NUG နှင့် CRPH ကို အသိအမှတ်ပြု ဆက်ဆံနေသည့် နိုင်ငံများကို စစ်ကောင်စီအဖွဲ့က ကန့်ကွက်

“အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အဖွဲ့ကို အသိအမှတ်ပြု ဆက်ဆံနေတဲ့ နိုင်ငံခြားသံရုံးတွေ၊ ကုလသမဂ္ဂရုံးတွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက အာဏာပိုင်တွေကို ပြင်းထန်စွာ ကန့်ကွက်တဲ့အကြာင်း စစ်ကောင်စီအကြမ်းအဖက်အဖွဲ့ရဲ့ နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၉ ရက်မှာ ကြေညာ ပါတယ်။

ပြည်သူလူထုရဲ့အာဏာအပ်နှင်းချက်အရ တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH တို့ကို အသိအမှတ်ပြုထောက်ခံတဲ့အကြောင်း ဥရောပပါလီမန်၊ ပြင်သစ်လွှတ်တော်၊ ဂျပန်လွှတ်တော် တို့ကဆုံးဖြတ်ကြေညာထားသလို ကုလသမဂ္ဂမှာလည်း NUG အစိုးရ ကိုယ်စားလှယ် သံမတ်အကြီး

ဦးကျော်မိုးထွန်းကိုကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုခံထားတာပါ။

ဒါအပြင် အာဆီယံနိုင်ငံတချို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း NUG အစိုးရနဲ့ ဆက်သွယ်ဆွေးနွေးဖို့အဆင်သင့်ရှိကြောင်းနဲ့ အခုလအတွင်းကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို မဖိတ်ခေါ်ဖို့အထိ ပြောလာကြတဲ့ အချိန်မှာ စစ်ကောင်စီ ဘက်က ခုလိုထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီနိုင်ငံခြားရေးရဲ့ ကြေညာချက်မှာတော့ ပြည်ပနိုင်ငံတွေရဲ့ အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေအနေနဲ့ NUG၊ CRPH နဲ့ ထိတွေ့ဆက်သွယ်တာ၊ အကြမ်းဖက်အုပ်စုတွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ ရုံးခန်းဖွင့်လှစ်ခွင့်ပြုတာစတဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်ဝါဒကို အားပေးရာရောက်တဲ့အပြင် မြန်မာနိုင်ငံမှာ

စစ်မှန်ပြီးစည်းကမ်း ပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်စေကာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် ရာရောက်တယ်လို့ ဖော်ပြထားပါတယ်။

NUG၊ CRPH ဆက်စပ်အဖွဲ့တွေကို ထိတွေ့ဆက်သွယ်ခြင်းမပြုဖို့၊ ထောက်ခံအားပေးခြင်းမပြုဖို့ ထပ်မံသတိပေးတဲ့ အကြောင်းနဲ့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတို့ကို လျစ်လျူမရှူဖို့လည်း စစ်ကောင်စီက တိုက်တွန်းထားပါတယ်။ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံမှာ

အကြမ်းဖက်မှု တွေရပ်တန့်ဖို့တောင်းဆိုနေပေမဲ့ စစ်ကောင်စီတပ်တွေကတော့ မြန်မာနိုင်ငံတဝန်း အထူးသဖြင့် ကချင်၊ ချင်း၊ ကယား ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ရွာတွေကို မီးရှို့ ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်မှုတွေ နေ့စဉ် ဆက်လက်ပြုလုပ်နေပါတယ်။မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းကာလ ၈ လကျော်အကြာ

စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၆၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ထားတယ်။

PHOTO-MOFA”

DVB

(ZAWGYI)

NUG ႏွင့္ CRPH ကို အသိအမွတ္ျပဳ ဆက္ဆံေနသည့္ ႏိုင္ငံမ်ားကို စစ္ေကာင္စီအဖြဲ႕က ကန႔္ကြက္

“အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နဲ႔ CRPH အဖြဲ႕ကို အသိအမွတ္ျပဳ ဆက္ဆံေနတဲ့ ႏိုင္ငံျခားသံ႐ုံးေတြ၊ ကုလသမဂၢ႐ုံးေတြနဲ႔ သက္ဆိုင္ရာႏိုင္ငံေတြက အာဏာပိုင္ေတြကို ျပင္းထန္စြာ ကန႔္ကြက္တဲ့အၾကာင္း စစ္ေကာင္စီအၾကမ္းအဖက္အဖြဲ႕ရဲ႕ ႏိုင္ငံျခားေရးဌာနက ေအာက္တိုဘာ ၉ ရက္မွာ ေၾကညာ ပါတယ္။

 


