မကြာခင်ရက်ပိုင်းက ကွယ်လွန်သွားတဲ့ (၁၂) ရက်သမီးလေးကို ရည်စူးပြီး မွန်မြတ်သော အလှူလေး တစ်ခုပြုလုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

မကြာခင်ရက်ပိုင်းက ကွယ်လွန်သွားတဲ့ (၁၂) ရက်သမီးလေးကို ရည်စူးပြီး မွန်မြတ်သော အလှူလေး တစ်ခုပြုလုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးငယ်လေးတွေ အတွက်လည်း မှီခိုအားထားရာတစ်ခုအဖြစ် ရပ်တည်ပေးနေသူလည်း ဖြစ်ပါတယ် ။

လှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေကတော့ အခုလိုကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်တဲ့ အခြေအနေတွေမှာလည်း အစစရာရာခက်ခဲပင်ပန်းနေကြတဲ့ ပြည်သူတွေကိုတတ်နိုင်သလောက် ကူညီနေတာ တွေ့ရပါတယ် ။

နေ့စဉ်နဲ့အမျှ ပြည်သူတွေအတွက် လှူဒါန်းနေကာ စားဝတ်နေရေးခက်ခဲနေသူတွေကိုလည်း အလှူငွေတွေအပြင် စားသောက်ကုန်ကို လိုက်လံပေးဝေလှူဒါန်းနေတာ ဖြစ်ပါတယ် ။

(၇) ရက်သားသမီး အလှူရှင်တွေကလည်း သူမရဲ့ အသင်းကို အလှူငွေများ တတ်နိုင်သလောက် လှူဒါန်းထောက်ပံ့ကာ ကူညီပေးလျက်ရှိတာကိုတွေ့ရပါတယ် ။

အခုလည်း မကြာခင်က ကွယ်လွန်သွားတဲ့ (၁၂) ရက်သမီးလေး အပါအဝင် ဘဝတပါးကူးပြောင်းသွားသော ခုနှစ်ရက် သားသမီးများအား ရည်စူးပြီး ရန်ကင်း ကလေးဆေးရုံကြီးမှာ လူပေါင်း (၅၀၀) စာ အတွက် နို့ခေါက်ဆွဲ များ လှူဒါန်းပေးခဲ့ပါတယ် ။

သူမရဲ့ အလှူလေးကိုလည်း သာဓု ခေါ်ဆိုနိုင်ရန် ပုံရိပ်တွေကို ဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)

မၾကာခင္ရက္ပိုင္းက ကြယ္လြန္သြားတဲ့ (၁၂) ရက္သမီးေလးကို ရည္စူးၿပီး မြန္ျမတ္ေသာ အလႉေလး တစ္ခုျပဳလုပ္ေပးခဲ့တဲ့ ခိုင္ႏွင္းေဝ

ခိုင္ႏွင္းေဝကေတာ့ မိဘမဲ့ကေလးငယ္ေလးေတြ အတြက္လည္း မွီခိုအားထားရာတစ္ခုအျဖစ္ ရပ္တည္ေပးေနသူလည္း ျဖစ္ပါတယ္ ။

လႉဒါန္းမႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတဲ့ ခိုင္ႏွင္းေဝကေတာ့ အခုလိုကပ္ေရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္တဲ့ အေျခအေနေတြမွာလည္း အစစရာရာခက္ခဲပင္ပန္းေနၾကတဲ့ ျပည္သူေတြကိုတတ္ႏိုင္သေလာက္ ကူညီေနတာ ေတြ႕ရပါတယ္ ။

ေန႔စဥ္နဲ႔အမွ် ျပည္သူေတြအတြက္ လႉဒါန္းေနကာ စားဝတ္ေနေရးခက္ခဲေနသူေတြကိုလည္း အလႉေငြေတြအျပင္ စားေသာက္ကုန္ကို လိုက္လံေပးေဝလႉဒါန္းေနတာ ျဖစ္ပါတယ္ ။

(၇) ရက္သားသမီး အလႉရွင္ေတြကလည္း သူမရဲ႕ အသင္းကို အလႉေငြမ်ား တတ္ႏိုင္သေလာက္ လႉဒါန္းေထာက္ပံ့ကာ ကူညီေပးလ်က္ရွိတာကိုေတြ႕ရပါတယ္ ။

အခုလည္း မၾကာခင္က ကြယ္လြန္သြားတဲ့ (၁၂) ရက္သမီးေလး အပါအဝင္ ဘဝတပါးကူးေျပာင္းသြားေသာ ခုႏွစ္ရက္ သားသမီးမ်ားအား ရည္စူးၿပီး ရန္ကင္း ကေလးေဆး႐ုံႀကီးမွာ လူေပါင္း (၅၀၀) စာ အတြက္ ႏို႔ေခါက္ဆြဲ မ်ား လႉဒါန္းေပးခဲ့ပါတယ္ ။

သူမရဲ႕ အလႉေလးကိုလည္း သာဓု ေခၚဆိုႏိုင္ရန္ ပုံရိပ္ေတြကို ေဝမွ်ထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Khine Hnin Wai