ကိုယ်အလေးချိန်လျှော့ချနေသူများ ညအိပ်ခါနီးသောက်သင့်တဲ့ သောက်စရာ(၅) မျိုး

ကိုယ်အလေးချိန်လျှော့ချနေသူများ ညအိပ်ခါနီးသောက်သင့်တဲ့ သောက်စရာ(၅) မျိုး

ညဘက် အိပ်ရေးပျက်ခြင်းကလည်း ဝိတ်ပိုတက်စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ ဟော်မုန်းတွေက ဖောက်ပြန်ပြီး နောက်တစ်နေ့မှာ ဗိုက်ပိုဆာစေပါတယ်။ သွေးတွင်းသကြားဓာတ်တွေကိုလည်း မတည်မငြိမ် ဖြစ်စေပါတယ်။

ဒါကြောင့် ညဘက် ကောင်းကောင်းအိပ်ပျော်ဖို့လိုပါတယ်။ အဲလိုအိပ်ပျော်ဖို့ဆိုတာလည်း ညဘက်စားတဲ့အစားအစာတွေနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ သကြားနဲ့ ကဖိန်းဓာတ်က အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးသလိုမျိုး အိပ်စက်ခြင်းကို အထောက်အပူပြုပြီး အဆီတွေပါ လောင်ကျွမ်းစေနိုင်တဲ့ အစားအစာတွေ ရှိပါတယ်။

၁= နွားနို့

နွားနို့ပူ/အေး တစ်ခွက်က အိပ်စက်ခြင်းကို အများကြီး အထောက်အကူပြုပါတယ်။ ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်တဲ့အတွက်ကြောင့် နောက်တစ်နေ့မှာ အလကားနေရင်အစာစားချင်နေတဲ့စိတ်တွေ မရှိနိုင်တော့ပါဘူး။ ဒါ့အပြင် နွားနို့ပါတဲ့ ပရိုတိန်းဓာတ်က ကြွက်သားတွေကို သန်မာကြီးထွားစေပါတယ်။

၂= စပျစ်သီးဖျော်ရည်

စပျစ်သီးစစ်စစ်ကို ခွက်သေးသေးလေးတစ်ခွက်စာလောက်ပဲဖြစ်ဖြစ် ကျိတ်သောက်တာက ညဘက် ကောင်းမွန်စွာ အိပ်ပျော်စေပြီး ကိုယ်အလေးချိန်လည်း ကျစေပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။

စပျစ်သီးမှာပါတဲ့ Antioxidant ဓာတ်က ကယ်လိုရီတွေ သိုလှောင်တဲ့ အဖြူရောင်အဆီတွေကနေ ကယ်လိုရီတွေလောင်ကျွမ်းစေတဲ့ အညိုရောင်အဆီအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါဆို စပျစ်ဝိုင်ရော သောက်လို့ရလားဆိုတော့ မရပါဘူး။ Alcohol ပါလို့ပါ။

၃= Chamomile Tea

Chamomile Tea ပူပူလေးတစ်ခွက်က အကြောအချင်ပြေစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ဒါ့အြင် Chamomile က ခန္ဓာကိုယ်တွင်း ဂလူးကို့စ်ပါဝင်မှုနှုန်းကို ထိန်းချုပ်ပေးပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

၄= ရေ

သင်ဟာ ရေသောက်လေ့ရှိသူဆိုရင် သေချာပေါက် အချိုရည်တွေ သောက်တဲ့သူမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ရေများများသောက်လေ ဝိတ်ကျလေပါပဲ။ ရေသောက်ခြင်းက ကောင်းမွန်စွာ

အိပ်ပျော်ခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါ့အပြင် ရေများများသောက်တာက နေ့ခင်းဘက် အိပ်ငိုက်ခြင်းကိုလည်း လျော့ကျစေပါတယ်။ ညဘက်ပိုအိပ်ပျော်စေတာကြောင့် ဝိတ်လည်း ပိုကျနိုင်ပါတယ်။

၅= ဒိန်ချဉ်

ဒိန်ချဉ်ဆိုတာလည်း နွားနို့ကို အချဉ်ဖောက်ထားတာပဲဖြစ်တာကြောင့် နွားနို့လိုမျိုး အကျိုးအာနိသင်တွေ ရှိပါတယ်။ ဒိန်ချဉ်ဟာ အစာချေဖျက်မှုကိုကောင်းစေပြီး လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုလည်း စုတ်ယူပေးပါတယ်။

ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့နဲ့ လေ့ကျင့်ခန်းကောင်းကောင်းလုပ်နိုင်ဖို့ ဒိန်ချဉ်သောက်ပေးရမယ်လို့ သုတေသီတွေကဆိုထားပါတယ်။ ဒိန်ချဉ်က ဝိတ်ကျစေတယ်ဆိုတာတော့ အထူးပြောစရာလိုမယ် မထင်ပါဘူး။

Crd-Original Post