နာမကျန်းဖြစ်နေတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားအယောက်(၁၀၀)ကို ဆေးဖိုးထောက်ပံ့လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ ဒီနေ့မှာလည်း အလှူဒါနလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ နေ့တိုင်းလိုလိုကို တစ်ခုမဟုတ်တစ်ခုလှူဒါန်းပေးနေခဲ့တာဖြစ်ပြီးဒီနေ့အလှူလေးမှာတော့ အဖိုးအဖွားတွေအတွက် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့အလှူလေးမှာ ခိုင်နှင်းဝေက သက်ကြီးရွယ်အို နာမကျန်းတဲ့ အဖိုးအဖွား တစ်ယောက်ကို ဆေးဖိုးအလှူငွေ (၁)သောင်းကျပ်နှုန်းနဲ့ စုစုပေါင်း အဖိုးအဖွားအယောက်(၁၀၀)စာအတွက် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

အလှူငွေလေးတွေရရှိတဲ့ အချိန်မှာတော့ ဆေးသွားထိုးမယ်ဆိုတဲ့သူနဲ့ အသားဝယ်စားမယ်ဆိုပြီးပြောတဲ့သူနဲ့ ငိုတဲ့သူတွေတောင်ရှိတာကြောင့် ခိုင်နှင်းဝေက အလှူလေးကို ပီတိဖြစ်ရသလို စိတ်မကောင်းဝမ်နည်းတဲ့စိတ်လည်း ဖြစ်ခဲ့ရပါသေးတယ်တဲ့။

ခိုင်နှင်းဝေကတော့ ဒီနေ့မှာပြုလုပ်တဲ့ သူ့ရဲ့အလှူလေးကိုလည်း ပရိသတ်တွေသာဓုခေါ်ဆိုကြဖို့ သူ့ရဲ့လူမှုကွန်စာမျက်နှာကနေမျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ဒီနေ့မှာပြုလုပ်တဲ့ ခိုင်နှင်းဝေရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai

(ZAWGYI)








Source – Khine Hnin Wai

Crd-Original Post