နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ပိဋကတ်တစ်ပုံ အာဂုဏ်ဆောင်နိုင်ခဲ့တဲ့ အမျိုးသမီး

၅၂ကြိမ်မြောက် အဘိဓမ္မစာတော်ပြန်ပွဲ ဘွဲ့နှင်းသဘင်ဟာ ထူးခြားမှုတွေနဲ့ ပြည့်နက်နေတာပါ။ နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဦးဆုံး ပိဋကတ် တစ်ပုံဆောင် အမျိုးသမီး တစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်နော်။

တကယ်တော့ အဘိဓမ္မပိဋကတ်ဟာ ပိဋကတ် ၃ပုံအနက် အကျယ်ဆုံးနဲ့ အခက်ဆုံးလို့ ပြောလို့ရတာပါ။အထူးသဖြင့်တော့ အာဂုံထက် သဘောရေးဖြေ စားမေးပွဲတွေဟာ ဉာဏ် သက်ဝင်ဖို့ အလွန်ခက်ပါတယ်နော်။

အဘိဓမ္မာ အထက်ပိုင်းဖြစ်တဲ့ယမိုက် ပဋ္ဌာန်းတွေမှာ သာ၍ ခက်ခဲတာပါ။အဘိဓမ္မာ ရကျမ်း၊ စာအုပ်ရေ ၁၂အုပ်၊ စာမျက်နှာပေါင်း ၄၉၈ရကို အာဂုံလည်းအလွတ်ရွတ်ဖတ်နိုင်ဖို့ လိုသလို၊ သဘောရေးဖြေ ကိုလည်း ကောင်းစွာ ဖြေဆိုနိုင်ဖို့ လိုပါတယ်နော်။ လူပုဂ္ဂိုလ်များအဖို့

ဒါကို ဖြေခွင့်မရမီ အခြေခံ အဆင့်ကို အရင် ဖြတ်ကျော်ရပါတယ်နော်။ ကျမ်းအစိတ်အပိုင်း ၁၅ပိုင်းကို ဦးစွာ ဖြေဆိုအောင်မြင်ပြီးကာမှ အထက်ဖော်ပြပါ စာမျက်နှာ ၄၉၈ရကို ဖြေဆိုခွင့်ရှိတာပါ။အ ခြေခံအဆင့်မှာတင်ပဲ ၅နှစ် ၆နှစ် အချိန်ယူရလေ့ရှိတာမို့

အလွန်ရှည်လျားတဲ့ ဓမ္မခရီးလို့ ဆိုရမှာပါ။အထက်ပါခရီးရှည်ကြီးကို ဆရာမကြီး (ဒေါ်လှလှဝင်း)ကတော့ ပညာသဒ္ဓါ ဝီရိယတွေနဲ့ အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါပြီနော်။ ဒီဆရာမကြီးဟာ ခက်ပေ့ဆိုတဲ့ ပဋ္ဌာန်းကျမ်း ရေးဖြေတွေမှာ

ထူးချွန်စွာ ဖြေဆိုနိုင်လို့(အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)ဆိုတဲ့ ဘွဲ့ထူးကိုလည်း တိပိဋကဓရ ယောဆရာတော်ဘုရားကြီးက ထပ်ဆင့် ဂုဏ်ပြုချီးကျူးခဲ့ရပါတယ်နော်။

ဒါ့အပြင်ကို အဘိဓမ္မာပြန့်ပွားရေးအ သင်းကြီးကလည်း ဆရာမကြီးကိုချီးမြှင့်ငွေသိန်း(၁၀၀) ချီးမြှင့် ပေးအပ်ခဲ့ကြောင်း ဝမ်းမြောက်ဖွယ် ကြားသိရတာပါ။ ဒါကြောင့်မို့ လူဝတ်ကြောင် အမျိုးသား အမျိုးသမီးများအဖို့ ဆရာမကြီး ဒေါ်လှလှဝင်းကို ဂုဏ်ယူ သာဓုခေါ်ပြီး

အတုယူ သာသနာပြုနိုင်ပါစေကြောင်းဝမ်းမြောက်စွာ ဖော်ပြလိုက်ရပါတယ်နော်။ ဒေါ်လှလှဝင်း(မဟာအာဘိဓမ္မိက ကလျာဏဉာဏဓဇ၊ မဟာအာဘိဓမမြိက အဂဂြဝိသာရဒ ဉာဏိနီ၊အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)အား ဂုဏ်ပြု၍ မေတ္တာဖြင့်၊ မောင်စော

(ဆရာမကြီးသည် ရန်ကုန်တိုင်း အလုံမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တရားဓမ္မများ ဖြန့်ဝေသင်ကြားလျက်ရှိ ပါတယ်နော်။

Crd-Original Post