မီတာခ လိုက်လံကောက်ခံ‌မှုကို သထုံ PDF များ နောက်ဆုံးအကြိမ် သတိပေး

“မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း လျှပ်စစ်မီတာခ လိုက်လံကောက်ခံနေမှုကို သထုံ PDF အဖွဲ့တွေက နောက်ဆုံးအကြိမ် သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

သထုံမြို့နယ်အတွင်း လျှပ်စစ်မီတာခ အတင်းအကျပ် လိုက်လံကောက်ခံနေမှုကို သထုံမြို့ပြ အထူးစစ်ဆင်ရေးအဖွဲ့နဲ့ သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၉ ရက်နေ့မှာ နောက်ဆုံးအကြိမ် သတိပေးစာ ထုတ်ပြန်လိုက်တာပါ။

သထုံ PDF အဖွဲ့တွေက ပြည်သူတွေ ဆင်းရဲကျပ်တည်းနေတဲ့အချိန်မှာ လျှပ်စစ်မီတာ ကောက်ခံနေမှုကို ရပ်တန့်က ရပ်ဖို့နဲ့ ဆက်လက်ကောက်ခံတာတွေ လုပ်ဆောင်နေမယ်ဆိုရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

သထုံမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေ လျှပ်စစ်မီတာခ လိုက်လံကောက်ခံနေတာ ဖြစ်ပြီး၊ မီတာခမပေးတဲ့ နေအိမ်တွေကို မီးဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

သထုံဒေသခံတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း ကြီးမြင့်လာတာ၊ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင် မရှိကြလို့ မီတာပေးဖို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၄ ဦးထက်မနည်း သုတ်သင်ထားသလို စစ်ကောင်စီဝင်ငွေ ရရှိနေတဲ့ Mytel တာဝါတိုင်တွေကလည်း ဗုံးခွဲ ဖျက်ဆီးတာတွေ လုပ်ဆောင်ထားပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လျှပ်စစ်ရုံးတာဝန်ရှိသူတွေအနေနဲ့ မီတာခ ကောက်ခံနေတာ ရပ်တန့်ဖို့နဲ့ ဆက်လက်ဖိအားပေးလာရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သတိပေးထားပါတယ်။”

DVB

(ZAWGYI)

မီတာခ လိုက္လံေကာက္ခံ‌မႈကို သထုံ PDF မ်ား ေနာက္ဆုံးအႀကိမ္ သတိေပး

“မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္အတြင္း လွ်ပ္စစ္မီတာခ လိုက္လံေကာက္ခံေနမႈကို သထုံ PDF အဖြဲ႕ေတြက ေနာက္ဆုံးအႀကိမ္ သတိေပးစာ ထုတ္ျပန္လိုက္ပါတယ္။

သထုံၿမိဳ႕နယ္အတြင္း လွ်ပ္စစ္မီတာခ အတင္းအက်ပ္ လိုက္လံေကာက္ခံေနမႈကို သထုံၿမိဳ႕ျပ အထူးစစ္ဆင္ေရးအဖြဲ႕နဲ႔ သထုံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြက ေအာက္တိုဘာ ၉ ရက္ေန႔မွာ ေနာက္ဆုံးအႀကိမ္ သတိေပးစာ ထုတ္ျပန္လိုက္တာပါ။

သထုံ PDF အဖြဲ႕ေတြက ျပည္သူေတြ ဆင္းရဲက်ပ္တည္းေနတဲ့အခ်ိန္မွာ လွ်ပ္စစ္မီတာ ေကာက္ခံေနမႈကို ရပ္တန႔္က ရပ္ဖို႔နဲ႔ ဆက္လက္ေကာက္ခံတာေတြ လုပ္ေဆာင္ေနမယ္ဆိုရင္ ထိေရာက္စြာ အေရးယူသြားမယ္လို႔ ဆိုပါတယ္။

သထုံၿမိဳ႕နယ္အတြင္းမွာ အာဏာသိမ္းစစ္ေကာင္စီက ၿမိဳ႕ေပၚရပ္ကြက္နဲ႔ ေက်း႐ြာေတြ လွ်ပ္စစ္မီတာခ လိုက္လံေကာက္ခံေနတာ ျဖစ္ၿပီး၊ မီတာခမေပးတဲ့ ေနအိမ္ေတြကို မီးျဖတ္တာေတြ လုပ္ေဆာင္ေနတယ္လို႔ ေဒသခံေတြက DVB ကို ေျပာပါတယ္။

သထုံေဒသခံေတြကေတာ့ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ကုန္ေဈးႏႈန္း ႀကီးျမင့္လာတာ၊ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အလုပ္အကိုင္ မရွိၾကလို႔ မီတာေပးဖို႔ အခက္အခဲရွိတယ္လို႔ ဆိုပါတယ္။

သထုံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ၄ ဦးထက္မနည္း သုတ္သင္ထားသလို စစ္ေကာင္စီဝင္ေငြ ရရွိေနတဲ့ Mytel တာဝါတိုင္ေတြကလည္း ဗုံးခြဲ ဖ်က္ဆီးတာေတြ လုပ္ေဆာင္ထားပါတယ္။

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္၊ လွ်ပ္စစ္႐ုံးတာဝန္ရွိသူေတြအေနနဲ႔ မီတာခ ေကာက္ခံေနတာ ရပ္တန႔္ဖို႔နဲ႔ ဆက္လက္ဖိအားေပးလာရင္ ထိေရာက္စြာ အေရးယူသြားမယ္လို႔ ဘီးလင္းၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF က ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ သတိေပးထားပါတယ္။”

DVB