Bayeux စစ်သတင်းထောက်ဆုကို အမည်မဖော်လိုတဲ့ မြန်မာဓာတ်ပုံဆရာတစ်ဦးက ပထမဆုံးအကြိမ်ရရှိခဲ့တယ်လို့ အေအက်ဖ်ပီသတင်းကဖော်ပြပါတယ်။

အာဏာသိမ်းကာလအတွင်း လူငယ်ဓာတ်ပုံဆရာတွေရဲ့ အခြေအနေကို အလေးထားဖော်ပြလိုတာကြောင့် မြန်မာနိုင်ငံကအမည်မဖော်လိုတဲ့ ဓာတ်ပုံဆရာတဦးကို ဆုချီးမြှင့်တာလို့ဆိုပါတယ်။

ဆုရရှိခဲ့တဲ့ မြန်မာဓာတ်ပုံဆရာရဲ့ပုံတွေကို အခြားမြန်မာနိုင်ငံက ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေနဲ့အတူ ပြင်သစ်နိုင်ငံမြောက်ပိုင်း Bayeux မှာပြထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဒီဓာတ်ပုံဆရာဆုကို မြန်မာနိုင်ငံသားကိုယ်စားလှယ်အား ပေးအပ်ဖို့ တညီတညွတ်တည်း သဘောတူညီခဲ့ကြတယ်လို့ ဆုချီးမြှင့်ရေးအဖွဲ့ဥက္ကဋ္ဌ ပြင်သစ်- အီရန်သတင်းထောက်မန်နူချာ ဒက်ဟက်တီက အေအက်ဖ်ပီသတင်းဌာနကို ဖြေကြားခဲ့တာပါ။

အခုနှစ်အတွက် Bayeux စစ်သတင်းထောက်ဆုကို မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန်နဲ့ ယီမင်နိုင်ငံကသတင်းသမားတွေရရှိခဲ့ပါတယ်။ ဒီဆုရွေးချယ်ရေးအဖွဲ့ထဲမှာ ပြင်သစ်နဲ့ဗြိတိန် နိုင်ငံက သတင်းသမား (၄၀) နီးပါးပါရှိပြီး ဆုရရှိသူတွေဟာလည်း ယူရိုငွေ ၃၀၀၀ ကနေ ၇၀၀၀ အထိဆုတွေရရှိမှာပါ။

စက်တင်ဘာလတုန်းကလည်း ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းမှာကျင်းပတဲ့ ဓာတ်ပုံဆိုင်ရာအကြီးဆုံးပွဲတော်မှာလည်း အမည်မဖော်လိုတဲ့ မြန်မာဓာတ်ပုံသတင်းထောက်တစ်ဦးဟာ အဓိက ဓာတ်ပုံဆုရရှိခဲ့ပါတယ်။

ဒီလိုအာဏာသိမ်းကာလအတွင်း ခက်ခက်ခဲခဲ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြတဲ့ မြန်မာဓာတ်ပုံဆရာနဲ့ ဓာတ်ပုံသတင်းထောက်တွေကို နိုင်ငံတကာက အသိအမှတ်ပြုဆုချီးမြှင့်နေပေမယ့် တစ်ဖက်မှာတော့ ဖမ်းဆီးခံရတဲ့သတင်းသမား (၁၀၂)ဦးအထိရှိနေပြီလည်းဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)

Bayeux စစ္သတင္းေထာက္ဆုကို အမည္မေဖာ္လိုတဲ့ ျမန္မာဓာတ္ပုံဆရာတစ္ဦးက ပထမဆုံးအႀကိမ္ရရွိခဲ့တယ္လို႔ ေအအက္ဖ္ပီသတင္းကေဖာ္ျပပါတယ္။ အာဏာသိမ္းကာလအတြင္း လူငယ္ဓာတ္ပုံဆရာေတြရဲ႕ အေျခအေနကို အေလးထားေဖာ္ျပလိုတာေၾကာင့္ ျမန္မာႏိုင္ငံကအမည္မေဖာ္လိုတဲ့ ဓာတ္ပုံဆရာတဦးကို ဆုခ်ီးျမႇင့္တာလို႔ဆိုပါတယ္။

ဆုရရွိခဲ့တဲ့ ျမန္မာဓာတ္ပုံဆရာရဲ႕ပုံေတြကို အျခားျမန္မာႏိုင္ငံက ဓာတ္ပုံဆရာေတြရဲ႕ လက္ရာေတြနဲ႔အတူ ျပင္သစ္ႏိုင္ငံေျမာက္ပိုင္း Bayeux မွာျပထားတယ္လို႔ သတင္းမွာေဖာ္ျပထားပါတယ္။ ဒီဓာတ္ပုံဆရာဆုကို ျမန္မာႏိုင္ငံသားကိုယ္စားလွယ္အား ေပးအပ္ဖို႔ တညီတၫြတ္တည္း သေဘာတူညီခဲ့ၾကတယ္လို႔ ဆုခ်ီးျမႇင့္ေရးအဖြဲ႕ဥကၠ႒ ျပင္သစ္- အီရန္သတင္းေထာက္မန္ႏူခ်ာ ဒက္ဟက္တီက ေအအက္ဖ္ပီသတင္းဌာနကို ေျဖၾကားခဲ့တာပါ။

အခုႏွစ္အတြက္ Bayeux စစ္သတင္းေထာက္ဆုကို ျမန္မာႏိုင္ငံအပါအဝင္ အာဖဂန္နစၥတန္နဲ႔ ယီမင္ႏိုင္ငံကသတင္းသမားေတြရရွိခဲ့ပါတယ္။ ဒီဆုေ႐ြးခ်ယ္ေရးအဖြဲ႕ထဲမွာ ျပင္သစ္နဲ႔ၿဗိတိန္ ႏိုင္ငံက သတင္းသမား (၄၀) နီးပါးပါရွိၿပီး ဆုရရွိသူေတြဟာလည္း ယူ႐ိုေငြ ၃၀၀၀ ကေန ၇၀၀၀ အထိဆုေတြရရွိမွာပါ။

စက္တင္ဘာလတုန္းကလည္း ျပင္သစ္ႏိုင္ငံအေနာက္ေတာင္ပိုင္းမွာက်င္းပတဲ့ ဓာတ္ပုံဆိုင္ရာအႀကီးဆုံးပြဲေတာ္မွာလည္း အမည္မေဖာ္လိုတဲ့ ျမန္မာဓာတ္ပုံသတင္းေထာက္တစ္ဦးဟာ အဓိက ဓာတ္ပုံဆုရရွိခဲ့ပါတယ္။

ဒီလိုအာဏာသိမ္းကာလအတြင္း ခက္ခက္ခဲခဲ မွတ္တမ္းဓာတ္ပုံ႐ိုက္ကူးခဲ့ၾကတဲ့ ျမန္မာဓာတ္ပုံဆရာနဲ႔ ဓာတ္ပုံသတင္းေထာက္ေတြကို ႏိုင္ငံတကာက အသိအမွတ္ျပဳဆုခ်ီးျမႇင့္ေနေပမယ့္ တစ္ဖက္မွာေတာ့ ဖမ္းဆီးခံရတဲ့သတင္းသမား (၁၀၂)ဦးအထိရွိေနၿပီလည္းျဖစ္ပါတယ္။

Crd-Original Post