ဝါးကို မှိုမတက် ပိုးမထိုးအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းများ

“ဝါးကို မိူမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲ လို့ မေးနေကြတဲ့ မိတ်ဆွေများအတွက် ဗဟုသုတ ရစေရန်အလိုငှာ လက်လမ်းမှီသလောက် နည်းလမ်းများကို ဝေမျှ ပေးလိုက်ပါတယ်။

(၁) Boric Acid နှင့် Borax Powder ဖြင့် ဆေးစိမ်ခြင်း

အများအခေါ်အဝေါ် (လက်ချားအမူန့်) Boric powder လက်ချားအမှုန့် နဲ့ Borax acid လက်ချားအက်ဆစ် ကို ၁ ဆ နှင့် ၁ဆ ခွဲ ရောပြီး ၁ ပေါင်လျှင် ရေ၃ဂါလံ နှင့် ၅ ရက်ခန့်စိမ်ခြင်း ဖြင့် ဝါးများကို မိူမတက် ပိုးမထိုးအောင် ကာကွယ်နိုင်ပါတယ်။

ဝါးအတွင်းရှိ သကြားရည်သည် ရေထက်ပြစ်သည် ဝါးကို ကန်အတွင်း စိမ်ထားပါက သကြားရည်များထွက်ကာ အချဉ်ပေါက်လာသည် နောက်ထပ်တဖန်စိမ်သောအခါ အလျဉ်ရလာသောကြောင့် လေးရက်ခန့်ကြာလျှင် အချဉ်ပေါက်လာသည်။

ပိုးများကြိုက်သော သကြားဓါတ်များကုန်၍ ပိုးမစားကြောင်းသိရသည်။ ငွေကြေးသက်သော်လည်း ကြာကြာထားပါက အပုတ်နံ့ထွက်လာ၍ ရေအနည်းငယ်ချန်ကာ ရေလှဲလယ်သင့်သည်။

(၂) ပင်လယ်ရေတွင် စိမ်ပြီး နေလှမ်းအခြောက်ခံခြင်း

စီးဆင်းနေသော ရေတွင် သုံးပတ်မှ တလ အထိ စိမ်ထားပါက သကြားရည်နေရာတွင် ရေအစား ဝင်ရောက်သွားသည် ထိုကြောင့် ရေစိမ်ဝါးသည် ပိုးမစားကြောင်း တွေ့ရသည်။ ဝါးကို ရေစိမ်ပါက အရောင်ပြောင်းလဲစေသည်။ ရူပ နှင့် အားအင်ဆိုင်ရာများဆုံးရှူံးစေသောကြောင့် ခံနိုင်ရည်ကျဆင်းစေသည်။

(၃) ကြပ်တိုက်ခြင်း

ဝါးကို ကြပ်တိုက်ခြင်းဖြင့်လည်း ကြာရှည်ခံအောင် ပြုလုပ်နိုင်သည်။ မိူင်းတိုက်ခြင်း ၊ မီးရှိူ့ရန် မီးသွေး ၊ ထင်း ၊ ဂတ်(စ်)တို့ကို အသုံးပြုနိုင်သည်။ မီးလောင်စာကြောင့် ဝါးသည် သိပ်သည်းလာပြီး ပိုးမွှားအန္တာရာယ်ကာကွယ်နိုင်သည်။

(၄) တန်ဆောင်မုန်းလ (သို့) ဒီရေကျချိန်တွင် ဝါးကို ရွေးချယ်ခုတ်ခြင်း

ဝါးသည် သဘာ၀ နှင့် ဆက်စပ်မူအလွန်ရှိသည်။ ဒီရေ တက်လျှင် ဝါးပင်တွင် ရေများတက်ပြီး
ဒီရေ ကျချိန်တွင် ဝါးပင်အတွင်းတွင် ရေများကျသွားတတ်သည် ။ လ၏ဆွဲငင်အားဖြင့် မြေကြီးအတွင်းမှ အစာရည်က ဆွဲစုတ်ယူသည်။

လပြည့်ရက်တွင် ဝါးအဆစ်အတွင်း သကြားရည် ပြည့်နေတတ်သည်။ ထို့ကြောင့် လကွယ်ရက်(သို့)တန်ဆောင်မုန်းလ တွင် ဝါးခုတ်ပါက ပိုးမွှားအန္တာရယ်သက်သာသည်။

(၅) နေရောင်မရှိချိန်တွင် ဝါး ကို ရွေးချယ်ခုတ်ခြင်း

သစ်ပင်တို့၏ သဘာ၀ သည် အစာချက်ရန် နေရောင် လိုအပ်သည်။ ဝါးပင်သည်လည်း အစာမချက်သော နေရောင် မရှိသောအချိန်တွင် ခုတ်ယူပါက ပိုးစားသက်သာကြောင်းတွေ့ရသည်။

(၆) အပင်တွင် အပြတ် မခုတ်ပဲ အနည်းငယ်ချန်ကာ အရွက်ကျမှ သိမ်းခြင်း

ကိုယ်ပိုင်စိုက်ခင်းဖြစ်ပါက သက်တမ်းမှန်သော ဝါးကိုရွေးချယ်ပါ။ အောက်ဆုံးအဆစ်မှ တစ်လက်မလောက် ချန်ထား၍ ပြတ်မသွားအောင် ခုတ်ပါ ။ ခုတ်စာထွက်သွေားသောနေရာကို သပ်ခု ထားပြီး တခြား အပင်ကို မှီထားပါ ။ ၂ ပတ် ၃ ပတ်ကြာသောအခါ သကြားရည်ထွက်သွားမည်။

ကျန်ရှိသော သကြားဓါတ်ကိုလည်း အရွက်များက အစာချက်၍ သကြားဓါတ်နည်းသွားမည်
ဝါးအတွင်း ကျန်ရှိသော သကြားရည်သည်လည်း အချဉ်ပေါက်ပြီး အယ်(လ်)ကိုဟော သို့ပြောင်းကာ ပိုးမွှားများ မကြိုက်တော့ပါ။ ယခုနည်းသည် အကောင်းဆုံး ဝါးခုတ်နည်း ဖြစ်ပါသည်။ အားလုံးအဆင်ပြေကြပါစေ။

Crd- ဆရာဝင်းဦးကျော်

Crd-Original Post