ရှစ်လအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၃၆၆ ယောက် နုတ်ထွက်

အောက်တိုဘာ၊ ၁၂

ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ထွက်သွားတာ အနည်းဆုံး ၃၆၆ ယောက်ရှိတယ်လို့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နှုတ်ထွက်ကြတဲ့ အုပ်ချုပ်ရေးမှုးတွေမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ရန်ကုန်နဲ့ မကွေးမှာလည်း နှုတ်ထွက်သူတွေ တိုးလာနေတယ်လို့ သိရပါတယ်။

ယင်းအပြင် ထီးချိုင့်၊ ရေစကြို၊ ခရမ်းမြို့နယ်တွေမှာလည်း နှုတ်ထွက်သူအရေအတွက် ပျမ်းမျှ ၅၀ နီးပါးစီရှိပြီး နှုတ်ထွက်သူအများဆုံး မြို့နယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြို့နယ်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရာထူးမှနုတ်ထွက်ဖို့အတွက် အကြောင်းကြာစာများ အသီးသီး ပေးပို့ထားပြီး ဖြစ်ပါတယ်။

Myanma Platform

(ZAWGYI)


အောက်တိုဘာ၊ ၁၂





Myanma Platform