မိခင်အတွက် အစ်မဖြစ်သူအနားမှာ မရှိပေမဲ့ လိုလေသေးမရှိအောင်ပြုစုပေးနေတဲ့ ပိုင်ဖြိုးသုရဲ့ ညီမလေး

တစ်ယောက်ကို တစ်ယောက် ကူညီပေး ဖေးမမှုတွေနဲ့အတူ ပျော်ရွှင်စရာ မိသားစုလေး ဖြစ်ခဲ့တာကတော့ ပိုင်ဖြိုးသုတို့ မိ သားစုလေးပဲ ဖြစ်ပါတယ်။

သူတို့ပျော်ရွှင်စရာ မိသားစုလေ ဖေဖော်ဝါ ရီ ၁ ရက်နေ့ စစ်တပ်အာဏာ သိမ်းအပြီးမှာတော့ ပျော်ရွှင်စရာတွေနဲ့ ဝေးကွာခဲ့ပါတယ်။

အာဏာရှင်တွေကို ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ ဖမ်းဝရမ်း ထုတ်ခံရပြီး ထွက်ပြေး ပုန်းရှောင် နေခဲ့ရတာပါ။

ဒါကြောင့် ပိုင်ဖြိုးသု မိဘတွေကိုတော့ ညီမဖြစ်သူ နိုင်ဖြိုးဥကပဲ စောင့်ရှောက် ပေးနေခဲ့တာပါ။ ပိုင်ဖြိုးသုတို့ကတော့ ထွက် ပြေးပုန်းရှောင်ရင်းနဲ့ ခုမှာတော့ လွတ်မြောက်နယ်မြေ တစ်ခုကိုရောက်ရှိနေတာပါ။

အရင်က ပျော်ရွှင်စရာ မိသားစုလေးကို ခဏတာ စွန့်ခွာခဲရပေမယ့်လည်း ညီမဖြစ်သူရဲ့ ကြိုးစားမှုတွေ ရင့်ကျက် မှုတွေကြောင့် အနည်းငယ်တော့ စိတ်အေးရမှာ ဖြစ်ပါတယ်။

ပြီးဆုံးအောင် ဖတ်ပေးကြတဲ့ စာဖတ်သူ ပရိသတ်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ချမ်းသာ ကြပါစေခင်ဗျာ။

Crd-Original Post

(ZAWGYI)








Crd-Original Post