နှစ်ပေါင်း (၁၆၀၀)သက်တမ်းရှိသော ဗုဒ္ဓရုပ်ပွားတော်ကို ရှာဖွေတွေ့ရှိ

နှစ်ပေါင်း ၁၆၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ဒီ ဗုဒ္ဓရုပ်ပွားတော်ကို ၂၀၁၂ ခုနှစ်တုန်းက အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်ရဲ့ အရှေ့တောင်ဘက် ၄၀ ကီလိုမီတာအကွာမှာရှိတဲ့ Mes Aynak ဒေသကနေ တူးဖော်ရရှိခဲ့တာပါ။

တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုက ကြေးနီသတ္တုတွင်းအတွက် တူးဖော်စဉ်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ရှေးဟောင်းဘုန်းကြီးကျောင်းရဲ့နယ်မြေထဲက နေတူးဖော်ရရှိခဲ့တာဖြစ်ပြီး တူးဖော်ရရှိခဲ့သမျှရုပ်ပွားတော်တွေထဲမှာ ရှားရှားပါးပါး အကောင်းပကတိနီးပါး ရှိတဲ့ရုပ်ပွားတော်ဖြစ်ပါတယ်။

တချိန်က ဗုဒ္ဓဘာသာတိုင်းကြီးတစ်တိုင်းဖြစ်တဲ့ဂန္ဓာရတိုင်းထဲမှာ ပါဝင်ခဲ့တဲ့ ဒီနေရာမှာ ဗုဒ္ဓဘာသာ အလွန်ထွန်းကားခဲ့ဖူးပါတယ်။ဒီရုပ်ပွားတော်ကိုတော့ အေဒီ ၃ရာစု နဲ့ ၅ရာစုကြားကာလမှာ ထုလုပ်ခဲ့တာဖြစ်တာကြောင့် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၆၀၀ခန့် ရှိနေပါပြီ။

လက်ရှိမှာတော့ ဒီရုပ်ပွားတော်ကို ကာဘူးလ်ပြတိုက်မှာ ထိမ်းသိမ်းပြသထားပါတယ်။

Credit :သုတဇုန်

(ZAWGYI)






Credit :သုတဇုန်