လပြည့်နေ့နှင့် ဗုဒ္ဓဟူးနေ့တိုက်ဆိုင်သည့်နေ့မှသာ ပြုလုပ်ရသည့် ကုသိုလ်ထူး

လပြည့်နေ့နှင့် ဗုဒ္ဓဟူးနေ့တိုက်ဆိုင်သည့်နေ့မှသာ ပြုလုပ်ရသည့် ကုသိုလ်ထူး

”သီတင်းကျွတ်လပြည့်နေ့တွင်”” ရှင်ဥပ္ပဂုတ္တ ရဟန္တာအရှင်မြတ်ကြီးကို အာရုံဆွမ်းကပ်လှူကြပါရန်…

ယခု မြန်မာသက္ကရာဇ် ၁၃၈၃. ခုနှစ် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဟူး နေ့ ဖြစ်နေပါသဖြင့်

လပြည့်နေ့ နှင့် ဗုဒ္ဓဟူး နေ့တို့ တိုက်ဆိုင် ကျရောက်တဲ့နေ့မှာ ပြုလုပ်ရတာဖြစ်ပါတယ်၊

# ပုလဲနဝင်း (အမှတ်၁)စာအုပ်တွင် ရေးသားဖော်ပြပေးထားပါတယ်) လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးတို့ကို

အလျှင်အမြန်ပြည့်ဝစေသော ဒါနကုသိုလ်တစ်ခုကို ၇ ရက်သားသမီးများ အကျိုးစီးပွား ဖြစ်ထွန်းစေဖို့ ဖော်ပြပေးလိုက်ပါတယ်၊

တောင်သမုဒ္ဒရာမှာ ကြေးပြသာဒ်နဲ့ စံပယ်နေတော်မူသော ရှင်ဥပ္ပဂုတ္တ ရဟန္တာအရှင်မြတ်ကြီးသည် လပြည့်နေ့နှင့် ဗုဒ္ဓဟူး နေ့ တိုက်ဆိုက်သည့်နေ့တို့တွင် လူ့ပြည်သို့ ကြွရောက်ပါသည်၊

ဒါနကုသိုလ်ပြုချင်ကြသူ အမျိုးကောင်းသားသမီးတို့ကို ဘေးရန်ကွယ်ပျောက် ချမ်းသာရောက်အောင် ချီးမြှောက်လို၍ ဖြစ်ပါတယ်၊

ရဟန္တာ အရှင်သူမြတ်တို့အား လှူဒါန်းပူဇော် ရသောအကျိုးသည် ဓိဋ္ဌဓမ္မ လက်ငင်း အကျိုးထူးကိုရစေပါတယ်၊

၁။ တောင်အရပ်သို့မျက်နှာမူ၍ တောင်သမုဒ္ဒရာမှာ ကြေးပြသာဒ်နဲ့ စံပယ်နေတော်မူသော ရှင်ဥပ္ပဂုတ္တ ရဟန္တာအရှင်မြတ်ကြီးကို

ရိုသေလေးစားစွာ အာရုံဆွမ်း ကပ်လှူဖို့ ဆွမ်းအလှုခံ ကြွရောက်တော်မူပါဘုရားဟု ပါးစပ်မှအသံထွက်၍ ရွတ်ဆို ပင့်ဖိတ်ရပါမယ်၊

၂ ၊ အင်္ဂါ နေ့ ညနေ အချိန်မှာ တောင်အရပ်သို့ မျက်နှာမူ၍ ပထမအကြိမ် ပင့်ဖိတ်ထားရပါမယ်၊

၃ ၊ ဗုဒ္ဓဟူး နေ့ နံနက် ၅ နာရီ နှင့် ၆ နာရီအတွင်းမှာ အာရုံဆွမ်းကပ်လှူရမှာဖြစ်တဲ့ အတွက် နံနက် ၅ နာရီ အချိန်မှာ

တောင်အရပ်သို့ မျက်နှာမူပြီး အာရုံဆွမ်းအလှူခံကြွရန် ဒုတိယအကြိမ် ရိုသေလေးစားစွာပင့်ဖိတ်ရပါမယ်၊