ျပည္သူလူထုရဲ႕အာဏာအပ္ႏွင္းခ်က္အရ တရားဝင္ဖြဲ႕စည္းထားတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နဲ႔ CRPH တို႔ကို အသိအမွတ္ျပဳေထာက္ခံတဲ့အေၾကာင္း ဥေရာပပါလီမန္၊ ျပင္သစ္လႊတ္ေတာ္၊ ဂ်ပန္လႊတ္ေတာ္ တို႔ကဆုံးျဖတ္ေၾကညာထားသလို ကုလသမဂၢမွာလည္း NUG အစိုးရ ကိုယ္စားလွယ္ သံမတ္အႀကီး

ဦးေက်ာ္မိုးထြန္းကိုကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အျဖစ္ ဆက္လက္အသိအမွတ္ျပဳခံထားတာပါ။ဒါအျပင္ အာဆီယံႏိုင္ငံတခ်ိဳ႕ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြကလည္း NUG အစိုးရနဲ႔ ဆက္သြယ္ေဆြးေႏြးဖို႔အဆင္သင့္ရွိေၾကာင္းနဲ႔ အခုလအတြင္းက်င္းပဖို႔ရွိတဲ့ အာဆီယံထိပ္သီးညီလာခံမွာ ျမန္မာအာဏာသိမ္းစစ္ေခါင္းေဆာင္ကို

မဖိတ္ေခၚဖို႔အထိ ေျပာလာၾကတဲ့ အခ်ိန္မွာ စစ္ေကာင္စီ ဘက္က ခုလိုထုတ္ျပန္လိုက္တာပါ။

စစ္ေကာင္စီႏိုင္ငံျခားေရးရဲ႕ ေၾကညာခ်က္မွာေတာ့ ျပည္ပႏိုင္ငံေတြရဲ႕ အစိုးရ တာဝန္ရွိသူေတြ၊ လႊတ္ေတာ္အမတ္ေတြအေနနဲ႔ NUG၊ CRPH နဲ႔ ထိေတြ႕ဆက္သြယ္တာ၊ အၾကမ္းဖက္အုပ္စုေတြကို သက္ဆိုင္ရာႏိုင္ငံေတြမွာ ႐ုံးခန္းဖြင့္လွစ္ခြင့္ျပဳတာစတဲ့ လုပ္ရပ္ေတြဟာ အၾကမ္းဖက္ဝါဒကို အားေပးရာေရာက္တဲ့အျပင္ ျမန္မာႏိုင္ငံမွာ

စစ္မွန္ၿပီးစည္းကမ္း ျပည့္ဝတဲ့ ပါတီစုံ ဒီမိုကေရစီစနစ္ တည္ေဆာက္ေရးအတြက္ ႀကိဳးပမ္းအားထုတ္မႈေတြကို ထိခိုက္ေစကာ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္ စြက္ဖက္ ရာေရာက္တယ္လို႔ ေဖာ္ျပထားပါတယ္။


NUG၊ CRPH ဆက္စပ္အဖြဲ႕ေတြကို ထိေတြ႕ဆက္သြယ္ျခင္းမျပဳဖို႔၊ ေထာက္ခံအားေပးျခင္းမျပဳဖို႔ ထပ္မံသတိေပးတဲ့ အေၾကာင္းနဲ႔ ႏိုင္ငံတကာအသိုက္အဝန္း အေနနဲ႔ အၾကမ္းဖက္ဝါဒနဲ႔ အစြန္းေရာက္ဝါဒတို႔ကို လ်စ္လ်ဴမရႉဖို႔လည္း စစ္ေကာင္စီက တိုက္တြန္းထားပါတယ္။ကုလသမဂၢနဲ႔ အာဆီယံအပါအဝင္ ႏိုင္ငံတကာအသိုက္အဝန္းက ျမန္မာႏိုင္ငံမွာ

အၾကမ္းဖက္မႈ ေတြရပ္တန႔္ဖို႔ေတာင္းဆိုေနေပမဲ့ စစ္ေကာင္စီတပ္ေတြကေတာ့ ျမန္မာႏိုင္ငံတဝန္း အထူးသျဖင့္ ကခ်င္၊ ခ်င္း၊ ကယား ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းေတြမွာ ႐ြာေတြကို မီးရႈိ႕ ၊ ျပည္သူေတြကို ဖမ္းဆီးသတ္ျဖတ္ အၾကမ္းဖက္မႈေတြ ေန႔စဥ္ ဆက္လက္ျပဳလုပ္ေနပါတယ္။ျမန္မာႏိုင္ငံမွာ တရားမဝင္ အာဏာသိမ္းကာလ ၈ လေက်ာ္အၾကာ

စစ္ေကာင္စီတပ္ေတြရဲ႕ အၾကမ္းဖက္ ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ အျပစ္မဲ့က်ဆုံးျပည္သူေပါင္း ၁၁၆၁ ေယာက္ထိ ရွိလာခဲ့ၿပီလို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း(ေအေအပီပီ)က ထုတ္ျပန္ထားတယ္။

PHOTO-MOFA”

DVB