သဘာ၀ ဆီးချို သက်သာစေမည့်နည်း

(မြန်မာနိုင်ငံ နေရာအနှံ့မှာ ရှာတွေ့နိုင်တဲ့ ဆေးရွက်လေးပါ)
ကျွန်တော် သြင်္ကန် ရက်မှာ ပူလွန်းလို့ ဘယ်မှ မသွားဘဲ အိမ်မှာပဲနေတယ်…အိမ်ကို ကျွန်တော် သူငယ်ချင်း ချစ်စနိုးနဲ့ သူငယ်ချင်းတွေခေါ်တဲ့နံမည်(ကိုပဲကြီး) ရောက်လာတယ်…ဦး ပုဂံ ပြည်သားရေ

ကျွန်တော် ဆီးချိုလုံး၀ ကျသွားပြီ…အင်္ဂလိပ် ဆေးကတော့ သောက်ရင် ဆီးချိုကျတယ်…ဒါပေမယ့် လူကတော့ အရမ်းနှုံးသွားတယ်။ ဒါပေမယ့် ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က ဒီ ခရေရွက် မနုမရင့် လေးနဲ့ စမ်းသောက်ကြည့်ပါလားဆိုပြီး သောက်လိုက်တာ အရမ်းကို အဆင်ပြေသွားတယ်။ ဆီးချိုလည်း ကျတယ်…လူလည်းမနှုန်းတော့ဘူး…

ကိုပဲကြီး ပေးတဲ့ ဆေးနည်းလေးကတော့………

ခရေရွက် ဖြင့် ဆီးချိုရောဂါ ကုနည်း
(၁) ခရေရွက် ခပ်သန့်သန့် မနုမရင့်ကို လက်တစ်ဆုပ်ခန့် ခူးယူပါ။
(၂) ခရေရွက် များကို ရေစင်အောင် ဆေးကြော၍ ရေသုံးခွက်တစ်ခွက်တင် ကျိုလိုက်ပါ။
(၃) ၎င်း ခရေရွက် ကျို ဆေးရည် ကို တစ်နေ့တစ်ခွက် သောက်ပေးပါ။

တစ်ပတ်ခန့် သောက်သုံးပြီးလျှင် ဆီးချိုရောဂါ များ ခန္ဓာကိုယ် အတွင်းမှ သိသာစွာ လျှော့ကျသွားပါလိမ့်မည်။
ပိုက်ဆံ အကုန်အကျလည်း သက်သာသလို သဘာဝဆေးနည်းဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။

ဆရာဇီဝကကြီးပြောခဲ့သလိုပါပဲ။ သစ်ပင်သစ်ရွက် တိုင်း ဟာ ဆေးဖက်ဝင် ပါတယ်တဲ့။ မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့ စကားအတိုင်းပါပဲ။
ကဲ မိတ်ဆွေတို့လည်း ဒီ ဆေးနည်း လေးကို ဆီးချိုဝေဒနာရှင် များအတွက် မျှဝေပေးလိုက်ပါကြပါဦးနော်။

လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့နေဆိုင်(ပူတာအို)၏ ဆေးနည်းကို ဦး ပုဂံ ပြည်သားမှ ပြန်လည်တင်ဆက်လိုက်ရပါတယ်…

credit : Myawady Health