ဆံနွယ်ရှည်ရှည်လေးတွေ ပိုင်ဆိုင်စေဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကောင်းလေးတွေ

“ဆံကေသာဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုသလိုပဲ ဆံကေသာအလှဟာ သိပ်ကိုအရေးပါလှပါတယ်။ ဆံပင်ရှည်ဖို့ခက်ခဲနေသူတွေ ဆံပင်အရှည်နှေးနေသူတွေအတွက် နည်းလမ်းကောင်းကိုမျှဝေပေးချင်ပါတယ်။

သင့်ဆံပင်အဖျားလေးတွေကိုညှပ်ပေးပါ

ဆံပင်အဖျားကိုညှပ်ခိုင်းတာကသင့်မှာ ဆံပင်နှစ်ခွရှိရင် ဆံပင်တွေ အမြစ်လေးတွေကနေ ရှည်လာလည်း ဆံပင်အဖျားမှာ ပြတ်ကျသွားတာမို့ ထင်သလောက် ဆံပင်မ၇ှည်တော့ပါဘူး။ ဒါ့ကြောင့် ၂ လတစ်ခါလောက် ပုံမှန် ဆံပင်ညှပ်ပေးပါ။

ဦးရေပြားကို နှိပ်နယ်ပေးပါ

ဦးရေပြားအတွင်း သွေးလည်ပတ်မှုကိုကောင်းအောင်း ခေါင်းမလျှော်ခင်မှာ ဦးရေပြားကို ၅ မိနစ်လောက်ဖြစ်ဖြစ် နှိပ်နယ်ပေးပါ။ ခေါင်းမလျှော်ရင်လည်း နေ့စဉ် ၅ မိနစ်လောက် အချိန်ယူ နှိပ်နယ်ပေးသင့်ပါတယ်။

ဆံပင်ကို ခပ်ဖွဖွလေးဖြီးပါ

ဆံပင်ကို ခပ်ကြမ်းကြမ်းဖြီးတာဟာ ဆံပင်ကိုကျွတ်စေပြီး ဆံကေသာကို ပိုပြီးပျက်စီးစေပါတယ်။ ဒါ့ကြောင့် ဆံပင်ကို ခပ်ဖွဖွလေးဖြီးပေးပါ။ နေ့စဉ်လည်း ခေါင်းမလျှော်ပါနဲ့

ပေါင်းဆေးသုံးပါ

သဘာဝအတိုင်းလုပ်ထားတဲ့ ပေါင်းဆေးပဲဖြစ်ဖြစ် မိမိကိုယ်တိုင် အိမ်မှာလုပ်တဲ့ ပေါင်းဆေးပဲဖြစ်ဖြစ်သုံးပြီး ဆံပင်ကို ပေါင်းတင်ပေးပါ။ ကြက်ဥအနှစ် ပျားရည် သံလွင်ဆီ ရောပြီး ဦးရေပြားနဲ့ဆံကေသာအနှံ့ကို လိမ်းပေးကာ ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ချပါ။

အာဟာရဓာတ်မျှတအောင်စားမယ်

သင်စားတဲ့အစာအာဟာရက သင့်ဆံကေသာအတွက် သိပ်ကိုအရေးကြီးပါတယ်။ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဆံပင်အရှည်မြန်ဖို့ လှုံ့ဆော်ပေးပါတယ်။ ချိစ်၊ နို့၊ ဒိန်ချဉ်၊ ဥများ၊ ကြက်သား၊ ဟင်းနုနွယ် စတာတွေကို စားပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကိုလျှော့ချပါ

စိတ်ဖိစီးမှုများတာဟာ သင့်ဆံကေသာကို အရှည်နှေးစေပါတယ်။ ပျော်အောင်နေပါ။ စိတ်ဖိစီးမှုလျှောချဖို့ လေ့ကျင့်ခန်းလုပ်ပေးပါ။ အသက်ရှုလေ့ကျင့်ခန်းလည်းလုပ်နိုင်ပါတယ်။