လျှပ်စစ်မီတာခကို Mytel Pay နှင့် ဘဏ် ၅ ခုအပါအဝင် Payment ၉ မျိုးဖြင့် ပေးဆောင်နိုင်ကြောင်း ကြေညာ

လျှပ်စစ်မီတာခကို Mytel Pay နှင့် ဘဏ် ၅ ခုအပါအဝင် Payment ၉ မျိုးဖြင့် ပေးဆောင်နိုင်ကြောင်း ကြေညာ
“ပြည်သူတွေအနေနဲ့ လျှပ်စစ်မီတာခကို Mytel Pay နဲ့ ပုဂ္ဂလိကဘဏ် ၅ ခု အပါအဝင် Payment ၉ မျိုးနဲ့ ပေးဆောင်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြေညာထားပါတယ်။

အဆိုပါ ကြေညာချက်ထဲမှာတော့ ပြီးခဲ့တဲ့လတွေအလိုက် ပေးဆောင်ရမယ့် ဓာတ်အားခ ကျသင့်ငွေတွေကို နောက်ဆုံးထားပေးဆောင်ရမယ့် ရက်တွေနဲ့ အသိပေးထားခဲ့ကာ ပုဂ္ဂလိကဘဏ် ဘဏ် ၅ ခုဖြစ်တဲ့ မြန်မာအရှေ့တိုင်းဘဏ်(MOB)၊ ယူအေဘီဘဏ်(UAB)၊ သမဝါယမဘဏ်(CB)၊ ကမ္ဘောဇဘဏ်(KBZ)၊ ဧရာဝတီဘဏ်(AYA)တို့အပါအဝင် Internet Wallet Myanmar (OK$)၊ Mytel Wallet Myanmar International (MytelPay)၊ Myanmar Mobile Money (MMM)၊ Myanmar Computer Co.,Ltd တို့ကတဆင့်လည်း ပေးဆောင် နိုင်တယ်လို့ ဆိုပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်ကတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် မီတာခတွေ လျှော့ပေးခဲ့ပြီး လက်ရှိ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကလည်း အိမ်သုံးလျှပ်စစ်မီတာခတွေကို ခြွင်းချက်မရှိ အခမဲ့ ကင်းလွတ်ခွင့်ပြုကြောင်းနဲ့ ပြည်သူတွေ လျှပ်စစ်မီတာခ ပေးဆောင်ရန်မလိုဘဲ ကောက်ခံရင် နိုင်ငံတော်ပုန်ကန်မှုမြောက်ကြောင်းနဲ့ အမည်ပျက်စာရင်းသွင်းသွားမှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ပြည်လူလူထုတွေထံကနေ လျှပ်စစ်ဓာတ်အားခတွေ သတ်မှတ်နှုန်းထားနဲ့ သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ပြည်သူတွေကတော့ ဒီအခွန်အခတွေဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မဟုတ်ဘဲ လူထုကို အကြမ်းဖက် ပစ်သတ်မှုတွေ လုပ်ဆောင်နေတဲ့ စစ်အုပ်စုရဲ့ အသုံးစရိတ်ဖြစ်မှာမို့ လျှပ်စစ်မီတာခ မပေးသွင်းကြရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။”

DVB

(ZAWGYI)

လွ်ပ္စစ္မီတာခကို Mytel Pay ႏွင့္ ဘဏ္ ၅ ခုအပါအဝင္ Payment ၉ မ်ိဳးျဖင့္ ေပးေဆာင္ႏိုင္ေၾကာင္း ေၾကညာ
“ျပည္သူေတြအေနနဲ႔ လွ်ပ္စစ္မီတာခကို Mytel Pay နဲ႔ ပုဂၢလိကဘဏ္ ၅ ခု အပါအဝင္ Payment ၉ မ်ိဳးနဲ႔ ေပးေဆာင္ႏိုင္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းက ေၾကညာထားပါတယ္။

အဆိုပါ ေၾကညာခ်က္ထဲမွာေတာ့ ၿပီးခဲ့တဲ့လေတြအလိုက္ ေပးေဆာင္ရမယ့္ ဓာတ္အားခ က်သင့္ေငြေတြကို ေနာက္ဆုံးထားေပးေဆာင္ရမယ့္ ရက္ေတြနဲ႔ အသိေပးထားခဲ့ကာ ပုဂၢလိကဘဏ္ ဘဏ္ ၅ ခုျဖစ္တဲ့ ျမန္မာအေရွ႕တိုင္းဘဏ္(MOB)၊ ယူေအဘီဘဏ္(UAB)၊ သမဝါယမဘဏ္(CB)၊ ကေမာၻဇဘဏ္(KBZ)၊ ဧရာဝတီဘဏ္(AYA)တို႔အပါအဝင္ Internet Wallet Myanmar (OK$)၊ Mytel Wallet Myanmar International (MytelPay)၊ Myanmar Mobile Money (MMM)၊ Myanmar Computer Co.,Ltd တို႔ကတဆင့္လည္း ေပးေဆာင္ ႏိုင္တယ္လို႔ ဆိုပါတယ္။

အန္အယ္လ္ဒီအစိုးရလက္ထက္ကေတာ့ ကိုဗစ္-၁၉ ကပ္ေဘးေၾကာင့္ စီးပြားေရး အခက္အခဲနဲ႔ ႀကဳံေတြ႕ေနရတဲ့ ျပည္သူေတြအတြက္ မီတာခေတြ ေလွ်ာ့ေပးခဲ့ၿပီး လက္ရွိ အမ်ိဳးသားညီၫြတ္ေရး အစိုးရ (NUG) ကလည္း အိမ္သုံးလွ်ပ္စစ္မီတာခေတြကို ႁခြင္းခ်က္မရွိ အခမဲ့ ကင္းလြတ္ခြင့္ျပဳေၾကာင္းနဲ႔ ျပည္သူေတြ လွ်ပ္စစ္မီတာခ ေပးေဆာင္ရန္မလိုဘဲ ေကာက္ခံရင္ ႏိုင္ငံေတာ္ပုန္ကန္မႈေျမာက္ေၾကာင္းနဲ႔ အမည္ပ်က္စာရင္းသြင္းသြားမွာ ျဖစ္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

 

ဒါေပမဲ့ အၾကမ္းဖက္အာဏာသိမ္း စစ္ေခါင္းေဆာင္ကေတာ့ ျပည္လူလူထုေတြထံကေန လွ်ပ္စစ္ဓာတ္အားခေတြ သတ္မွတ္ႏႈန္းထားနဲ႔ သတ္မွတ္ခ်ိန္အလိုက္ ေကာက္ခံရရွိေရး ေဆာင္႐ြက္ၾကဖို႔ ၫႊန္ၾကားထားတာ ျဖစ္ပါတယ္။

ျပည္သူေတြကေတာ့ ဒီအခြန္အခေတြဟာ ႏိုင္ငံ့ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္မဟုတ္ဘဲ လူထုကို အၾကမ္းဖက္ ပစ္သတ္မႈေတြ လုပ္ေဆာင္ေနတဲ့ စစ္အုပ္စုရဲ႕ အသုံးစရိတ္ျဖစ္မွာမို႔ လွ်ပ္စစ္မီတာခ မေပးသြင္းၾကေရး လႈပ္ရွားမႈမွာ ပါဝင္ေနၾကတာ ျဖစ္ပါတယ္။”

DVB