လက်ရှိမှာဘာမှမဆိုင်တဲ့ မိဘတွေကိုဖ.မ်းထားလို့ ကူညီပေးကြဖို့ တောင်းဆိုလာတဲ့ မီးအိမ်ရှင်မလေး အငြိမ်း

လက်ရှိမှာဆိုရင် လူငယ်တိုင်းက မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ တစ်ဖက်တစ်လမ်းကနေ လူနေမှုအကျိုးပြုနေတာဖြစ်ပါတယ်။ငွေအားတက်နိုင်သူကလည်း ငွေအားနဲ့ပါဝင်ကြသလို တချို့တွေကလည်း လုပ်အားဒါနနဲ့ဝိုင်းဝန်းကူညီကြတာဖြစ်ပါတယ်။

ပြည်သူလူထုက ဒီလိုအခြေအနေမျိုးမျာ စည်းလုံးညီညွတ်စွာနဲ့ မျှော်လင့်နေတဲ့တစ်နေ့ကို ရောက်ရှိလာဖို့အားသွန်ခွန်စိုက်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။လူမှုအကျိုးပြုနေတဲ့ထဲကဆရာဝန်မလေးတစ်ယောက်ဖြစ်တဲ့ ဒေါက်တာအငြိမ်းကိုလည်းပြည်သူတွေကလေးစားနေကြတာဖြစ်ပါတယ်။

ဆရာဝန်မလေးအငြိမ်းက သွားလာရခက်ခဲတဲ့ တောင်ပေါ်ဒေသလေးတွေမှာ စစ်ရှောင်ပြည်သူတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။ဆရာဝန်မလေးကတော့ အသက်ငယ်ငယ်လေးနဲ့ ကိုယ်ကျိုးစွန့်ပြီး အများကောင်းကျိုးကိုသာ စေတနာအပြည့်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။

ခုခါမှာဆိုရင်တော့ သူ့လုပ်ဆောင်မှုတွေနဲ့ ဘာမှ မပတ်သက်တဲ့ သူ့မိဘတွေကို မအလရဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးထိမ်းသိမ်းထားတာ တစ်လကျော်ခဲ့ပြီဖြစ်ပါတယ်။

ဒါ့ကြောင့်လဲ တောင်ပေါ် မီးအိမ်ရှင်မလေး အငြိမ်းက ခုလို ရေးသားလာခဲ့တာဖြစ်ပါတယ်နော်။မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို ကျွန်တော် တောငိးဆိုချင်ပါတယ်

ကျွန်တော့် မိဘ ၂ ပါးကို မန္တလေးနေအိမ်ကနေ 22 nd August ည ၇ နာရီခွဲမှာဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဒီနေ့နဲ့ဆို ၁ လနဲ့ ၁၇ ရက်တိတိရှိပါပြီဖမ်းဆီးခေါ်ဆောင်သွားစဉ်က မန္တလေးနန်းတွင်းထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်

လက်ရှိမန္တလေးအိုးဘိုထောင်ထဲမှာထိန်းသိမ်းထားတယ်လို့ သိရပါတယ်အသက်နှနှစ်အရွယ် ကျွန်တော့်ရဲ့တဦးတည်းသောသမီးငယ်မှာလည်းအဘိုးအဘွားများ ဖမ်းဆီးခံရခြင်းကြေင့် စောင့်ရှောက်သူကင်းမဲ့လျက်ရှိပါသည်

အဆက်အသွယ်မရသောကြောင့် မည်သည့်နေရာတွင်ရောက်ရှိနေမှန်းမသိရပါကျွန်တော့်ဖခင်နဲ့မိခင်ဟာ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများဖြစ်ကြပြီးမိခင်မှာ နှလုံးအဆို့ရှင် ရောဂါ နှလုံးသွေးကြောကျဉ်းရောဂါ များအတွက်လစဉ် သမားတော်များနဲ့ စနစ်တကျကုသမူခံယူနေရသူဖြစ်ပြီး

