ဝမ်းသာ မျည်ရည်ကျသည်အထိ ဘဝမှာ ကျေနပ် ပီတိဖြစ်ခဲ့ရဆုံး အမှတ်တရလေးကို ပြောပြလာတဲ့ မိတ်ကပ် လင်းလင်း

နိုင်ငံကျော် မိတ်ကပ်ပညာရှင် လင်းလင်းကို တော့ အားလုံးသိကြမယ်ထင်ပါတယ်။ စကားပြောဆိုရာမှာ ဟာသညဏ်ရွှင်ပြီး ချစ်စရာကောင်းတဲ့ အမူအရာတွေနဲ့ ပရိသတ်တွေ ရင်ထဲ ရောက်ရှိခဲ့တဲ့ လင်းလင်း ကတော့ ယခုအချိန်မှာ နေရာ တစ်ခုထိ ရောက်ရှိအောင်မြင်နေတာပဲဖြစ်ပါတယ်။

မိတ်ကပ်ဖန်တီးရှင် အနေနဲ့ အနုပညာ လမ်းပေါ် စတင်ရောက်ရှိခဲ့သော်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ သူရဲ့ ဘဝမှာ ဝမ်းသာ မျက်ရည်ကျသည်အထိ ကြည်မူး ပီတိဖြစ်ခဲ့ရတဲ့ အမှတ်တရလေးကို ဝေမျှလာပါတယ် ။

ဒါကတော့ တော်ရုံ ဖူးခွင့်ရဖို့ မလွယ်ကူတဲ့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကို ကိုယ်တိုင်ကိုယ်ကျ သင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ် ။

ဒီအကြောင်းကိုလည်း ” ဒီဘဝ အတွက်…အကျေနပ်ဆုံး ပီတိအဖြစ်ဆုံး နေ့လေးတစ်နေ့ပါ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရား ကြီးကို ကိုယ်တိုင်ကိုယ်ကျ သင်္ကန်းမြတ် ကို ဆပ်ကပ်လှူဒါန်းလိုက်ရလို့ ဝမ်းသားလွန်းလို မျက်ရည်ကျခဲရပါတယ်

ထို ကုသိုလ်အစုစုအား ၇ရက်သားသမီးအပေါင်း ထပ်တူရပါစေ” လို့ ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

 

Yuan – Cele Zone

Photo – Lin Linn

(ZAWGYI)








Yuan – Cele Zone

Photo – Lin Linn