ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေကို ပြည်ဝင်ခွင့်ပေးမယ့် စင်ကာပူအစီအစဉ်ထဲ မြန်မာ မပါဝင်သေး

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေကို ပြည်ဝင်ခွင့်ပေးမယ့် စင်ကာပူအစီအစဉ်ထဲ မြန်မာ မပါဝင်သေး

ကိုဗစ်-၁၉ ရောဂါ(ကိုရိုနာဗိုင်းရက်စ်)ကာကွယ်ဆေးထိုးထားသူတွေကို အသွားအလာကန့်သတ်ရောဂါစောင့်ကြည့်မှု(ကွာရန်တင်း) မ၀င်ခိုင်းတော့ဘဲ ပြည်ဝင်ခွင့်ပေးမယ့် နိုင်ငံတချို့စာရင်းကို စင်ကာပူက ပြောလာပေမဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံတော့ မပါဝင်လာသေးပါဘူး။

အာရှကဆိုရင် တောင်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံက ကာကွယ်ဆေးထိုးပြီးသူတွေ စင်ကာပူကို လာရင် ကွာရန်တင်းဝင်စရာမလိုတဲ့အစီအစဉ်ကို ဝန်ကြီးချုပ်လီရှန်လွန်းက ရုပ်သံမိန့်ခွန်းမှာ ထုတ်ပြောလာတာပါ။

ဂျာမနီနိုင်ငံနဲ့ အာဆီယံကဆိုရင် ဘရူနိုင်းနိုင်ငံတို့နဲ့ အစောပိုင်းပြုလုပ်ထားတဲ့ ကာကွယ်ဆေးထိုးပြီးသူတွေကို ဖွင့်ပေးတဲ့ခရီးသွားလမ်းကြောင်း အောင်မြင်တာကြောင့် အခုလိုနိုင်ငံတွေထပ်တိုးတာလို့ ဝန်ကြီးချုပ်က ပြောထားပါတယ်။

စင်ကာပူဟာ မြန်မာပြည်တွင်းကနေလာမယ့်သူတွေနဲ့ မြန်မာပြည်မှာခရီးတစ်ထောက်နားထားတဲ့သူတွေကို ပြည်ဝင်ခွင့်ရော၊ ခရီးတစ်ထောက်နားခွင့်ပါ ပိတ်ထားတာ ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ဖြစ်ပါတယ်။

မြန်မာခရီးသွားတွေကို ပြည်ဝင်ခွင့်ကန့်သတ်ထားတဲ့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနရဲ့ အဲဒီအစီအစဉ်မှာ ရက်တိုခရီးသွားတွေရော ရက်ရှည်နေထိုင်ခွင့်ရထားသူတွေသာမက စင်ကာပူကို လာဖို့ ကနဦးပြည်ဝင်ခွင့်လျှောက်ထားပြီးသူတွေလည်း အကျုံးဝင်ပါတယ်။

Crd-Original Post

{ZAWGYI}

ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူေတြကို ျပည္ဝင္ခြင့္ေပးမယ့္ စင္ကာပူအစီအစဥ္ထဲ ျမန္မာ မပါဝင္ေသး

ကိုဗစ္-၁၉ ေရာဂါ(ကို႐ိုနာဗိုင္းရက္စ္)ကာကြယ္ေဆးထိုးထားသူေတြကို အသြားအလာကန္႔သတ္ေရာဂါေစာင့္ၾကည့္မႈ(ကြာရန္တင္း) မ၀င္ခိုင္းေတာ့ဘဲ ျပည္ဝင္ခြင့္ေပးမယ့္ ႏိုင္ငံတခ်ိဳ႕စာရင္းကို စင္ကာပူက ေျပာလာေပမဲ့ အဲဒီထဲမွာ ျမန္မာႏိုင္ငံေတာ့ မပါဝင္လာေသးပါဘူး။

အာရွကဆိုရင္ ေတာင္ကိုရီးယားအပါအဝင္ ႏိုင္ငံေပါင္း ၉ ႏိုင္ငံက ကာကြယ္ေဆးထိုးၿပီးသူေတြ စင္ကာပူကို လာရင္ ကြာရန္တင္းဝင္စရာမလိုတဲ့အစီအစဥ္ကို ဝန္ႀကီးခ်ဳပ္လီရွန္လြန္းက ႐ုပ္သံမိန႔္ခြန္းမွာ ထုတ္ေျပာလာတာပါ။

ဂ်ာမနီႏိုင္ငံနဲ႔ အာဆီယံကဆိုရင္ ဘ႐ူႏိုင္းႏိုင္ငံတို႔နဲ႔ အေစာပိုင္းျပဳလုပ္ထားတဲ့ ကာကြယ္ေဆးထိုးၿပီးသူေတြကို ဖြင့္ေပးတဲ့ခရီးသြားလမ္းေၾကာင္း ေအာင္ျမင္တာေၾကာင့္ အခုလိုႏိုင္ငံေတြထပ္တိုးတာလို႔ ဝန္ႀကီးခ်ဳပ္က ေျပာထားပါတယ္။

စင္ကာပူဟာ ျမန္မာျပည္တြင္းကေနလာမယ့္သူေတြနဲ႔ ျမန္မာျပည္မွာခရီးတစ္ေထာက္နားထားတဲ့သူေတြကို ျပည္ဝင္ခြင့္ေရာ၊ ခရီးတစ္ေထာက္နားခြင့္ပါ ပိတ္ထားတာ ဇူလိုင္လ ၁၅ ရက္ေန႔ကတည္းက ျဖစ္ပါတယ္။

 

ျမန္မာခရီးသြားေတြကို ျပည္ဝင္ခြင့္ကန႔္သတ္ထားတဲ့ စင္ကာပူက်န္းမာေရးဝန္ႀကီးဌာနရဲ႕ အဲဒီအစီအစဥ္မွာ ရက္တိုခရီးသြားေတြေရာ ရက္ရွည္ေနထိုင္ခြင့္ရထားသူေတြသာမက စင္ကာပူကို လာဖို႔ ကနဦးျပည္ဝင္ခြင့္ေလွ်ာက္ထားၿပီးသူေတြလည္း အက်ဳံးဝင္ပါတယ္။

Crd-Original Post