တပ်ပြေးများကိုလက်ခံထားသည့် အဖွဲ့အစည်းများကိုအရေးယူမည်လို့ စစ်ကောင်စီဆို

“လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ EAo များထံ ခိုလှုံသွားသည့်ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်ဥပဒေပုဒ်မမျိုးဖြင့် တရား စွဲအရေးယူပြီး လက်ခံသည့်အဖွဲ့အစည်းတွေအပေါ် မည်ကဲ့သို့အရေးယူဆောင်ရွက်မှုများ ပြုလုပ်မှုရှိလဲဆို သည့်

မီဒီယာအချို့၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန် လည်ရှင်းလင်းခဲ့သည်။

“တပ်မတော်သားတစ်ယောက်ဟာ စစ်ဘက်နှင့် အရပ်ဘက် စည်းကမ်း၊ ဥပဒေနှစ်ခုလုံးကို လိုက်နာရသူများဖြစ် တဲ့အတွက် စစ်ဘက်၊ အရပ်ဘက်ဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက် တွင်ဖော်ပြပါရှိသည်။

ထို့အပြင် တပ်ပြေးတစ်ဦးကို တပ်ပြေးတစ်ဦးမှန်းသိလျက်နှင့် လက်ခံထားသည့် မည်သူ၊ အဖွဲ့အစည်းကိုမဆို အရေးယူဆောင်ရွက်နိုင်ကြောင်း စစ်ဘက်ဥပဒေမှာ ပြဋ္ဌာန်းပါရှိပြီးဖြစ်သည်ဟု ဆိုသည်။

ဆက်လက်ပြီး လက်နက်ကိုင်အဖွဲ့များထံ ခိုလှုံပြီး တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်ရန်တော်လှန်နေသည့် တပ်ပြေးများကိုလည်း စစ်ဘက်ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Crd-Original Post

(ZAWGYI)

တပ္ေျပးမ်ားကိုလက္ခံထားသည့္ အဖြဲ႕အစည္းမ်ားကိုအေရးယူမည္လို႔ စစ္ေကာင္စီဆို

“လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ EAo မ်ားထံ ခိုလႈံသြားသည့္ကိစၥႏွင့္ပတ္သက္ၿပီး မည္သည့္ဥပေဒပုဒ္မမ်ိဳးျဖင့္ တရား စြဲအေရးယူၿပီး လက္ခံသည့္အဖြဲ႕အစည္းေတြအေပၚ မည္ကဲ့သို႔အေရးယူေဆာင္႐ြက္မႈမ်ား ျပဳလုပ္မႈရွိလဲဆို သည့္

မီဒီယာအခ်ိဳ႕၏ ေမးျမန္းမႈအေပၚ အထက္ပါအတိုင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ျပန္ လည္ရွင္းလင္းခဲ့သည္။

“တပ္မေတာ္သားတစ္ေယာက္ဟာ စစ္ဘက္ႏွင့္ အရပ္ဘက္ စည္းကမ္း၊ ဥပေဒႏွစ္ခုလုံးကို လိုက္နာရသူမ်ားျဖစ္ တဲ့အတြက္ စစ္ဘက္၊ အရပ္ဘက္ဥပေဒမ်ားနဲ႔အညီ အေရးယူေဆာင္႐ြက္သြားမွာျဖစ္ပါတယ္” ဟု ထုတ္ျပန္ခ်က္ တြင္ေဖာ္ျပပါရွိသည္။

ထို႔အျပင္ တပ္ေျပးတစ္ဦးကို တပ္ေျပးတစ္ဦးမွန္းသိလ်က္ႏွင့္ လက္ခံထားသည့္ မည္သူ၊ အဖြဲ႕အစည္းကိုမဆို အေရးယူေဆာင္႐ြက္ႏိုင္ေၾကာင္း စစ္ဘက္ဥပေဒမွာ ျပ႒ာန္းပါရွိၿပီးျဖစ္သည္ဟု ဆိုသည္။

ဆက္လက္ၿပီး လက္နက္ကိုင္အဖြဲ႕မ်ားထံ ခိုလႈံၿပီး တပ္မေတာ္ကို ဆန္႔က်င္တိုက္ခိုက္ရန္ေတာ္လွန္ေနသည့္ တပ္ေျပးမ်ားကိုလည္း စစ္ဘက္ဥပေဒပါျပ႒ာန္းခ်က္မ်ားအတိုင္း အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း လည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

Crd-Original Post