ဘုရားမဟုတ် ညာတင်ကုတ် သိဒ္ဓိဝင်ညာတင်ကုတ် ရုပ်ထုတွေအကြောင်း

ဘုရားမဟုတ် ညာတင်ကုတ် ကိုင်ကြည့်လက်တစ်ဆုပ် ပညာခန်း တစ်ခန်းမြှုပ် လုပ်ကြည့်တကုတ်ကုတ် သိသူဖော်စား မသိသူကျော်သွား ဆိုရိုးရွိသတဲ့

ဒီအကြောင်းပြောရရင် ရာဇဝင်များတယ် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပဲ နယ်ပယ်အလိုက် ပညာအယူဆ အမျိုးမျိုးရှိပါတယ်

တစ်ချို့ကလည်း ဆေးညာတင်ကုတ်ဆိုပြီး ရှိပြန်တယ်..ညာတင်ကုတ်ဆိုတာ ရှေးလောကီပညာရှင်တွေက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ စီမံခဲ့တာပါ ဘုရားမဟုတ်ပါဘူး

ဂမ္ဘီရဆန်ဆန်ပြုလုပ်ထားတဲ့ အရာတစ်ခုသာဖြစ်တယ်…အဓိကအားဖြင့် အဂ္ဂိရတ်သမားတွေအတွက်လို့ ဆိုကြပြီး အတုတွေလည်း အလွန်ပေါတယ်…

လိုအပ်သူတွေကတော့ ဈေးကြီးပေးဝယ်လေ့ရှိကြတယ်..သူ့ရဲ့အစွမ်းက လိုတရတယ်လို့တောင် ပြောကြတယ်..တစ်ချို့ကလည်း လိုရာပြီးတယ်လို့ ဆိုကြပြန်တယ်

မြန်မာပြည်မှာ တကယ်အစွမ်းထက်တဲ့ ညာတင်ကုတ် အရေအတွက်စုစုပေါင်းကို လူတစ်ချို့က ၁၂ ခု ၁၃ ခုလောက်အထိ ရှိကြောင်း

တစ်ချို့ကလည်း ၂ ခု ၃ ခု ၅ ခုသာ ရှိကြောင်း ရေးသားပြောဆိုကြတာကို လေ့လာမှတ်သားခဲ့ဖူးတယ်…။

ညာတင်ကုတ်မှာ ပြဒါးရည်အလိုက် အဖြူ အနီကွဲတယ်…၄.၆ စင်တီမီတာ အမြင့်ရှိတယ်လို့လည်း ဆိုကြတယ်..ထုပ်တန်းပေါ်တင်ပြီး သုံးဆောင်ဖွယ်ကပ်လှူရင်

မျက်နှာ တစ်ဖက်လွှဲသွားတယ်လို့ ဆိုတယ်…ပြဒါးရည် ပြဒါးရှင်နဲ့ ပြုလုပ်ထားတဲ့တွက် အစွမ်းထက်ပုံ ထူးခြားဆန်းကြယ်တတ်ပါတယ်…။

ရုပ်တုအထဲမှာ ပြဒါးရှင် ပြဒါးလုံးပါရှိပြီး ဖယောင်းတိုင်နဲ့ မီးကပ်ဆွဲကြည့်ရင် ၃ ပေကျော်အထိ မီးညွန့်လိုက်ပါသတဲ့ ရွှေထည့်ရင် ဖြူပြီး ငွေထည့်ရင် နီတဲ့ ညာတင်ကုတ် ရုပ်တုများလည်းရှိပါတယ်

ပြဒါးခဲသောရုပ်တုရဲ့ ပလ္လင်အောက်မှာ ပြဒါး ၅ ကျပ်သား တင်ခဲနိုင်တဲ့ သပိတ်ခြမ်းကို ထည့်သွင်းပြုလုပ်စေတယ်လို့ ဆိုကြတယ်..ရုပ်တုအသားပေါ်မှာတော့ ပြဒါး မခဲနိုင်ပါ

မှိုကိုးချက် အင်းကွက် အမျိုးမျိုးအပြင် ပလ္လင်အောက်မှာ လက်ဗွေရာထည့်သွင်းခြင်း နောက်ကျောဘက်နဲ့ ရှေ့ရင်ဘတ်တွေမှာ စ.ဓ.ဗ.ဝ အင်းတွေကိုလည်း ပညာရပ်အလိုက်

ထည့်သွင်းစီရင် ပြုလုပ်စေတယ်လို့ ဆိုကြတယ်…။ညာတင်ကုတ်တွေမှာ ထည့်သွင်းစီရင်စေတဲ့ ပြဒါးရဲ့ထူခြားမှုက လုံဆောင်တစ်ခုထဲ ထည့်ကျိုပြီး

အခြားလုံဆောင်တစ်ခုထဲကို လောင်းထည့်လိုက်ရင် မူလပုံစံတူအတိုင်း ပြန်ရတယ်လို့ ဆိုတယ် စက်နှိုးထားတဲ့ ကားဒက်ရ်ှဘုတ်ပေါ်တင်ရင် စက်သေတယ်…။

