ပျောက်ဆုံးနေခဲ့သူက ကိုယ်မှန်းမသိဘဲ ရှာဖွေရေးအဖွဲ့နှင့်အတူ အချိန်အတန်ကြာသည်အထိ ဝင်ကူပြီးရှာပေးနေခဲ့တဲ့ အမျိုးသား

ပျောက်ဆုံးနေခဲ့သူက ကိုယ်မှန်းမသိဘဲ ရှာဖွေရေးအဖွဲ့နှင့်အတူ အချိန်အတန်ကြာသည်အထိ ဝင်ကူပြီးရှာပေးနေခဲ့တဲ့ အမျိုးသား

တူရကီနိုင်ငံတွင်ပျောက်ဆုံးနေခဲ့သူအမျိုးသားတစ်ဦး၏ဖြစ်ရပ်ဟာထူးဆန်းတဲ့လှည့်ကွက်တစ်ခုဖြစ်ခဲ့ပြီးအဆိုပါပျောက်ဆုံးနေသူဟာ

သူ့အားရှာဖွေလိုရှာဖွေနေမှန်းမသိဘဲဒေသာခံရှာဖွေရေးအဖွဲ့ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်တောင်ပါဝင်ခဲ့ပါသေးတယ်။

သတင်းဖော်ပြချက်များအရBayhan Mutluအမည်ရှိအသက်၅၀အရွယ်အဆိုပါအမျိုးသားဟာအရက်မူးပြီး

လမ်းဘေးတောအုပ်များထဲသို့ဝင်သွားပြီးနောက်သူတို့ထံပြန်မလာခဲ့ကြောင်းတိုင်ကြားခဲ့တဲ့သူငယ်ချင်းများကြောင့်

inegölမြို့အနီးရှိအာဏာပိုင်နေရာဖြစ်တဲ့ကျေးလက်တောတောင်ဒေသ၌ပျောက်ဆုံးသွားခဲ့တာပါ။

ထို့နောက်Bursaဒေသမှကျွမ်းကျင်ပညာရှင်များအပြင်ကူညီပေးလိုသောဒေသခံများပါဝင်တဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာချက်ချင်း

စုစည်းကာ၎င်းဒေသသို့သွားခဲ့ကြပါတယ်။

အစပိုင်းမှာတော့ရှာဖွေရေးကမအောင်မြင်ခဲ့သလို၎င်းတို့ဟာအတော်လေးရယ်စရာတစ်ခုခုဖြစ်လာမဲ့အချိန်အထိရှာဖွေရေး

အဖွဲ့ကသူ့အားနောက်ဆုံးတွေ့ခဲ့တဲ့နေရာကိုအာရုံစိုက်ရှာနေခဲ့ကြပေမဲ့ Mutlu ရဲ့သဲလွန်စကိုရှာမတွေ့ခဲ့ပါကြဘူး။

အချိန်အတန်ကြာရှာဖွေပြီးနောက်မှာရှာဖွေရေးအဖွဲ့ဝင်များက ထိုအမျိုးသားအားအော်ဟစ်ပြီး၎င်းတို့ရဲ့အသံကိုကြားပြီး

တုံ့ပြန်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ဖြင့်သူ့ရဲ့နာမည်ကိုကျယ်လောင်စွာအော်ဟစ်ခဲ့ကြပါတယ်။

ထိုအချိန်မှာရှာဖွေရေးအုပ်စုတွင်းမှလူတစ်ယောက်ကရှေ့သို့တက်လာပြီး “ ငါတို့ဘယ်သူကိုရှာနေတာလဲ ၊ငါဒီမှာရှိတယ်! ”

ဆိုပြီးကြောင်ကြောင်နဲ့ မေးမြန်းနေခဲ့ပါတယ်။

သိသိသာသာအရက်မူးနေခဲ့တဲ့ Mutlu ဟာ သူ့ကိုယ်သူအားရှာဖွေခဲ့တဲ့ပါတီသို့၀ င်ခဲ့ပြီး အဖွဲ့သားအားလုံးနှင့်

အတူရှိနေခဲ့သည်မှာသိသာထင်ရှားနေပါတယ်။ အချိန်ထိ အရက်မူးနေခဲ့တဲ့ Mutlu က သူ့အားရှာဖွေနေတဲ့အဖွဲ့ထဲကို

ဘယ်လိုတွေ့ပြီး ဘယ်လိုဝင် join ခဲ့လဲ သို့မဟုတ် သူငယ်ချင်းဖြစ်သူတွေက ဘာလို့ သူ့ကိုတောင်သတိမထားမိခဲ့ကြလဲဆိုတာ

ကိုတော့ ရှင်းလင်းစွာမသိခဲ့ရပါဘူး။

အဆုံးမှာတော့ Mutlu အား သူ့အိမ်နဲ့မိသားစုထံသို့ ဘေးကင်းစွာပြန်လည်ပို့ဆောင်ပေးခဲ့ပေမယ့် ဒီအဖြစ်အပျက်ဟာ

ဒေသအာဏာပိုင်တွေကိုင်တွယ်ခဲ့တဲ့အထူးဆန်းဆုံးပျောက်ဆုံးနေသူဖြစ်ပျက်တစ်ခုဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

ဘယ်လိုလူကြီးလဲဗျာ ။ ကိုယ့်ကိုရှာလို့ရှာနေမှန်းတောင်မသိရတဲ့အထိပါလားဗျာ။

Crd-Original Post