ရှင်ဥပ္ပဂုတ္တ ရဟန္တာအရှင်မြတ်ကြီးကို အာရုံဆွမ်းကပ်ရန် ပင့်ဖိတ်ရာတွင် မိမိတို့ နေထိုင်ရာ နိုင်ငံ တိုင်းဒေသကြီး မြို့နယ်

ရပ်ကွက် လမ်း အိမ်နံပါတ် လိပ်စာ အပြည့်အစုံတို့ကို ကြွရောက်ရန် ထည့်သွင်းပြောဆို ပင့်ဖိတ်ရပါမယ်။

၄ ၊ မိမိတို့ သဒ္ဒါတရား တတ်အားသမျှ ဆွမ်း ၊ ဆွမ်းဟင်း ၊ အချိုပွဲများကို ကပ်လှူပူဇော် လှူဒါန်းနိုင်ပါတယ်၊

၅၊ တကယ့် ရဟန်းသံဃာများကို ဆွမ်းပင့်ကပ်သလိုမျိုး ဆွမ်းဝိုင်းပြင်ဆင်ပြီး ကပ်လှူရပါမယ်၊

၆ ၊ တကယ်ကိုလည်း ကြွရောက်ဘုန်းပေးသုံးဆောင်ပြီးချီးမြင့်ပါတယ်၊

၇ ၊ ကောင်းမြတ်သော တောင်းဆုတို့ကို ဆုတောင်းနိုင်ပါတယ်၊ ပြည့်ဝစေသောအကျိုးတို့ကိုရစေပါတယ်၊

မတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ပထမဆုံး ဆွမ်း ၊ ဆွမ်းဟင်း ၊ အချိုပွဲများကို ကပ်လှူထားရပါမယ်၊

နံနက် ၅ နာရီမှာ ၆ နာရီအတွင်း ဆွမ်းကပ်နေစဉ် အချိန်အတွင်း ရှင်ဥပ္ပဂုတ္တ ဂါထာတော်ကို ၂၇ ခေါက် ၊ ရွတ်ဆိုပူဇော်နေရပါမယ်၊

မေတ္တာသုတ်ပရိတ်တော် ၊ မင်္ဂလသုတ်၊ ရတနသုတ် ၊ မိမိနှစ်သက်ရာ ပိရိတ်တော်များကိုလည်း ရွတ်ဆိုပူဇော်နိုင်ပါတယ်၊

ဒိဝါတပတိ ဂါထာကိုလည်း ၂၇ ခေါက် ရွတ်ဆိုပူဇော်ရပါမယ်၊နံနက် ၆ နာရီအချိန်မှာ ဆွမ်းကပ်လှူခြင်းပြီးဆုံး မှာဖြစ်၍

ရဟန္တာအရှင်မြတ်ကြီးအား သီတင်းသုံး နေထိုင်ရာ တောင်သမုဒ္ဒရာသို့ ပြန်လည်ကြွရောက်ပါရန် သာဓုခေါ် အမျှဝေခြင်းတို့ကို ပြုလုပ်၍ပို့ဆောင်ရပါမယ်၊

၈ ၊ ရဟန္တာ အရှင်မြတ်ကြီးအား ကပ်လှူ ပြင်ဆင်ထားသော ဆွမ်း ၊ ဆွမ်းဟင်း ၊ အချိုပွဲတို့ကို ဘုန်းကြီးကျောင်းသို့ ဆွမ်းဂျိုင့်ပို့၍ လှူဒါန်းပါလေ။

၉ ၊ ၇.ရက်သားသမီးအပေါင်းလောကီကြီးပွားချမ်းသာကြပါစေ၊ စည်းစိမ်ဥစ္စာ ရွှေငွေရတနာများ ရရှိပိုင်ဆိုင်ကြပါစေ၊

ဂုဏ် ရာထူးတို့ တိုးတက်ခိုင်မာကြပါစေ ၊ လောကုတ္တရာ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်တို့ကို ဘဝတိုတို နဲ့ ရရှိကြပါစေကြောင်း.. ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်၊

ဆရာအောင်မင်းမင်း ၀၉ ၇၉၉၉ ၅၅၇ ၅၈ မင်္ဂလာဒုံ (ကံကောင်းသူတို့ ဆုံစည်းရာ

Crd-Original Post