စီးနေတဲ့ကားကိုရောင်းပီး လှူခဲ့တဲ့အပြင်အကြွေးပါ အတင်ခံကာဆက်လက်လှူဒါန်းနေတဲ့ မြဝတီက ပြည်သူတစ်ဦး

ကိုဗစ်ရောဂါ ကူးစက်မှုတွေ အပြင်းအထန်ဖြစ် ပွားခဲ့စဉ်က အောက်ဆီဂျင်စက်မရရှိဘဲအသက်သေဆုံးသွားတဲ့ ပြည်သူတွေအများအပြား ရှိခဲ့ပါတယ်။

အောက်ဆီဂျင် အရေးပေါ်လိုအပ်ကြတာကြောင့် အချို့နေရာတွေမှာ အောက်ဆီဂျင်စက်ရုံတွေတည်ဆောက်ဖို့ ပြင်နေကြပြီ။


ပြည်သူတွေကလည်း အဆိုပါစက်ရုံတွေတည်ဆောက်ဖို့အတွက် အလှူငွေတွေ လှူဒါန်းပေးနေကြပါတယ်။မြဝတီမြို့က

ပြည်သူတစ်ဦးဟာလည်း အောက်ဆီဂျင်စက် ဝယ်ယူဖို့အတွက်သူစီးနေတဲ့ ကားကိုရောင်းချပြီး ရလာတဲ့ပိုက်ဆံတွေအကုန်ကို လှူဒါန်းခဲ့ပါတယ်။

မြဝတီမြို့က ပြည်သူတွေ အခမဲ့အောက်ဆီဂျင်ရှုလို့ရအောင် အဆိုပါပြည်သူက စိတ်စေတနာသန့်သန့်နဲ့အခုလိုရှိတဲ့ပစ္စည်းကို ရောင်းချပြီးလှူဒါန်းနေတာဖြစ်ပါတယ်။

အောက်ဆီဂျင်စက်ဝယ်ယူဖို့ သိန်း ၇၀၀ လောက်လှူဒါန်းခဲ့တဲ့ အဆိုပါပြည်သူက ယခုမှာလည်းအ ကြွေးအတင်ခံပြီး ဆက်လက်လှူဒါန်းမှုတွေကို ပြု လုပ်နေခဲ့ပါတယ်။


လေးစားအတုယူ စရာကောင်းတဲ့ စိတ်ဓာတ်ကို ပိုင် ဆိုင်ထားတဲ့ အဆိုပါပြည်သူက ရှိတဲ့ပစ္စည်းတွေကို ရောင်းချပြီ။လှူဒါန်းနေတာကြောင့် သူရဲ့အိမ်မှာ လိုင်စင်ကားတစ်စီးပဲ

ကျန်တော့ကြောင်း သိရှိရပါတယ်။ကိုဗစ်ကြောင့် ဒုက္ခရောက်နေတဲ့လူတွေ အဆင်ပြေနိုင်ဖို့အတွက် သူရဲ့ဥစ္စာပစ္စည်းတွေကို ရော င်းချပြီး

လှူဒါန်းပေးနေတဲ့ အဆိုပါအမျိုးသားကို ပြည်သူအများအပြားက လေးစားချီးကျူးနေကြပါတယ်။

အဆိုပါပြည်သူရဲ့အသိမိတ်ဆွေတစ်ဦးကတော့မြဝတီ အောက်ဆီဂျင် အခမဲ့ရှုလို့ရအောင်ကြိုးစားပေးခဲ့သောအစ်ကို သိန်း ၇၀၀ လောက်ကုန်သွားတဲ့အပြင် အကြွေးတွေတောင်

တင်နေပါတယ်။အစ်ကိုစိတ်ထားကို လေးစားပါတယ်ဗျာ ကျနော်တို့လည်း ဘာမှဝိုင်းမကူနိုင်လို့ အားနာရပါတယ် ဆိုပြီး ရေးသားထားပါတယ်။

Crd-Orignal Post