ဖမ်းဆီးခေါ်ဆောင်သွားစဉ်မှာ Covid ရောဂါကူးစက်ခံထားရပါတယ်ဖခင်မှာ အငြိမ်းစားတပ်မတော်အရာရှိတဦးဖြစ်ပြီးနိုင်ငံနဲ့လူမျိုးအပေါ် နှစ်ပေါင်းများစွာသစ္စာရှိရှိနဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးအငြိမ်းစားယူထားသည်မှာလည်းနှစ်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်ပါတယ်

တာဝန်ထမ်းဆောင်ခဲ့စဉ်က မိုင်းထိဒဏ်ရာကြောင့်ခြေထောက်တဖက် အာရုံကြောများပြတ်ပြီးမသန်မစွမ်းဖြစ်ခဲ့ပါတယ်ကျွန်တော်သည် ယခုဆောင်ရွက်နေသောကိစ္စအားလုံးကိုမိမိခံယူချက် မိမိအယူအဆ မိမိတဦးတည်းသဘောဆန္ဒဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး

ကျွန်တော့်မိသားစု ကျွန်တော့်မိဘနှင့် လုံးဝ ဆက်နွယ်ခြင်း မရှိသလို၄ လပိုင်း ၂၆ ရက်နေ့ အပြီးအပိုင်အိမ်မှ ထွက်လာပြီးကတည်းကမိဘများနဲ့ လုံးဝအဆက်အသွယ်မရှိပါမိဘများသည်လည်း ကျွန်တော်လက်ရှိလုပ်နေသောကိစ္စများအကြောင်း တစွန်းတစမှ သိရှိခြင်းမရှိပါထိုသို့လုံးဝပါဝင်ပတ်သတ်မူမရှိသော သက်ကြီးရွယ်အိုမိဘ၂ ပါးကို

ယခုအခါ ၅၀၅ က ဖြင့် စွဲဆိုထားပြီးမန္တလေးအိုးဘိုထောင်ထဲမှာထိနိးသိမ်းထားပါတယ်ကျွန်တော့်မိဘနှပါးမှာ ကျန်းမာရေးမကောင်းမွန်သောမသန်မစွမ်းသက်ကြီးရွယ်အိုများသာဖြစ်ကြပြီးယခု နိုင်ငံတော်စစ်ကောင်စီလူကြီးမင်းများသတ်မှတ်ထားသော အပြစ်များကို ကျူးလွန်ခဲ့ခြင်းမရှိပါတခုတည်းသော အပြစ်မှာမိမိကဲ့သို့ သမီးမျိုး

မွေးထားခြင်းသာလျှင်အပြစ်ဖြစ်ပါသည်

ကျွန်တော်ဟာ မန္တလေး ဆန္ဒပြပွဲများ အရှိန်အဟုနိနဲ့ဖြစ်ပေါ်နေသောကာလများမှာဒဏ်ရာရဆန္ဒပြပြည်သူများ ကိုတတ်စွမ်းသလောက် ကျန်းမာရေးစောင့်ရှောက်မူပေးခဲ့ပြီးလက်ရှိအချိန်မှာလည်း ချင်းပြည်နယ်မင်းတပ်မှာ လူသားချင်းစာနာမူဆိုင်ရာအကူအညီ Humanitarian aids တွေကို လုပ်ဆောင်နေတာ ၄ လကျော်ပါပြီ

မြန်မာနိုင်ငံနဲ့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများခင်ဗျာအကူအညီမဲ့နေတဲ့ ကျွန်တော့်မိဘနှပါးကို ကူညီပေးကြဖို့တောင်းဆိုပါတယ်ခုလို ဒေါက်တာအငြိမ်းရဲ့အကြောင်းလေးကို ပြန်လည်မျှဝေရင်း မြန်မာပြည်ကြီး အမြန်ဆုံး စစ်ကျွန်လက်အောက်က လွတ်မြောက်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Crd-Original Post