ပျံ လွန်တော်မူတာ နှစ်ထောင်ကျော်ပေမယ့် ဦးနှောက်နှင့်အရိုးများ မပျက်စီးသေးတဲ့ရဟန်းတော်

နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး၏ မံမီရုပ်ကလာပ်ကို (CT Scan) စီတီစက် ဖတ်ကြည့်ရာတွင် အရိုးများနှင့် ဦးနှောက် တစိတ်တပိုင်းဟာ ကောင်းမွန်နေဆဲ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဟေဘိုင် ပြည်နယ်၊ ဒင်ဂူကျောင်းတော်မှာ ရှိသော ဘုန်းတော်ကြီး စီရှန်၏ ရုပ်ကလာပ်ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စီရှန်ဘုန်းတော်ကြီးဟာ ရှေးခေတ်နှစ်ပေါင်း တထောင်တည်းက အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ ဗုဒ္ဓသာသနာ ပြန့်ပွားစေရန် သာသနာပြု ကြွလာခြင်း ဖြစ်သည်ဟု ဆိုသည်။

စီတီစကန် (CT Scan) ကို ရိုက်တဲ့အချိန်မှာ ရဟန်းတော်များ၊ ကြည်ညိုသူများနှင့် မီဒီယာတွေက စောင့်ကြည့်ခဲ့ကြပါတယ်။

ဒေါက်တာက ဘုန်းတော်ကြီး စီရှန်ဟာ အရိုးဖွဲ့စည်းပုံတွေ အကောင်းတိုင်း ရှိသေးကြောင်း၊ ဦးနှောက်တခုဟာလည်း ပြည့်စုံသေးကြောင်း ပြောလိုက်တော့ လူတွေဟာ ထိတ် လန့် အံ့သြခဲ့ကြသည်။

ဒေါက်တာ ဝုယွန်ကင်က စီတင်စကင် ပြီးနောက် “သူ့ရဲ့ အရိုးတွေဟာ သာမန်လူတယောက် ကောင်းသလိုမျိုး ကောင်းနေတာကို မြင်ရတယ်။” ဟု

ပီးယား ဗီဒီယိုမီဒီယာကို ပြောသည်။အပေါ်ပိုင်း မေးရိုး၊ အပေါ်ပိုင်း သွားများ၊ နံရိုး၊ ကျောရိုးနှင့် အရိုးအချိတ်အဆက်များသည် အကောင်းတိုင်း ရှိနေသည်ဟု ဆိုသည် “ဒါဟာ မယုံကြည်နိုင်စရာ ပါပဲ” ဟု ပြောသည်။

သမိုင်း မှတ်တမ်းများအရ ဘုန်းတော်ကြီး စီရှန်ဟာ အိန္ဒိယမှ ဖြစ်သည်ဟု ဆိုသည် ၉၁၆ မှ ၁၁၂၅ ခုနှစ် ခုနှစ်ခန့်မှာ သူဟာ အိန္ဒိယမှ တရုတ်နိုင်ငံ ခေတ္တန်ဘုရင် အုပ်ချုပ်သော ဒေသသို့ ဗုဒ္ဓဒေသနာတော် များ ဟောပြောရန်

ခရီးထွက်ခဲ့သည်။ယခုတရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကိုရီးယားကျွန်းဆွယ် အရပ်ဖြစ်သည် သူသည် အရေးကြီးသော သုတ္တန်ဒေသနာတော် ၁၀ ခု ခန့်ကို တရုတ်ဘာသာသို့ ပြန်ဆိုခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်း မှာတော့ ဘုရင်ကိုယ်တိုင်က သူ့ကို နိုင်ငံတော်ရဲ့ ဘုန်းကြီးတပါးအနေဖြင့် ခေတ္တန်ဘုန်းတော်ကြီးဟု ဘွဲ့မည် ပေးခဲ့သည် သူ့ရဲ့ ဘာသာပြန်အချို့ကို

ကျောက်စာများတွင် ရေးထိုးခဲ့ပြီး ယနေ့တိုင် တွေ့နိုင်ပေသည်။ဘုန်းတော်ကြီး ပျံတော်မူ ပြီးနောက် တပည့်တပန်းများက သူ၏ ရုပ်ကလာပ်တော်ကို မံမီပြုလုပ်ပြီး ထိန်းသိမ်းခဲ့ကြသည်။

သို့သော် ထို ရုပ်ကလာပ်တော်မှာ နောက်ပိုင်းတွင် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သေးသည် ရုပ်ကလာပ်တော်ကို ၁၉၇၀ ခုနှစ်တွင် ဂူတခုအတွင်းမှ ပြန်လည် တွေ့ရှိခဲ့သည်။

ဒင်ဂူကျောင်းတော်မှ ဘုန်းတော်ကြီး ဒူက “ဘုန်းတော်ကြီး စီရှန်ရဲ့ မံမီရုပ်ကလာပ်တော်ကို ၂၀၁၁ ခုနှစ်ကစပြီး ယခု ဒင်ဂူကျောင်းတော်မှာ ကိုးကွယ်လာခဲ့တယ်” ဟု မိန့်ကြားသည်။

ရုပ်ကလာပ်တော်ကို ယခုနေရာမှ ရှန်တန်တောင်ပေါ်ရှိ အဆောက်အဦး တခုသို့ ပြောင်းရွှေ့ရန် စီစဉ် နေကြသည် ရုပ်ကလာပ်တော်ကို ၂၀၁၇ ခုနှစ်ကုန်ထိ ဒင်ဂူကျောင်းမှာ နောက်ဆုံး အပူဇော်ခံထားခဲ့တယ်လို့ သိရပါတယ်။

Crd-Original Post