ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်အတည်ပြုချက်ကို ကျေးဇူး တင်ကြောင်း CRPH သဝဏ်လွှာပေးပို့

ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်အတည်ပြုချက်ကို ကျေးဇူး တင်ကြောင်း CRPH သဝဏ်လွှာပေးပို့

ဥရောပပါလီမန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ကျေးဇူးတ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်က သဝဏ်လွှာပေးပို့ခဲ့တယ်လို့ CRPH က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ဥရောပ ပါလီမန်က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို ထောက်ခံအားပေးရေးအဆိုအား မဲအပြတ်အသတ်နဲ့ ဆုံးဖြတ် အတည်ပြုခဲ့တဲ့အပေါ် CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က ကျေးဇူးတင်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။

CRPH ဟာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းအနေနဲ့ လွှတ်တော်ဆိုင်ရာသံတမန်ရေးကတဆင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်အသက်သွင်းရေး၊ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးပြန်လည်စတင်နိုင်ရေးအတွက် ဥရောပပါလီမန်နဲ့အနီးကပ်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ဥရောပပါလီမန်ဟာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကို ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ၂၀၂၀ နိုဝင်ဘာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲရလဒ်တွေကို တပ်မတော်က အပြည့် အ၀လေးစားဖို့ တောင်းဆိုကြောင်း အချက်တွေပါဝင်တဲ့ အဆိုတရပ်ကို တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်မှာ အရပ်သားအစိုးရကို ချက်ချင်းအာဏာပြန်လွှဲဖို့၊ နိုင်ငံတော်အရေးပေါ်ကြေညာချက်ကို အဆုံးသတ်ဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက်အသုံးပြုမှုတွေကို အဆုံးသတ်ဖို့၊ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို လေးစားဖို့ အချက်တွေလည်း ပါဝင်ပါတယ်။

နောက်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင်အခြားသော မတရားသဖြင့်ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဥရောပပါလီမန်က တောင်းဆိုပါတယ်။

Crd-People’sSpring

(ZAWGYI)

ဥေရာပပါလီမန္ရဲ႕ ဆုံးျဖတ္အတည္ျပဳခ်က္ကို ေက်းဇူး တင္ေၾကာင္း CRPH သဝဏ္လႊာေပးပို႔

ဥေရာပပါလီမန္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဆုံးျဖတ္ခ်က္အေပၚ ေက်းဇူးတ္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ(CRPH)ဥကၠဌ ဦးေအာင္ၾကည္ၫြန႔္က သဝဏ္လႊာေပးပို႔ခဲ့တယ္လို႔ CRPH က ဒီေန႔သတင္းထုတ္ျပန္ပါတယ္။

ဥေရာပ ပါလီမန္က အမ်ိဳးသား ညီၫြတ္ေရးအစိုးရ (NUG) နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) တို႔ကို ေထာက္ခံအားေပးေရးအဆိုအား မဲအျပတ္အသတ္နဲ႔ ဆုံးျဖတ္ အတည္ျပဳခဲ့တဲ့အေပၚ CRPH ဥကၠဌ ဦးေအာင္ၾကည္ၫြန႔္က ေက်းဇူးတင္လႊာေပးပို႔ခဲ့တာျဖစ္ပါတယ္။

CRPH ဟာ ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ကိုယ္စားျပဳတဲ့အဖြဲ႕အစည္းအေနနဲ႔ လႊတ္ေတာ္ဆိုင္ရာသံတမန္ေရးကတဆင့္ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္အသက္သြင္းေရး၊ စီးပြားေရးနဲ႔ လူမႈဖြံ႕ၿဖိဳးေရးျပန္လည္စတင္ႏိုင္ေရးအတြက္ ဥေရာပပါလီမန္နဲ႔အနီးကပ္ပူးေပါင္း လုပ္ေဆာင္သြားမယ္လို႔ သဝဏ္လႊာမွာ ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၇ ရက္က ဥေရာပပါလီမန္ဟာ ျမန္မာႏိုင္ငံစစ္အာဏာသိမ္းမႈကို ျပင္းထန္စြာရႈတ္ခ်ေၾကာင္းနဲ႔ ၂၀၂၀ ႏိုဝင္ဘာ ဒီမိုကေရစီနည္းက်ေ႐ြးေကာက္ပြဲရလဒ္ေတြကို တပ္မေတာ္က အျပည့္ အ၀ေလးစားဖို႔ ေတာင္းဆိုေၾကာင္း အခ်က္ေတြပါဝင္တဲ့ အဆိုတရပ္ကို တညီတၫြတ္တည္း ဆုံးျဖတ္အတည္ျပဳခဲ့ပါတယ္။

အဲဒီဆုံးျဖတ္ခ်က္မွာ အရပ္သားအစိုးရကို ခ်က္ခ်င္းအာဏာျပန္လႊဲဖို႔၊ ႏိုင္ငံေတာ္အေရးေပၚေၾကညာခ်က္ကို အဆုံးသတ္ဖို႔၊ ၿငိမ္းခ်မ္းစြာဆႏၵျပေနသူေတြအေပၚ အၾကမ္းဖက္အသုံးျပဳမႈေတြကို အဆုံးသတ္ဖို႔၊ လြတ္ လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ စုေဝးခြင့္ကို ေလးစားဖို႔ အခ်က္ေတြလည္း ပါဝင္ပါတယ္။

ေနာက္ၿပီး ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အပါ အဝင္အျခားေသာ မတရားသျဖင့္ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေရးအက်ဥ္းသားအားလုံးကို ႁခြင္းခ်က္မရွိ ျပန္လႊတ္ေပးဖို႔ ဥေရာပပါလီမန္က ေတာင္းဆိုပါတယ္။

Crd-People’sSpring