“မိုးကုတ်မြို့တွင် တောင်ကမ်းပါးယံ ပြိုကျမူကြောင့် လူ(၇)ဦး ပိတ်မိ၊၆ဦးကယ်ဆယ်နိုင်ခဲ့ကာ တစ်ဦးဆက်လက်ရှာဖွေနေ”

ယနေ့ မိုးကုတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့မရပ်ကွက်၊ မြို့မအပိုင်း(၄)တွင် တောင်ကမ်းပါးယံ ပြိုကျ၍ လူနေအိမ်ပေါ်သို့ ပိနေပြီး လူ(၇)ဦး ပိတ်မိနေတာကြောင့် လယ်ဦးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊

 


အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၀၆ ၄၅ အချိန်တွင် ကျား(၅)ဦးနှင့် မ(ကလေး)(၁)ဦးတို့အား (အသက်ရှင်လျက်) ကယ်ဆယ်နိုင်ခဲ့ပြီး မြတ်စေတနာလူမှုကူညီရေးအသင်းနှင့် မိုးကုတ်မြို့နယ်လူမှုကူညီရေးအသင်းတို့မှ

လူနာတင်ယာဉ်များဖြင့် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်(၁)ဦးအား ရှာဖွေကယ်ဆယ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။မိုးကုတ်မြို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများနဲ့ ရေကြီးမှုများ

ဖြစ်ပေါ်လျက်ရှိပြီးနေရာတော်တော်များများတွင်လည်း မြေပြိုမှုကြောင့် လမ်းများပိတ်နေတယ်လို့သိရပါတယ်

Crd-Original Post

(ZAWGYI)






Crd-Original Post