God’s Army ပဲ့ကိုင်ရှင် လူသာထူးနဲ့ ကရင်ရဲဘော် ၄၀၀ ကျော် တို့ရဲ့ ကတိသစ္စာပြု လက်မှတ်ထိုးခြင်းနဲ့ သစ္စာရေသောက်ပွဲကို အောက်တိုဘာ ၁၃ ရက် ဒီနေ့မှာ ပြုလုပ် ပြီးစီးသွားတယ်လို့ ABIA စစ်ဦးစီးချုပ် ကိုအောင်အောင်ကျော်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်

ကရင်-ဗမာ ချစ်ကြည်ရေး ပိုမိုခိုင်မြဲဖို့ သက်သေ..၊ God’s Army ရဲ့ပဲ့ကိုင်ရှင်တွေဖြစ်တဲ့ အမွှာညီအကို စောလူသာထူးနဲ့ စောဂျော်နီတို့နှစ်ဦးဟာ ဒီကနေ့ပဲ ABIA ဌာချုပ်မှာ လာရောက်ပူး ပေါင်းလိုက်ကြပြီ ဖြစ်ပါတယ် ကျနော်တို့ အလုပ်နဲ့သက်သေပြခွင့် ခိုင်ခိုင်မာမာ ရလိုက်ပြီလို့ ဆိုချင်ပါတယ်

၁၉၉၇ ခုနှစ်ကနေ ၂၀ဝ၀ ပြည့်နှစ်အကြားကာလတွေမှာ ဘုရားသခင်တပ်မတော် God’s Army နဲ့ စစ်အစိုးရတပ်တွေအကြားတိုက်ပွဲတွေမှာ ထူးထူးခြားခြားအောင်ပွဲများရရှိခဲ့ပြီးနောက် God’s Army အဖွဲ့နဲ့အတူ ထိုစဉ်က အသက် ၈ နှစ်လောက်သာရှိသေးတဲ့ အမွှာညီအစ်ကို ဂျော်နီနဲ့ လူသာထူးတို့လည်း လူသိများလာခဲ့ပါတယ်

၁၉၉၉ အောက်တိုဘာလ ဘန်ကောက်သံရုံးစီးနင်းမှုနဲ့ ရတ်ချပူရီဆေးရုံ စီးနင်းမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးလည်း God’s Army အဖွဲ့နဲ့ စွမ်းအားမြှင့်ကျောင်းသားစစ်သည်များ VBSW တို့ ဟာ ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြခံခဲ့ရပါတယ်

ဒီနောက် God Army တပ်မှူး ဂျော်နီနဲ့ လူသာထူး အပါအဝင် တပ်ဖွဲ့ဝင် တဒါဇင်လောက် ထိုင်းစစ်တပ်ဆီမှာ လက်နက်ချခဲ့ကြပြီးနောက် သူတို့ရဲ့သတင်းတွေ ကာလအတန်ကြာ ပျောက်ကွယ် သွားတာဖြစ်ပါတယ်

Ref: DVB Tv

(ZAWGYI)

ABIA ႏွင့္ God’s Army တို႔ ပူးေပါင္းတိုက္ပြဲဝင္ရန္ ကတိသစၥာျပဳ

“စစ္အာဏာရွင္ကို လက္နက္ကိုင္ေတာ္လွန္ေနတဲ့ ဗမာ့တိုင္းမ်ားလြတ္ေျမာက္ေရးတပ္မေတာ္ ABIA နဲ႔ ကရင္လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ God’s Army တို႔ ပူးေပါင္း တိုက္ပြဲဝင္ဖို႔ သေဘာတူလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္

God’s Army ပဲ့ကိုင္ရွင္ လူသာထူးနဲ႔ ကရင္ရဲေဘာ္ ၄၀၀ ေက်ာ္ တို႔ရဲ႕ ကတိသစၥာျပဳ လက္မွတ္ထိုးျခင္းနဲ႔ သစၥာေရေသာက္ပြဲကို ေအာက္တိုဘာ ၁၃ ရက္ ဒီေန႔မွာ ျပဳလုပ္ ၿပီးစီးသြားတယ္လို႔ ABIA စစ္ဦးစီးခ်ဳပ္ ကိုေအာင္ေအာင္ေက်ာ္က သူ႔ရဲ႕လူမႈကြန္ရက္မွာ ေရးပါတယ္

ကရင္-ဗမာ ခ်စ္ၾကည္ေရး ပိုမိုခိုင္ၿမဲဖို႔ သက္ေသ..၊ God’s Army ရဲ႕ပဲ့ကိုင္ရွင္ေတြျဖစ္တဲ့ အမႊာညီအကို ေစာလူသာထူးနဲ႔ ေစာေဂ်ာ္နီတို႔ႏွစ္ဦးဟာ ဒီကေန႔ပဲ ABIA ဌာခ်ဳပ္မွာ လာေရာက္ပူး ေပါင္းလိုက္ၾကၿပီ ျဖစ္ပါတယ္ က်ေနာ္တို႔ အလုပ္နဲ႔သက္ေသျပခြင့္ ခိုင္ခိုင္မာမာ ရလိုက္ၿပီလို႔ ဆိုခ်င္ပါတယ္

၁၉၉၇ ခုႏွစ္ကေန ၂၀ဝ၀ ျပည့္ႏွစ္အၾကားကာလေတြမွာ ဘုရားသခင္တပ္မေတာ္ God’s Army နဲ႔ စစ္အစိုးရတပ္ေတြအၾကားတိုက္ပြဲေတြမွာ ထူးထူးျခားျခားေအာင္ပြဲမ်ားရရွိခဲ့ၿပီးေနာက္ God’s Army အဖြဲ႕နဲ႔အတူ ထိုစဥ္က အသက္ ၈ ႏွစ္ေလာက္သာရွိေသးတဲ့ အမႊာညီအစ္ကို ေဂ်ာ္နီနဲ႔ လူသာထူးတို႔လည္း လူသိမ်ားလာခဲ့ပါတယ္

၁၉၉၉ ေအာက္တိုဘာလ ဘန္ေကာက္သံ႐ုံးစီးနင္းမႈနဲ႔ ရတ္ခ်ပူရီေဆး႐ုံ စီးနင္းမႈျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီးလည္း God’s Army အဖြဲ႕နဲ႔ စြမ္းအားျမႇင့္ေက်ာင္းသားစစ္သည္မ်ား VBSW တို႔ ဟာ ကမာၻ႔မီဒီယာေတြမွာ ေဖာ္ျပခံခဲ့ရပါတယ္

ဒီေနာက္ God Army တပ္မႉး ေဂ်ာ္နီနဲ႔ လူသာထူး အပါအဝင္ တပ္ဖြဲ႕ဝင္ တဒါဇင္ေလာက္ ထိုင္းစစ္တပ္ဆီမွာ လက္နက္ခ်ခဲ့ၾကၿပီးေနာက္ သူတို႔ရဲ႕သတင္းေတြ ကာလအတန္ၾကာ ေပ်ာက္ကြယ္ သြားတာျဖစ္ပါတယ္

Ref: DVB Tv