ပြဒါးကိုပြန်မဖယ်မချင်း ကားစက်နှိုးလို့မရဖြစ်စေတယ် အစွမ်းထက်တဲ့ ညာတင်ကုတ်ကို ပြဒါး ၅၀ သားခန့်ထည့်ထားတဲ့ စတီးခွက်ထဲထည့်ရင်

လဲမသွားဘဲ ဘေးဘယ်ညာသို့ပြောင်းထိုင်ခြင်း ထိုင်နေတဲ့ ညာတင်ကုတ်ကို ရောင်းခွင့်မရှိပါက သိသာထင်ရှားတဲ့ ထူးခြားမှုပြပါလို့ တောင်းဆိုရင်

ထိုင်နေတဲ့ပြဒါးထဲကို ဝင်သွားတယ်လို့ ဆိုတယ်..သိမ်ဝင်အပ်နဲ့ထိုးကြည့်ရင် ရုပ်တုခေါင်းပေါ်မှာဝဲနေပြီး အပ်ဝင်အောင် ထိုးစိုက်မရဖြစ်လိမ့်မယ်လို့ ဆိုကြတယ်

ပြဒါးသေနဲ့ စီရင်ပြုလုပ်ထားတဲ့ ညာတင်ကုတ်တွေလည်း ရွိတယ္လို့ ဖော်ပြကြတယ် ပြဒါးအဖြူသေထက် ပြဒါးအနီသေက ပိုစွမ်းပေမယ့် ပြဒါးအဖြူသေကိုတော့ တွေ့ရခဲတယ်

ပြဒါးအဖြူသေနဲ့ စီရင်ထားတာကို ညာတင်ကုတ် အဖြူလို့ခေါ်ကြပြီး ပြဒါးအနီသေနဲ့ စီရင်ထားတာကိုတော့ ညာတင်ကုတ် အနီလို့ခေါ်ကြတယ်…။

သာမာန်လူတစ်ဦးက အစွမ်းရှိတဲ့ ညာတင်ကုတ်ကိုင်ပြီး မိမိလိုအပ်နေတဲ့ပုဂ္ဂိုလ်ကို အသံထွက်ခေါ်လိုက်ရင် နောက်နေ့ရောက်လာပြီး လိုရာဖြည့်ဆည်းပေးတယ်

ခေါ်တဲ့သူက သီလ သမာဓိ ရွိဖို့လိုတယ္လို့ ဆိုတယ်…အစွမ်းထက် ညာတင်ကုတ်တွေမှာ မှိုကိုးချက် လေးကွက်အင်း လက်ဗွေရာ

စဓဗဝ တွေပါရှိပြီး အရည်ကျို၍ အအေးခံလိုက်ပါက မူလပုံစံအတိုင်းပြန်ဖြစ်တယ်လို့ ဆိုကြတယ်

ညာတင်ကုတ်တွေဟာ သိဒ္ဓိဝင်ဖြစ်တာကြောင့် ဘုရားတည်ကျောင်းဆောက် သာသနာပြုလုပ်ငန်းတွေမှာ သာသနာပြုသူအတွက် များစွာအထောက်အပံ့ဖြစ်စေတယ်

သာမာန်လူတွေအတွက်ကတော့ ပီယ ဓန ပီယသျှို မျှသာ အသုံးဝင်လိမ့်မယ် လောကီလမ်းဘက်သာ အားပေးသည်ဟု ဆိုကြတယ်…။

ဝိသမေလာဘသားမ်ား ရောင်းဝယ်ပါက မိသားစုခိုက်၏ အန္တရာယ်များ၏ဟု ဆိုကြတယ် လက်ထဲကိုင်ထားပြီး လောဘနှင့်လိုက်မရောင်းရ

အိပ်မက်ပေးတဲ့ ဝယ်သူလာရင် ရောင်းခွင့်ရှိတယ် အိပ်မက်မပေးထားတဲ့ ဝယ်သူရှေ့မှာ အစွမ်းမပြဘူးလို့ ညာတင်ကုတ်နဲ့ နီးစပ်မှုရှိသူတွေက ဆိုကြတယ်

သိဒ္ဓိဝင်တဲ့ ညာတင်ကုတ်တွေဟာ ပခုံးပေါ်မှာ မီးနဲ့ဝိုက်ဆွဲကြည့်ပါက သက်တန့်ရောင် ထွက်တယ် ပြဒါးကပ်တယ် မီးကိုဆွဲတယ်

အပ်ဝဲတယ် အင်းကွက်ပါတယ် အသားတစ်ပြရင် မျက်နှာလွှဲတယ်….။

စကားချပ် ဗုဒ္ဓဘုရား ဆင်းတုတော်တွေကို မသင့်မလျော် ထုလုပ်ထားပါတယ်ဆိုပြီး ထင်မှတ်မှားနေခဲ့ကြတဲ့ သူတွေအတွက် ဗဟုသုတရစေရန် အလို့ငှာ

သိဒ္ဓိဝင် ညာတင်ကုတ် ရုပ်တုတွေအကြောင်း မှတ်သားဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းသာဖြစ်တယ်…။

ပြန်လည်ရေးသားမျှဝေသူ အောင်ဆန်းဇော်